မိက္ခာအနာဂတ္တိကျမ်း ၃
၄။ မင်း၊ ပရောဖက်အတုနှင့်ယဇ်ပုရောဟိတ်များကို ရှုတ်ချခြင်း(အခန်း၃)
၃:၁–၄ မတရားစီရင်ခြင်း၊ ဒုစရိုက်ကို နှစ်သက်ခြင်း၊ လောဘရမက်ကြီ:ခြင်းတို့ကြောင့် ဣသရေလအမျိုးသူကြီးများကို ရှုတ်ချသည်။ မရှိဆင်းရဲသားများကို မညှာမတာ အနိုင်ပြုကျင့်ကြပြီ။ သုစရိုက်ကိုမုန်းတီး၍ ဒုစရိုက်ကို ဖက်တွယ်ကြပြီ။ သိုးထိန်းကောင်းဖြစ်ရမည့်အစား တရားသူကြီ:မင်းများသည် ဝံပုလွေကဲ့သို့ ပြုကျင့်ကြမည်။ သိုးများကို ရိုက်သတ်၍ ဟင်းအိုးထဲထည့်ချက်ပြုတ်ကာ မြိန်ရေရှက်ရေခံစားသုံးကြသည်။ ဒါဝိဒ်နှင့်မတူ၊ ဆန့်ကျင်ဖက်ဖြစ်သည်(၁ရာ၊၁၇:၁၅။ ၂ရာ၊၅:၂။၇:၇)။ ဆင်းရဲဒုက္ခရောက်သောကာလ၌ သူတို့အော်ဟစ်ဆုတောင်းသံကို ဘုရားသခင်နားညောင်းမည်မဟုတ်။
၃:၅–၇ ပရောဖက်အတုအယောင်များကလည်း သူတို့အားပေးလှူသူများကို ငြိမ်သက်ချမ်းသာ ရမည်ဟု ဟောကြားသည်။ မပေးလှူနိုင်သူများကိုမူ ဒုက္ခဆင်းရဲနှင့် ခြောက်လှန်သည်။ သူတို့တရားသည် အလိုတော်မဟုတ်ပေ။ ထို့ကြောင့်သူတို့ဆုတောင်းသံများကို ဘုရားရှင်ကအဖြေပေးမည်မဟုတ်။
၃:၈–၁၂ ထိုပရောဖက်များနှင့်ဆန့်ကျင်လျက် ပရောဖက်မိက္ခာက ဝိညာဉ်တော်ဖွင့်ပြချက်ဖြင့် ဣသရေလနှင့်ယုဒ (ယာကုပ်) အမျိုးသို့ နှုတ်ကပတ်တော်ဟောပြောသည်။ တံစိုးမျှော်မင်းကြီးသူများ၊ အခကြေးစားယဇ်ပုရောဟိတ်များနှင့် လာဘ်ငွေမက်သော ပရောဖက်များသည် ဘေးရန်လုံခြုံမည်ဟု ထင်မှတ်သော်လည်း ယေရုရှလင်မြို့သည် မြေပုံဖြစ်လိမ့်မ်ဟု ပရောဖက်မိက္ခာကျေညာသည်။