ယေရမိအနာဂတ္တိကျမ်း ၄၀

() ယေရုရှလင်ပျက်သုဉ်းပြီးနောက်ပိုင်းယုဒပြည် (အခန်း၄၀၄၂)

()အုပ်စိုးသူဂေဒလိမင်းထံယေရမိခံစားခြင်း (အခန်း၄၀)

၄၀: နေဗုခပ်နေဇာမင်းကြီး၏ ကိုယ်ရံတော် တပ်မှူး နေဗုဇာရာတန်က ယေရမိအား ရာမမြို့သို့ ခေါ်ဆောင်သွားသည်။  ယေရမိအားလွှတ်လိုက်ခါနီးတွင် ဗာဗုလုန်တွင် ပြန်သွားချင်သလား၊ ဂေဒလအရပ်ဒေသတွင် နေချင်သလား ဟု ရွေးချယ်ခိုင်းသည်။  ကိုယ်ရံ တော်တပ်မှူးက ယေရမိအား လမ်းစရိတ်ရိက္ခာနှင့် ဆုလက်ဆောင်များပေး လိုက်သည်။  ကိုယ်ရံတော်တပ်မှူး၏စကား”သင့်ဘုရားသခင်” ဟူသော ဝေါဟာရကို သတိပြုပါ။

ယုဒဘာသာစကား ကျွမ်းကျင်ပုံကို တွေ့ရသည်။  သို့မဟုတ် ဝိညာဉ်တော်က ဖွင့်ပြခြင်းလည်း ဖြစ်နိုင်သည်။

၄၀:၁၀ ဗာဗုလုန်သို့ မခေါ်ဆောင်သွားသောသူများသည် ဂေဒလိလက်အောက်၌ နေရမည်ဟု ဗာဗုလုန်ရှင်ဘုရင်က အမိန့်တော်ချ မှတ်သောအခါထိုစစ်မြေပြင်ရှိ စစ်သူရဲကောင်းများသည် မိဇပါမြို့သို့ ရောက်လာကြသည်။  ကျီးလန့်စာစား ရပ်ရွာသားများအား စိုးရိမ်ပူပန်ခြင်း မရှိကြဖို့၊ ယုဒပြည်သည် ဗာဗုလုန်နိုင်ငံ၏ လက်အောက်ခံ ဖြစ်ကြောင်း နှစ်သိမ့်ကြသည်။ ခါလဒဲစစ်သားများ၏ အုပ်စိုးမှုကို ဝန်ခံကြရန်နှင့် ပုံမှန်အတိုင်း လုပ်ကိုင်စားသောက်ကြဖို့ တိုက်တွန်း အားပေးကြသည်။  ငါမူက ခါလဒဲတို့ စကားကို နားထောင်မည် ဟုဆိုသည်။

၄၀:၁၁၁၆ မောဘ၊ အမ္မုန်၊ ဧဒုံနှင့်အနယ်နယ်အရပ်ရပ်မှ စစ်ဘေးဒုက္ခသည်များနှင့် ခြေသလုံးအိမ်တိုင် ပျံကျများသည်လည်း ဂေဒလသို့ လာရောက်စုရုံးကြသည်။ ဂေဒလမင်းအား လုပ်ကြံရန် ကြံစည်နေကြကြောင်း၊ ယောရာသား ယောဟနန်က လာရောက်သတင်းပေးရာ ဂေဒလကမယုံ။    ထိုသူမှာနာသနိသား ဣရှမေလဖြစ်၍ တိတ်တဆိတ် သတ်ဖြတ်ခွင့်ပြု၍  တောင်းဆိုသည်။ သို့သော်လည်း ဂေဒလမင်းက ယောဟနန်အား   ဣရှမေလကို သတ်ခွင့်မပြု။

Previous Article
Next Article