ဆာလံကျမ်း ၇၇
ဆာ ၇၇၊ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်း
ပထမပိုင်း အပိုဒ်ငယ်(၁၀)ခုတွင် အာသပ်သည်မိမိကိုယ်ကို ပြန်လည်ဆန်းစစ်သည်။ ငါ၊ ငါ့ကို၊ ငါ၏ဟူသောနာမ်စားစကားလုံး အကြိမ်ပေါင်း(၂၀)ကျော်သုံးထားသည်။ ဘုရားသခင်၏ နာမတော်ကို (၇)ကြိမ်သုံး၍ ဘုရားသခင်ကိုရည်ညွှန်းသည့်စကားလုံး(၇)ကြမ်သုံးထားသည်။ အပိုဒ်ငယ်(၁၀)တွင်မူ တေးသွားသည်တဆစ်ချိုးပြောင်းလဲသွားသည်။ နောက်ပိုင်းအပိုဒ်ငယ်(၁၀)ခု တွင် ပုဂ္ဂိုလ်ရေးရာနာမ်စားကို (၃)ကြိမ်သာသုံး၍၊ ဘုရားသခင်၏ဇာတိတော်ညွှန်းဆိုသည့်ဝေါဟာရ ကို (၂၀)ကြိမ်တိုင်တိုင်သုံးထားသည်။ ခရစ်တော်၏ အမှုတော်တွင်လည်းသန့်ရှင်းဝိညာဉ်တော်ညွှန်း ဆိုရာတွင် ငါ၊ ငါတို့၊ ငါ၏ဟူသောစကားလုံး သုံးထားသည်။
အသုံးပြုပုံပြုနည်းတချို့ကို လေ့လာကြည့်ပါ။
တွေ့မြင်ခြင်း (ငယ် ၁-၆)
နစ်မြုပ်ခြင်း (ငယ် ၇-၁၀)
သီဆိုခြင်း (ငယ် ၁၁-၁၅)
မြင့်တင်ခြင်း (ငယ် ၁၆-၂၀)
၇၇:၁–၃ အာသပ်သည်ဦးစွာဘုရားသခင်ထံသို့ ဒုက္ခသုခများတင်ပြသည်။ အမျိုးအမည်မဖေါ် ပြသောဆင်းရဲဒုက္ခဧည့်သည်က တံခါးဝသို့ရောက်နေသည်။ မိမိကိုယ်တိုင်မှတပါး မည်သူမှမစွမ်း ဆောင်နိုင်ဟုယူဆသည်။ မခြားမလပ်ဆုတောင်းနေသော်လည်း ဘုရားသခင်ကိုစောဒကတက်သည်။ ပျော်ရွှင်ခြင်းမရှိဘဲအဘယ်ကြောင့် ဒုက္ခတောမှမွမ်းကြပ်နေသနည်း။ ပိုမိုစဉ်းစားလေ၊ စဉ်းစာရခက် လေ၊ သောကပိုများလေဖြစ်သည်။
၇၇:၄–၆ အိပ်မပျော်စားမဝင်နိုင်အောင် ဘုရားသခင်အကြောင်းချည်းတွေးမိသည်။ ကြားရသောသတင်းစကားများကလည်း ဆောက်တည်ဖွယ်ရာမရှိ။ စိတ်ပျက်အားငယ်ဘွယ်ရာ။ သို့ဖြင့် အတိတ်ကာလာမှအဆင်ပြေကောင်းစာခဲ့သောရက်များကို ပြန်လည်တွေးတောသည်။ သူ၏အောင်မြင်ခဲ့ပုံများကို ပိုမိုတွေးတောလေ၊ ဘုရားသခင်၏ကရုဏာတော်ကို ပိုမိုသံသယဝင်လေ ဖြစ်သည်။ ယုံမှားသံသယစိတ်ပွားများလာသည်နှင့် မေးခွန်း(၅)ခု ပေါ်လာသည်။
၇၇:၇–၁၀ ဘုရားသခင်က သူ့အပေါ်သို့ပြုစရာကောင်းသော အမှုအရာများကုန်ဆုံးသွားပြီ လား။ ဒုတိယမေးခွန်းမှာ ဘုရားသခင်ကသူ့အပေါ်သို့အချစ်ကုန်ခမ်းသွားသလား။ ဘုရားသခင်က ကတိတော်များပြန်လည်ရုတ်သိမ်းသွားတာလား။ နောက်တချက်က ဘုရားသခင်က ကျေးဇူးတော် မေ့ပျောက်ကုန်ပြီလား။ နောက်ဆုံးမေးခွန်းမှာ အမျက်တော်ထွက်သဖြင့် ဉပေက္ခာပြုလေရော့သ လား။ ထိုသံသယမေးခွန်းများကို ကိုယ်တိုင်ပြန်ဖြေသည်။ အမြင့်ဆုံးသောညာလက်ရုံးသည် ပြောင်းလဲပြီ။ ဘုရားသခင်လက်ထဲသို့ ဆက်ကပ်အပ်နှံလျှင် ဆင်းရဲဒုက္ခများတမျိုးတဖုံ ပြောင်းလဲ သွားမည်။
၇၇:၁၁–၁၃ ရော ၇မှ၈သို့ ဝိညာဉ်ရေးရာတဆစ်ချိုးပြောင်းလဲသကဲ့သို့ပင် ပိုဒ်ငယ် ၁၁သည် သင်ခန်းစာအလှည့်အပြောင်းဖြစ်သည်။ အာသပ်သည်မိမိကိုယ်ကို အလေးအနက်ပြန်လည်ဆန်းစစ် ပြီးနောက် ကောင်းကင်ဘက်သို့ မျက်လုံးစုံမော့ကြည့်သည် ။အတိတ်ကာလတွင် သူ့လူများထံသို့ ဘုရားသခင်၏ ကောင်းမြတ်ပုံကို ပြန်လည်တွေးတောသည်။ ထို့သို့ပြန်လည်စားမြုံ့ပြန်သောအခါ ဘုရားသခင်သည် မြင့်မြတ်သည်။ လုပ်ဆောင်သမျှပြီးပြည့်စံသည်။ ဖြောင့်မတ်သည်။ ကောင်းမြတ်သည်။ အမှားအယွင်မရှိခဲ့။
၇၇:၁၄–၁၅ ဘုရားသခင်က သူ့လူများအားအဲဂုတ္တုပြည်မှ ခေါ်ထုတ်လာပုံကိုပြန်စဉ်းစား သောအခါအံ့သြမိသည်။ ဘုရားရှင်ကိုမချီးမွမ်းဘဲမနေနိုင်။ ထိုအကြောင်းစဉ်းစားမိသောအခါ စိတ်ဓါတ်တက်ကြွလာသည်။ မိမိအစွမ်းအစကို ရှေးတန်းတင်စဉ်းစားသောအခါ စိတ်ပျက်အားငယ် ခြင်းသာတွေ့၌သည်။ ယခုမိမိအရေးမှ ဘုရားသခင်အရေးကို ဦးစားပေးသောအခါ စိတ်ဓါတ်တက် လာသည်။ ခွန်အားပြည့်ဖြိုးလာသည်။ ဘုရားသခင်၏ခွန်အားကို ယုံကြည်ကိုးစားလာသည်။
၇၇:၁၆–၁၈ စာကဗျာဖြင့်ဆိုရလျှင် ပင်လယ်နီမှသမုဒ္ဒရာရေပြင်က ဖန်ဆင်းရှင်ကိုနာခံ ကန်တော့ကြသည်။ လေပြင်းမုန်တိုင်းနှင့်လှိုင်းလုံးကြီးများကလည်း ထိုနည်းတူပြုကြသည်။ အာကာမိုးဝလာရွာသွန်းသည်။ မိုးကြိုးမိုးလျှပ်များ လင်းလက်ကြသည်။ လျှပ်ပန်းလျှပ်နွယ်များဖြင့် လောကမြေတခွင် အလင်းဖြာကြသည်။ ထိုအခိုက်တွင် သြကာသလောက တစ်ခုလုံးတုန်လှုပ်ကြသည်။ ကိုယ်တော်၏ စကားတော်ကို မြေဝယ်မကျနာခံကြသည်။
၇၇:၁၉
၇၇:၁၉-၂၀ ဘုရားသခင်ကိုယ်တိုင် ကြွချီတော်မူ၍ ပင်လယ်သမုဒ္ဒရာတွင် တာလမ်းမကြီး ဖြစ်ပေါ်စေပြီ။ သူ့လူများသည် တာလမ်းပေါ်မှာ လျှောက်လှမ်းသည့်ပမာ ခြေထောက်ရေမစိုဘဲ ဖြတ်သွားကြရပြီ။ ကိုယ်တော်၏ ခြေရာတော်ကို မည်သူမျှမမြင်ကြ။ ကိုယ်တော်သည် သူ့လူများနှင့်အတူနေ၍ အံ့ဘွယ်နိမိတ် လက္ခဏာများ မကြာခဏပြခဲ့သော်လည်း ကိုယ်တိုင်မှာမူ အရိပ်ပမာရှိနေသဖြင့် လူ့မျက်စိဖြင့် မမြင်နိုင်ကြ။
ဆာလံဆရာက တေးကဗျာကို သပ်သပ်ယပ်ယပ် အဆုံးသတ်သည်။ မောရှေနှင့်အာရုန်တို့က သူ့လူများအား သိုးထိန်းပမာ ကန္တာရတောတလျှောက် ထိန်းကျောင်းပုံဖြင့်ပုံဥပမာပေးသွားသည်။ သို့ဖြင့် အာသပ်သည် စိတ်ရောဂါဆေးရုံမှ ကျန်းမာရွင်လန်းစွာဖြင့်ဆေးရုံဆင်းလာသည်။ သို့ဖြင့် ဤဆာလံ ကျမ်းကို ဤသို့ဖြင့်ခွန်အားရယူကြသည်။
မိမိအရေးဦးစားပေးက စိတ်ပျက်အားငယ်စရာ
ပတ်၀န်းကျင်က စိတ်ဓါတ်ကျစရာ
ခရစ်တော်ကြည့်မှသာ ရွှင်လန်းအားတက်ဘွယ်ရာ