ရှောလမုန်သီချင်း ၅

၅း၁ က ရှုလမိတ်၏ ဖိတ်ခေါ်ခြင်း(၄း၁၆) ကိုသိုးကျောင်းသားက စတင်အဖြေပေးသည်။ ဖိတ်ခေါ်သည့်အတိုင်း မျှော်လင့်ချက်သင်းရနံ့နှင့်အတူ ပန်းဥယျာဉ် သို့ရောက်လာပြီး။ ပျားလပို့အချစ်၀ိုင်နှင့် မေတ္တာနို့ရည်လည်းယူဆောင်လာသည်။

၅း၁ ခ အပိုဒ်ငယ် ၁ ဒုတိယပိုင်းသည် ဤသမီးရည်းစားစုံတွဲ၏ ချစ်တင်းနှီးနှောပုံ၊ မေတ္တာရောရှက်လိမ်ဖက်ပုံကို ချစ်သူစုံတွဲများ အတုတူဖို့ခွန်အားပေးသည်။၁၅

၁၁။        ရှုလမိတ်ငေးမှိုင်သဖြင့် စိတ်ကူးယဉ်ပြောပြဖို့ မေ့ခြင်း (၅း၂-၈)

၅း၂-၇ သူငယ်မက သူ့စိတ်ကူးယဉ်အိမ်မက်ပြောပြသည်။ တံခါးဖွင့်ပေးဖို့ သူ့ချစ်သူက တံခါးတဒေါက်ဒေါက်ခေါက်၍ ဖွင့်ခိုင်းမည်။ သူ့ရည်းစားသည် ညနေစောင်းတွင် နှင်းရည်များစိုစွတ်လို့၊ ရေမိုးချိုးအလှပြင်ပြီး ညဉ့်အနားယူဖို့ ပြင်ဆင်ချိန်မို့ တံခါးကို အသော့အနှင်းပြေးဖွင့်လေရဲ့။ သူ့ရည်းစားသည် တံခါးကိုင်ထားသော လက်ကိုရုပ်လို့ထွက်ခွာသွားလေပြီ။ ချစ်သူလက်ကို ရိပ်ကနဲ့လှမ်းမြင်တော့ တံခါးနားသို့ရောက်မိသည်။ သူ့ချစ်သူကိုင်ထားသော တံခါးလက်ကိုင်သွားကိုင် မိတော့ မုရန်သင်းရနံ့စွဲကျန်သည်။ သို့သော်သူ့ကိုမမှီလိုက်ပါ လိုက်ကြည့်သည်။ လိုက်ခေါ်မိသည်။ သို့သော်သူ့ကိုမမှီလိုက်ပါ။ လိုက်ကြည့်သည်။ လိုက်ခေါ်မိသည်။ သို့သော်ရှာမတွေ့တော့ပါ။ ကင်းစောင့်သမီးများကလညး သူမ၏ အမူအရာများကို နားမလည်ပါ။ ရိုက်ပုတ်လို့ မျက်နှာဖုံးများကို လုခွာကြသည်။

၅း၈ ၀မ်းနည်းစွာ နှင့် ယေရုရှလင်သမီးများကို စကားမှာလိုက်သည်။ သူ့ချစ်သူကိုတွေ့ ကြရင်ဖြင့် သူ့ကို ချစ်မြဲချစ်နေကြောင်းပြောပြပေးကြပါ။

၁၂။         သူမ၏ အလှရှုပကာသည် သူ့ချစ်သူအတွက်သာ (၅း၉-၆း၃)

၅း၉ ထိုသူမ၏ သူ့ချစ်သူသိုးထိန်းအပေါ်ကြီးမားသော မေတ္တာရှိပုံကို ယေရုရှလင်သမီးပျိုများ စိတ်၀င်စားသွားသည်။ ဤမိန်းမ၏ ချစ်ရီးစားသည် အဘယ်မျှလောက်ချစ်အားပို၍ ရှောလမုန်မင်းကို လက်မခံလိုက်ပါလိမ့်။ သို့ကြောင့်လည်း အသင့်ချစ်သူသက်ထားမောင်သည် ပဇာသို့မျှချစ် သွေးကြွယ်ကြောင်းသိချင်ကြ။

၅း၁၀-၁၆ သူ့ချစ်သူ ကိုခန့်ထွား၏ ဗလအလှပြောပြခွင့်ရသည်။ သူ့ချစ်သူသက်ထား၊ ယောင်္ကျားသားသည် လူ့တသောင်းမှာအထွဋ်အမြတ်ဖြစ်တော်မူ၏။ ဦးခေါင်းရွှေစင် ဆံပင်ရောင်သည် ကျီးအဆင်းသို့ထူထပ်သည်။ မျက်စိသာလျက် ပါးသည်လည်း ပန်းကဲ့သို့ ချစ်လိုဖွယ်ရှိ၏။ နှုတ်ခမ်းလက်တော်ဆိုဖွယ်မရှိ။ ဆင်စွယ်ကဲ့သို့ အဖိုးတန်စီချယ်၏။ ခြေထောက်လှလျက် နှုတ်စကားလည်း ချိုမြိန်သည်။ အားလုံးခြုံလိုက်လျှင် အပြစ်ဆိုဖွယ်မြူတမှုံမတွေ့။ နှစ်လိုဖွယ် အတိပြည့်စုံ၏။၁၆

Previous Article
Next Article