ဧသတာဝတ္ထု ၄

() မော်ဒကဲက မိဖုရားကြီးအားတွေ့ဆုံခြင်း (အခန်း )

 : ယုဒလူများသည် တိုင်းပြည်ပြင်ပ၌ ပျံ့နှံ့ကြသည်။ အုပ်စိုးမှုစနစ် မကောင်းသောတိုင်းပြည်တွင် လူဖြစ်ရခြင်းသည် ဝမ်းနည်းကြေကွဲဖွယ်ရာဖြစ်သည်။ လူဖြစ်ရှုံးကြသည်။ မော်ဒကဲသည် စုတ်ပြဲရွတ်တွသော အဝတ်အစားအစုတ်ကို ဝတ်ဆင်လျက် ဘုရင့်တံခါးဝတွင် စောင့်နေသည်။ အဘယ်ကြောင့်ဆိုသော် ဟာမန်၏ ပစ်မှတ်သည်သူဖြစ်ကြောင်း သိရှိသည်။ သူ့အတွက်ကြောင့် ယုဒတမျိုးသားလုံး ဆင်းရဲဒုက္ခရောက်ကုန်ပြီ။ သေကြေပျက်စီးကြရတော့မည်။

 : ဧသတာသည် နန်းတွင်းထုံးစံရှိသည့်အတိုင်း အဝတ်စုတ် ဝတ်ဆင်သူအား မေးမြန်းစုံစမ်းသည်။ နန်းတော်ထဲသို့ အဝတ်စုတ်ဖြင့်ဝင်ခွင့်မရှိ။ အသတ်ခံရသည်။ သို့ကြောင့် မော်ဒကဲအား အဝတ်အစားလဲခိုင်းသည်။ မော်ဒကဲက လက်မခံ။ ဧသတာ၏ ကိုယ်စောင့်တော်ဟာတက်က သွားရောက်မေးမြန်းသောအခါ ယုဒလူမျိုး၏ အန္တရာယ်စိုးဖြစ်ကြောင်း ကုန်စင်ကို မော်ဒကဲက ပြောပြလိုက်သည်။ ဟာမန်ထုတ်ပြန်သော အမိန့်စာ မိတ္တူကိုလည်း ဧသတာထံသို့ ပေးခိုင်းလိုက်သည်။

 :၁၀၁၂ ဘုရင်က မဖိတ်ခေါ်ဘဲနှင့် ဘုရင့်ထံတော်သို့ ခစားခွင့်မရှိကြောင်းနှင့် အကယ်၍ အရဲစွန့်ခစားပြီး ဘုရင့်စိတ်တော်နှင့် မတွေ့လျှင် သံလျက်တော်အောက်တွင် အသက်ပျောက်နိုင်ကြောင်း ဧသတာကပြန်ကြားလိုက်သည်။ ဘုရင်ကသူ့အား မခေါ်သည်မှာ ရက်ပေါင်း(၃၀)ရှိနေပြီ။ သဘောတော်ကျပုံ မရသောကြောင့် ဘုရင်မင်းအား ခစားရန် အန္တရာယ်ကြီးမားသည်။

:၁၃၁၄ မော်ဒကဲမှ ဧသတာသို့ ထပ်မံပြန်ကြားချက်ကို လိုရင်းတိုရှင်း ဖော်ပြပါမည်။ အကယ်၍ ဟာမန်က ယုဒလူများအား ဆက်လက်သတ်ဖြတ်လျှင် ဧသတာလည်း လွတ်မည်မဟုတ်။ ဧသတာက ဤကိစ္စဆောင်ရွက်ရန် ငြင်းပယ်လျှင် ထိုထက်ဆိုးဝါးသော ကံကြမ္မာဆိုးရောက်ရှိမည်။ ဧသတာမိဖုရားဖြစ်ခြင်းသည် သူ့လူများအား ကယ်တင်ရန် ဘုရားပေးသောအခွင့်အရေးဖြစ်သည်။ အပိုဒ်ငယ် ၁၄သည် ယနေ့ ယုံကြည်သူများကိုလည်း ဖိတ်ခေါ်ခြင်းဖြစ်သည်ကို သတိပြုပါ။

ယခုခေတ်ကာလ၌ သင်သည် တိတ်ဆိတ်စွာနေလျှင် သင်နှင့်သင်၏ အဆွေအမျိုးသည် ပျက်စီးဘို့ရောက်လိမ့်မည်။ ယုံကြည်သူတိုင်းသည်လည်း ဧသတာ၏နေရာတွင် ဝင်ရောက်နေရာယူကြည့်ပါ။ ဘုရားသခင်၏ အကြံအစည်တော်ကို လုပ်ဆောင်ကြည့်ကြပါ။

 :၁၅၁၇ ဧသတာသည် စိတ်ဒုန်းဒုန်းချ စိတ်ပိုင်းဖြတ်၍ ()ရက်တိတိ ယုဒတမျိုးသားလုံး အစာရှောင် ဆုတောင်းခိုင်းသည်။ ထို့နောက်အရဲစွန့်လျက် ရှင်ဘုရင်ရှေ့တော်သို့ ခစားသည်။

ဧသတာ၏ လူမျိုးအပေါ် စိတ်သဘောထား ငါသေလျှင် သေပါစေ ဟူသောစကားကို Matthew Poole က ဤသို့ချီးမွမ်းသည်။

အသက် အန္တရာယ် မည်မျှပင် ကြီးပါစေ၊ နန်းတွင်းစည်းကမ်း မည်မျှတင်းကြပ်ပါစေ၊ မိဖုရားဝါရှတိက လမ်းပြခဲ့ပါစေ၊ ဘုရင်အမျက်တော် ရှချင်ရှပါစေ၊ ငါ့လူမျိုးအတွက် ဘုရားသခင်ကို အားကိုး၍ ဘုရင်မင်းထံ ခစားဝင်မည်။ ဘုရားသခင်ကို အားကိုး၍  ဘုရင်မင်းထံ ခစားဝင်မည်။ ဘုရားလက်ထဲ၌ အသက်ကိုနှင်း၍ ယုံကြည်ခြင်းဖြင့် ဝင်ရောက်မည်။

ယုံကြည်သူ ခရစ်ယာန်များ ဆင်းရဲဒုက္ခ ကြုံတွေ့ခြင်းသည် ကံဆိုးမိုးမှောင်ကြခြင်း၊ ကံခေခြင်းမဟုတ်ပါ။ အကောင်းမြင် ရှုထောင့်ဖြင့်ကြည့်ပါ။ သင့်ကြိုးစားမှု၊ ယုံကြည်မှုအပေါ် ဘုရားသခင်က ဆုလက်ဆောင်ချီးမြှင့် လိုခြင်းဖြစ်သည်။ သစ္စာမပျက်၊ မဖောက်ပြန်ဘဲ၊ ကြံကြံခံအားတင်းထားပါ။ အချိန်တင်လျှင် အဖြေမှန်ရောက်လာပါမည်။ ယုံကြည်ခြင်းအားဖြင့် ရှေ့သို့ချီတက်ပါ။ “ငါတို့သည် သနားခြင်း ကရုဏာကို၎င်း၊ တော်လျော်သော မစခြင်းကျေးဇူးတော်ကို၎င်း၊ ခံရမည့်အကြောင်း၊ ရဲရင့်သောစိတ်နှင့် ကျေးဇူးတော်ပလ္လင်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့” (ဟေဗြဲ ၄:၁၆)

Previous Article
Next Article