ဇာခရိအနာဂတ္တိကျမ်း ၁၀

() မိုးရွာသွန်းရန် ဘုရားရှင်ထံဆုတောင်းကြခြင်း (၁၀:)

မိုးမှန်မှန်ရွာသွန်းစေဖို့ တန်ဖိုးမရှိသော ရုပ်တုဆင်းတုများထံအမှီမပြုဘဲ ထာဝရဘုရားရှင်ထံ၌သာ ဆုတောင်းကြရန်၊ ဣသရေလလူ ပရိသတ်တို့အား တိုက်တွန်းနှိုးဆော်သည်။ ရုပ်တုဆင်းတုအားကိုးလျက် ရေလိုက်လွဲနေလျှင် သိုးသိန်းမရှိသော သိုးစုကဲ့သို့ မျက်စိလည် လမ်းမှားရောက်ကြလိမ့်မည်။

() ယုဒခေါင်းဆောင်များကို အပြစ်ပေးခြင်း မေရှိယရှင်ပြန်ထမြောက်ခြင်းနှင့် လူသားများကို လောက အောင်မြင်ခွင့်ပေးခြင်း (၁၀:)

          ၁၀: ဘုရားသခင်၏အမျက်တော်သည် သိုးထိန်းတို့အပေါ် ကျရောက်ခဲ့သဖြင့် ဘုရားလူများပြန့်ကြဲ ကွဲလွင့်ခဲ့ရသည်။ ဘုရားရှင်သည် မိမိသိုးစုထံ နောက်တဖန်အကြည့်အရှုကြွလာ၍ သူတို့အား စစ်မြင်းကဲ့သို့ ခွန်အားပြည့်စုံစေမည်။

၁၀: အငယ်(၄)ကို ကျမ်းစာသုတေသီအများစုက မေရှိယကတိတော်အဖြစ် အနက်ဖွင့်ဆိုကြသည်။ ယုဒမျိုးနွယ်ထဲမှ တိုက်ထောင့်အမြစ်ကျောက်၊ တံစို့၊ စစ်လေး၊ မင်းဖြစ်မည့်သူများ ပေါ်ထွက်လာမည်။ အချို့ကမူ ဣသရေလလူမျိုးတို့ ပြန်လည်စုစည်းမိကြမည့် အတိတ်စိမ်းအဖြစ် မှတ်ယူသည်။ Feinbergက”မေရှိယသခင်ပေါ် ထွန်း၍ ဖိနှိပ်သူများကို ဤမြေပေါ်မှ ပယ်ရှားလိမ့်မည်ဟု ဆိုသည်၁၁ (KJVကိုကြည့်)။။ မည်သို့ပင်ဖြစ်စေ၊ ယုဒတို့က သူတို့ရန်သူများအပေါ်အောင်ပွဲဆင်မည်သာဖြစ်သည်။

() ဣသရေလနှင့် ယုဒလူများ ပြန်လည်သင့်မြတ် ပေါင်းစည်းမိမည် (၁၀:၁၂)

          အပိုဒ်ငယ် ၆-၁၂တွင် ကမ္ဘာအနှံ့ပြန့်ကြဲနေသော ဣသရေလ(ယောသပ်)နှင့် ယုဒလူတို့ ပြန်လည် ပေါင်းစည်းမိကြမည်။ ဣသရေလ (ဧဖရိမ်)သည် စစ်မက်ဗိုလ်ပါအင်အားတောင့်တင်းမည်။

သခင်ဘုရား တံပိုးမှုတ်သောအခါ ဂိလက်၊ လေဗနုန်၊ အဲဂုတ္တုနှင့် ဆီးရီးယား အပြည်ပြည်အရပ်ရပ်၌ ကွဲလွှင့်ပျံ့နှံ့နေသော ယုဒလူများ ပြန်လည်စုဝေးလာကြမည်။ ယုဒလူမျိုးအား ကျွန်ပြုသူများကိုလည်း ဘုရားရှင်က ပြစ်ဒဏ်ပေး အရေးယူလိမ့်မည်။ ယုဒနှင့်ဣသရေလအမျိုးတို့သည် နာမတော်မြတ်၌ ဘုန်းကျက် သရေတင့်တယ်မည်။ ပင်လယ်အလယ်၌ လျှောက်သွားခြင်းဆိုသည်မှာ လူမျိုးတော်လွှတ်မြောက်ရန် ပင်လယ်နီ ဖြတ်သန်းခြင်းကို ဆိုလိုသည်။

Previous Article
Next Article