အာမုတ်အနာဂတ္တိကျမ်း ၃

၂။ ဣသရေလတို့အပြစ်နှင့် တရားစီရင်ခြင်း (အခန်း )

(က) နာခံရန်ပထမအကြိမ်ဆင့်ခေါ်ခြင်း (အခန်း၃)

          :  ဣသရေလအမျိုးသားများ ကြောက်မက်ဖွယ်ရာတရားစီရင်ခြင်း ခံရမည့်အကြောင်း သတိပေးထားသည်။ ဣသရေလလူမျိုးသည် ယေဟောဝါ ဘုရားနှင့် အနီးဆုံးလူမျိုးတော် ဖြစ်သော်လည်း သူတို့အပြစ်ဒုစရိုက်များသည် ထိုနီးစပ်ခြင်းထက် ပိုများနေသည်။ ထို့ထက်ခံစားရမည့်ပြစ်ဒဏ်က ပိုများသည်။ အပြစ်ရှိသမျှကို စစ်ကြော၍ တရားစီရင်မည်။

          : ထိုတရားစီရင်ခြင်းသည် သက်သက်မဲ့မဟုတ်။ အကြောင်းတရားရှိ၍ အကျိုးတရားလိုက်လာသည်။ အာမုတ်က အကြောင်း(၇)ချက် ရှင်းပြထားသည်။ အမြင့်ဆုံးအပြစ်ဒဏ်ဖြင့် အရေးယူမည်။ ထိုသို့အရေးယူခြင်းသည်လည်း ကောက်ကာ ငင်ကာထလုပ်သည်မဟုတ်။ စောစွာကပင် ပရောဖက်များဖြင့် ကြိုတင်သတိပေး ထားသည်ဖြစ်သည်။

:၁၂ ဣသရေလတို့၏ သူတပါးအပေါ်ဖိစီးနှိပ်စက်မှု၊ ရှမာရိပြည်တွင် လုယက်သိမ်းပိုက်မှုစသော အပြစ်ဒုစရိုက်များကို အာဇုတ်(ဖိလိတ္တိ)နှင့် အဲဂုတ္တုပြည်သားများက သက်သေပြပါလိမ့်မည်။ ဤအပြစ်ဒုစရိုက်များကြောင့် အာရှုရိသားများက ဣသရေလမြေအား ကျူးကျော်သိမ်းပိုက်ကြမည်။ ကြွင်းကျန်သော လူနည်းစုသည် လည်းခွေးပြေးထွက်ပြေး ထွက်ပြေးကြရလိမ့်မည်။

          :၁၃၁၅ ဣသရေလအမျိုးတို့ အပြစ်စစ်ကြော သောနေ့၌ ဗေသလယဇ်ပလ္လင်ကို စစ်ကြောလျက် ယဇ်ပလ္လင်ဦးချိုတို့ကို မြေသို့ချပစ်မည်။ နွားရုပ်ဦးချိုသည် အာရှုရိပြည် (ယော၁၀၊၅၊၆)  ကိုဆိုလိုပေသည်။ စံနန်းတော်နှင့် ဘုံဗိမာန်တို့သမိုင်းသည်လည်း ချုပ်ငြိမ်း ဆုံးခန်းတိုင်သွားမည်။

Previous Article
Next Article