ယေရမိအနာဂတ္တိကျမ်း ၄၂

() အဲဂုတ္တုပြည်သို့ မထွက်ခွာရန် ဘုရားသခင်တားမြစ်ခြင်း(အခန်း၄၂)

၄၂: စိုးရိမ်ကြောက်လန့် အသဲငယ်နေသော ယောဟနန်နှင့်အဖွဲ့သည် ယေရမိထံ ရောက်လာကြသည်။ ဘုရားသခင်က မည်ကဲ့သို့ ညွှန်ကြားချက် ပေးကြောင်း မေးမြန်းကြသည်။ ယေရမိက ကတိတော်နာခံဖို့သာ ပြောကြောင်း အခြားသီးသန့် ညွှန်ကြားချက် မရှိဟုပြောပြသည်။

၄၂:၂၂  နောက်(၁၀)ရက် ကြာသောအခါ အဖြေစကားရသည်။ အဲဂုတ္တုပြည်သို့ မသွားရ။ လက်ရှိ နေရပ်ဒေသတွင် ဆက်နေရမည်။ အကယ်၍ နှုတ်ကပတ်တော်အတိုင်း ဆက်နေကြလျှင် ဘုရားသခင်က ကြွယ်ဝချမ်းသာစေမည်။ သို့သော် စကားနားမထောင်ဘဲ အဲဂုတ္တုပြည်သို့ ထွက်ခွာကြလျှင် ယုဒပြည်၌ စိုးရိမ်ကြောက်လန့်ကျီးလန့်စာ စားကြသကဲ့သို့  အဲဂုတ္တုပြည်တွင်လည်း ပူပန်သောက ရောက်ကြမည်။ သို့သော်လည်း လူများသည် အဲဂုတ္တုပြည်သို့ ထွက်ပြေးဖို့သာ စိတ်အားသန်ကြသည်။ ထို့ကြောင့် ယေရမိက အဲဂုတ္တုပြည်တွင် ဘေးအန္တရာယ် ကပ်ဆိုးသင့်ကြဦးမည် ဟု ဘွင်းဘွင်း ရှင်းရှင်း ပြောလိုက်သည်။

ယနေ့ခေတ်ကာလတွင်လည်း ယုံကြည်သူများသည် ဘုရားသခင်ထံမှ လမ်းညွှန်ချက် တောင်းခံကြသည်။ မိဘများနှင့် တိုင်ပင်ကြသည်။ ဥပုသ်စာဖြေဆရာ၊ သင်းအုပ်သင်းထောက်များနှင့် လူကြီးများထံ အကြံဉာဏ် ရယူကြသည်။ သို့သော်လည်း အကြံဉာဏ်ပေးသည့်အတိုင်း မလုပ်ကြ။ လုပ်ချင်ရာ လုပ်ကြသည်။ လူမြင်ကောင်း၊ လူကြားကောင်းအောင် အကြံဉာဏ်တောင်းခံခြင်းသာ ဖြစ်သည်။ လုပ်ချင်သည့်ကိစ္စ ဆုံးဖြတ်ပြီးသား ဖြစ်မည်။

Previous Article
Next Article