ဇာခရိအနာဂတ္တိကျမ်း ၁၂
၆။ ဒုတိယဗျာဒိတ်၊ မေရှိယ ဒုတိယအကြိမ်ကြွလာခြင်း (အခန်း ၁၂–၁၄)
(က) တိုင်းနိုင်ငံသားများအဖို့ ယေရုရှလင်သည် ပြဿနာအရင်းအမြစ် (၁၂:၁–၃)
တနေ့သောအခါ တပါးအမျိုးသားများသည် ယေရုရှလင်မြို့ကို တိုက်ခိုက်သိမ်းပိုက်ရန် လေးဘက်လေး တန်မှ ချီတက်လာကြမည်ဟု ထပ်မံသတိပေးသည်။ ယေရုရှလင်မြို့ကို ရန်ပြုသူများသည် မိမိဒုက္ခ မိမိရှာဖွေခြင်း သာ ဖြစ်လိမ့်မည်။ လေးလံသောကျောက်တုံးကြီးကို မနိုင်မနင်းမသကဲ့သို့ မိမိခြေပေါ် ကျောက်တုံး ပြန်ပြုတ်ကျ သွားမည်။
(ခ) ယုဒများက ဘုရားရှင်အား သိကျွမ်းလာကြမည် (၁၂:၄)
ထိုနေ့ရက်တွင် ကျူးကျော်စစ်ပြုတိုက်ခိုက်လာသူများအား ဘုရားရှင်စီရင်မည်။ မြင်းများကို လန့်ဖြတ်တွေဝေစေ၍ မြင်းစီးသူရဲကောင်းများကို ရူးသွပ်စေမည်။
(ဂ) ယုဒများက ဘုရားရှင်အား သိကျွမ်းလာကြမည် (၁၂:၅)
ယေရုရှလင်ပြင်ပရှိ ယုဒအုပ်စိုးသူမင်းများက ယေရုရှလင်သားတို့၏ ဘုရားသခင်သည် အမှန်တကယ် ခွန်အားကြီးပါပေသည်ဟု ကြိတ်၍ ချီးမွမ်းကြမည်။
(ဃ) ယုဒလူမျိုးဆန့်ကျင်သော ရန်သူများအား ဖျက်စီးမည့်အကြောင်းနှင့် ပထမဆုံးအောင်ပွဲခံကြရမည့် အကြောင်း (၁၂:၆–၉)
ထိုနေ့ရက်ကာလတွင် ယုဒအုပ်စိုးသူမင်းများကို တောက်လောင်နေသော ထင်းစဖြစ်စေမည်။ ပတ်ပတ် လည်ရှိသမျှကို မီးစွဲလောင်ကျွမ်းစေမည်။ သို့သော် ဘုရားရှင်သည် ဦးစွာယုဒတဲတို့ကို ကယ်တင်လိမ့်မည်။ သို့အားဖြင့် ယေရုရှလင်သားများသည် ဝါကြွားစရာမရှိကြ။ ယေရုရှလင်သားများကိုလည်း ကွယ်ကာလျက် ခွန်အားကြီးမားစေမည်။ ထိုနောက်ကျူးကျော်သူ တပါးအမျိုးသားများကို ချေမှုန်းသုတ်သင်မည်။
(င) မေရှိယသခင်အား ငြင်းပယ်မိသည့်အတွက် တိုင်းနိုင်ငံများ သံဝေဂရကြမည် (၁၂:၁၀–၁၄)
သူတို့ငြင်းပယ်ခဲ့သောသူသည် မေရှိယသခင်ဖြစ်ကြောင်း သိမြင်လာကြသောအခါ တိုင်းနိုင်ငံသားများ သည် ခြုံးပွဲချငိုကြွေးကြမည်။ သူတို့သည် မိမိတို့ထိုးဖောက်ခဲ့သော ငါ့ကို(on me )ရှုမြင်ရကြလိမ့်မည်။ တစ်ယောက်တည်းသော သားအတွက် အဘသည် ငိုကြွေးမြည်တမ်းသကဲ့သို့ ထိုသူအတွက် ငိုကြွေးမည်တမ်း ကြမည်။ သားဦးအတွက်အဘသည် နာကျင်သကဲ့သို့ နာကျင်ရကြမည် (ငယ်၁၀)။ ငါ့ကို (on me)ဟူသော စကားလုံးကို မှတ်သားပါ။ သူတို့ ထိုးဖောက်ခဲ့သူမှာ ယေရှုခရစ်(ဝါ)ယေဟောဝါဘုရားဖြစ်သည်။ တစ်ဦးတည်း သားအတွက် ငိုကြွေးမြည်တမ်းခြင်းဆိုသည်မှာ ဣသရေလတို့အတွက် စိတ်နှလုံးကြွေပြုန်းမတက် အနာကျင်ဆုံး အထိခိုက်ဆုံး ဝမ်းနည်းမှုဖြစ်သည်။ မေဂိဒ္ဒေါချိုင့်ဝှမ်း ဟာဒဒြိမ္မုန်မြို့ မှာ ငိုကြွေးခြင်း(ငယ်၁၁)မျိုးကို ၆ရာ၊ ၃၅:၂၀-၂၄တွင်လည်း ကြည့်ပါ။ ငိုကြွေးသူများထဲတွင် မင်းမိသားစုတသီး တခြား၊ (နာသန်)ပရောဖက်များ တသီးတခြား၊ (လေဝိ) ယဇ်ပုရောဟိတ်များ တသီးတခြား၊ (ရှိမိ)ရဗ္ဗိဆရာ များက တသီးတခြားနှင့် ပြည်သူပြည်သားများ အသီးသီးတသီးတခြားစီ ပါဝင်သည်။ ရှိမိဆိုသည်မှာ ရှိမောင်၁၄ဖြစ်သည်ဟု ယူဆ ကြသည်။ ရှိမောင်သည် သူ့ညီလေဝိနှင့်အတူ ရှေခင်လူများကို သတ်ဖြတ်ခဲ့သူ (က၊ ၃၅:၂၅)ဖြစ် သည်။ (ငယ်၊၁၂-၁၄)ထိတွင် “တခြား(စီ)”ဆိုသော စကားလုံးကို အဖန်တလဲလဲအသုံးပြုထားသည်ကို သတိပြုပါ။ စစ်မှန်သော “အပြစ်ဝန်ချခြင်း” (confession)တွင် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် တဦးတည်း(တသီးတခြား) အချိန်ပေးရန် လိုအပ်ကြောင်းသိစေသည်။