ဟောရှေအနာဂတ္တိကျမ်း ၉

() မိမိတို့ဆိုးညစ်မှုကြောင့် ဣသရေလများဖမ်းဆီး ကျွန်ပြုခံရမည်(:၁၀:၁၅)

          : ဣသရေလလူမျိုးတို့သည် ရွှင်လန်းဝမ်းမြောက်ခြင်းရှိကြမည်မဟုတ်။ ရုပ်တုဘုရားများက သူတို့မျော်လင့်ထားသလို ကြွယ်ဝချမ်းသာမှုကို မပေးနိုင်ကြပေ။ ရုပ်တုဆင်းတုများကိုးကွယ်ခြင်းမှာ ဝိညာဉ်ရေးရာ အကျင့်ဖောက်ပြားခြင်းပင် ဖြစ်သည်။ Francis Shaeffer က ဤသို့ရှင်းပြသည်။

ဘုရားသခင်၏ နှုတ်တော်ထွက်စကားတော်ကို သတိပြုကြည့်ပါ။ ထိုအမျိုးသမီးသည် ရိပ်သိမ်းချိန်ကောက်နယ်သလင်း၌ လွတ်လပ်လေဟန်ရှိသည်။ အခကြေးငွေယူပြီး ကောက်နယ်သလင်းပြင်၌ ယောက်ျားတကာနှင့် မွေ့ယာခင်းသည်။ ဘုရားသခင်၏လူများသည် ထိုလူစားမျိုး ဖြစ်သွားကြပြီ။ အသက်ရှင်သော ဘုရားသခင်၏ ဇနီးမယားသည် ဤနည်းအတိုင်းဖောက်ပြန်နေကြသည်။

          : သူတို့၏ဖောက်ပြန်မှုကြောင့် ဖမ်းဆီးကျွန်ပြုခြင်းခံကြရမည်။ အဲဂုတ္တုဆိုသည်မှာ တကယ့်အဲဂုတ္တုပြည်ကို ဆိုလိုသည် မဟုတ်။ အဲဂုတ္တုပြည်၌ ကျွန်ပြုခံခဲ့ခြင်းမျိုးကဲ့သို့ အာရှုရိတို့၏ ဖမ်းဆီးကျွန်ပြုခြင်းခံခဲ့ရသည်။ ရုပ်တုဆင်းတုနှင့် ယေဟောဝါဘုရားအား ရောနှော၍ ကိုးကွယ်ကြသည်။ ထိုကဲ့သို့သော ကိုးကွယ်ခြင်းမျိုးသည် သူတို့အတွက် အကျိုးအာနိသင်မဖြစ်စေသကဲ့သို့ ဘုရားသခင်စိတ်တော်နှင့် မထိတွေ့နိုင်ပါ။

          : မိမိတို့ပျော်မွေ့ရာ မွေးရပ်ဌာနတွင် ပွဲလမ်းသဘင်ကျင်းပခွင့် ရကြတော့မည်မဟုတ်။ ထို့ထက်ဆိုးသည့် ကျေးကျွန်ဘဝဖြစ်သည်။ ဧဖရိမ်၏တဲများကို တောဆူးခြုံဖုံးလွှမ်းလိမ့်မည်။ ယဇ်ပူဇော်မည့် သူများအစား တောနွယ်မြက်ရိုင်းပင်များ ပြိုင်းပြိုင်းထပေါက်ရောက်ကြမည်။ ပရောဖက် အတုအယောင်များနှင့်အတူ ပြည်နှင်ဒဏ်ခံရမည့် အချိန်နီးကပ်လာချေပြီ။

:၁၀၁၇ ဣသရေလတို့သည် ကတိတော်ပြုခဲ့သည့်အတိုင်း အဦးဆုံးသီးသော သင်္ဘောသဖန်းပင် အသီးများဖြစ်သည်။ သို့သော် ဖန်ဆင်းရှင်ဘုရားကို မေ့လျော့ပစ်၍ ရွံရှာဖွယ်ရုပ်တုဆင်းတု ကိုးကွယ်ကြသောအခါ သူတို့အား သားသမီးမရသော အမြှုံဖြစ်စေသည်။ အပိုဒ်ငယ်(၁၂) တွင်ပါသည့်ငါစွန့်ပစ်သောအခါ ဆိုသည့်စကားအရ တယောက်မကျန်သေကြေကြမည် မဟုတ်ကြောင်း နားလည်ရသည်(ငယ် ၁၇ နှင့်ယှဉ်ဖတ်ပါ)။ ယောက်ျားကလေးများ မွေးဖွားမှု နည်းလာမည်။ အကြောင်းမှာ သူတို့၏ ဆိုးညစ်ယုတ်ညံ့မှုကြောင့် ကောင်းချီးမင်္ဂလာ ရေစီးကြောင်း ပြောင်းလဲလာမည်။ “သားဖွားခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ ပဋိပန္ဓေယူခြင်းမရှိ” ဟုဗျာဒိတ်တော် ထုတ်ထားသည်။

Previous Article
Next Article