ယေရမိအနာဂတ္တိကျမ်း ၃၅

() ရေခပ်သားများ နာခံခြင်း ဆုလက်ဆောင်(အခန်း၃၅)

၃၅:၁၁ ယေရမိသည် ဘုရားသခင်၏ စကားတော်ကို နာခံလျက်ရေခပ်သားများကို အလည်အပတ် ဖိတ်ခေါ်သည်။ ဘုရားသခင်၏ အိမ်တော်သို့ ဖိတ်ခေါ်၍ စပျစ်ဝိုင်ဖြင့် ဧည့်ခံသည်။ သို့သော် ရေခပ်သားများက မသောက်။ အဘယ်ကြောင့်ဆိုသော် ဘိုးဘွားခေတ်မှစ၍ အရက်သေစာ မသောက်သုံးကြ။ အိမ်ဆောက်လုပ်နေထိုင်ဖို့၊ ထွန်ယက်စိုက်ပျိုးဖို့၊ စပျစ်ခြံလုပ်ဖို့လည်း ငြင်းပယ်ကြသည်။ (ခါလဒဲသားများက ယေရုရှလင်တွင် အတင်းအဓမ္မနေရာချ၍ လုပ်ကိုင်စားသောက်ခိုင်းသည်။) သူများပစ္စည်းကို အချောင်မလို။ အဘယ်မျှသာသနာခရီးသည် ကောင်းပီသကြပါသနည်း။  စံနမူနာ ယူထိုက်ပါပေသည်။

၃၅:၁၂၁၉ ထိုသူများနှင့် ဆန့်ကျင်ဘက်ကွာခြားသူများမှာ ယုဒလူမျိုး ဖြစ်သည်။ ဘုရားသခင်၏ စကားတော် မနာခံသဖြင့် အရေးယူအပြစ်ပေးခြင်း ခံရသည်။ ရေခပ်အမျိုးသားများမှာ ဘုရားသခင်ရှေ့တွင် မားမားရပ်လျက် ဆုလက်ဆောင်ကောင်းကြီးမင်္ဂလာ ထာဝစဉ် ခံစားကြရသည်။  ဘီစီ၈၄၁တွင် မြောက်ပိုင်းနိုင်ငံ၌ ဗာလဘုရားကိုးကွယ်ကြရာ ယောနဒပ်၏ သားရာခပ်အား ယေဟုက မောင်းထုတ်ရာမှ ထင်ရှားလာသူများ ဖြစ်သည်။ ကိနိအမျိုးအနွယ်မှ ဆင်းသက်၍ ယုဒလူမျိုးအား ပေါင်းဖက်ခံယူ သူများ ဖြစ်သည် (၁ရာ၂:၅၅)။ သို့သော်လည်း ဓလေ့စရိုက်အကျင့်စာရိတ္တတွင် ယုဒလူမျိုးများနှင့် မတူ (Daily Notes of the Scripture Union)

အချို့က ရေခပ်အမျိုးသည် လေဝိအမျိုးအနွယ်မှ ဆင်းသက်လာသူများဟု ယူဆကြသည်။ ထိုသို့ဆိုလျှင် ဘုရားသခင်၏ ကတိတော်နှင့်လည်း ပြည့်စုံမည်။ သို့သော် ယနေ့ကာလတိုင်အောင် အတည်မပြုနိုင်။ မည်သို့ပင် ဖြစ်စေ ထိုလူမျိုး၏ အကျင့်လက္ခဏာ ဇာတိသည် အနှစ်တစ်ထောင်ကာလတွင် ထင်ရှားမည်ဟု ယုံကြည်ရပါသည်။

Previous Article
Next Article