အာမုတ်အနာဂတ္တိကျမ်း ၁

၁။ လူမျိုးရှစ်ပါးအား တရားစီရင်မည့်အကြောင်း (အခန်း၁၊၂)

(က) နိဒါန်း (:)

အစပိုင်းအခန်းကြီး(၂)ခုတွင် လူမျိုးရှစ်ပါးအား တရားစီရင်မည့်အကြောင်းဖော်ပြထားသည်။

ထိုသို့အသီသီးအပြစ်အတွက် တရားစီရင်ခြင်းမှာ အပြစ်သုံးလေးကြိမ်မက ဖောက်ဖျက် ကျူးလွန်ခဲ့ကြောင်း ဖြစ်သည်။ ထိုအကြောင်းကို J. sidlow Baxter က ဟေဗြဲမူရင်းကို  ဤသို့ရှင်းပြထားသည်။

ဤနေရာ၌ သုံးလေးကြိမ်မကဟူသောစကားကို သင်္ချာကိန်းအရ ရေတွက်ရန်မဟုတ်ပါ။ စကားအင်္ကာအဖြစ်ဖော်ပြခြင်းဖြစ်သည်။ အဓါပ္ပါယ်မှာ အကြိမ်ပေါင်းများစွာ ဖောက်ဖျက်ကျူးလွန်ခဲ့သည်ဟု ဆိုလိုပါသည်။ သို့မဟုတ် သရော်ခြင်းဟုလည်း ကောက်ယူနိုင်သည်။ဘလုပ်ပေါင်းများပြီအတိုင်းထက် အလွန်ဟုဆိုလိုသည်။

() ဒမာသက် (:)

ရှုရိပြည်မြို့တော် ဒမာသက်မြို့၏ ဘေးအန္တရာယ်တွေ့ရသည်။ ရှုရီလူမျိုးများသည် ယော်ဒန်အရှေ့ဘက်ကမ်းရှိ ဂိလဒ်လူမျိုးအားရက်စက်စွာ တိုက်ခိုက်သတ်ဖြတ်ကြသည်။ စပါးနယ်သော သံယန္တရားစက်ဖြင့်လူများကို ကြိတ်နယ်ခဲ့ကြသည်။ ထို့ကြောင့်ရှုရိပြည် သားများသည် ကိရမြို့သို့ ကျေးကျွန်အဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံကြရမည်။

() ဂါဇ(:)

အပြစ်စီရင်ခြင်းခံရမည့် ဒုတိယလူမျိုးမှာ ဖိလိတ္တိလူမျိုးတို့၏ ဂါဇမြို့ဖြစ်သည်။ ဖိလိတ္တိတို့သည် ဣသရေလလူမျိုးများကို ဖမ်းဆီး၍ ဧဒုံတို့ထံသို့ ကျွန်အဖြစ်ရောင်းစားခဲ့ကြသည်။ အာဇုတ်၊ အာရှကေလုံနှင့် ဧကြုန် အစရှိသော ဖိလိတ္တိမြို့ကြီ:များသည်လည်း အပြစ်စီရင်ခြင်းခံရကြမည်။ ကျန်ကြွင်းသော ဖိလိတ္တိလူမျိုးများလည်း တဖြည်းဖြည်းလုံးပါးပါး၍ ပျက်သုဉ်း ပျောက်ကွယ်သွားကြမည်။

() တုရု (:၁၀)

အလှည့်ကျသော တတိယလူမျိုးများမှာ တုရုတို့ဖြစ်သည်။ သူတို့သည်နှစ်ပြည့်တစ်ပြည် မဟာမိတ်စာချုပ်ကို ဖောက်ဖျက်လျက် ဣသရေလလူမျိုးတို့ကို တိုက်ခိုက်ဖမ်းဆီးပြီ: ဧဒုံသို့ကျွန်အဖြစ်ခေါ်ဆောင်သွားကြသောကြောင့် တုရုမြို့များမီးလောင် ပြာကျစေမည်။

() ဧဒုံ (:၁၁၁၂)

တရားစီရင်ခြင်းခံရမည့် စတုတ္တလူမျိုးမှာ ဧဒုံလူမျိုးဖြစ်သည်။ သူတို့သည် တအူတုံ့ဆင်း ညီအစ်ကို၏ သမိုင်းစဉ်ဆက်ရန်သူဖြစ်၏။ (ဧသောသည် ယာကုပ်၏ ညီအစ်ကိုဖြစ်သည်)။ မေတ္တာကရုဏာတရားခေါင်းပါး၍ အမုန်းတရားသာရှိကြသောကြောင့် တေမန်နှင့် ဗောဇရမြို့များအား ပြစ်ဒဏ်ခတ်မည်။

() အမ္မုန် (:၁၃၁၅)

ပဉ္စမမှာ အမ္မုန်တို့အလှည့်ဖြစ်သည်။ အမ္မုန်လူတို့ ဂိလတ်ပြည်ကိုတိုက်ခိုက်စဉ် လူမဆန်ရက်စက်ကြမ်းကြုတ်စွာ ကိုယ်ဝန်သည်များ၏ ဗိုက်ကို ခွဲထုတ်ပစ်ခဲ့ကြသည်။ ထို့ကြောင့် ပြင်းထန်သာစစ်ပွဲကြီ:ဖြစ်ဖြင့် ဆင်နွှဲစေပြီး၊ ရှင်ဘုရင်နှင့် မင်းညီမင်းသားများမှစ၍ အားလုံးသုံ့ကျွန်အဖြစ် ဖမ်းဆီးသွားခြင်း ခံစေမည်။ သူတို့၏ရဗ္ဗာမြို့ကိုလည်း မီးသင့်ပြကျစေမည်။

Previous Article
Next Article