ဆာလံကျမ်း ၆၅

ဆာ ၆၅အနှစ်တထောင်ကောက်ရိတ်တေး

          ဆာ ၆၅ကိုအိမ်ပြန်ကောက်ရိတ်တေးအဖြစ်လူသိများသည်။ သခင်ဘုရားဒုတိယအကြိမ်ပြန် လည်ကြွလာခြင်းနှင့်ပတ်သက်သည်ဟု အနက်ဖွင့်ဆိုကြသည်။

၆၅: ဣသရေလလူများသည်ရာစုနှစ်ချီ၍ဘုရားသခင်နှင့်စိမ်းကားကြသောအခါ ဇိအုန်တောင် သည်လည်းခြောက်သွေ့ခဲ့သည်။ သို့သော်ဘုရားသခင်၏ရှေးဦးလူများသည် အထံတော် တွင်ပြန်လည်စုစည်း၍ကိုယ်တော်ကို ချီးမွမ်းကြမည့်အချိန်အခါစောင့်မျှော်ကြသည်။ နောက်ဆုံးတွင် ကတိတော်စကားသည်ပြည့်စုံရစမြဲ။ ဆိုလိုသည်မှာ လူတိုင်းကတိတော်အားဒူးထောက်အညံ့ခံ ရသည် (ဟေရှာ ၄၅:၂၃)။ ထိုစကားမှာမေရှိယကတိတော်လာ ဆာ ၂၂:၂၂ “ပရိတ်သတ်အလယ်မှာ ကိုယ်တော်ကိုချီးမွမ်းမည်” ကိုရည်ညွှန်းသည်။ သို့မဟုတ် ဘေးဒဏ်ကြီးကာလတွင်ရွေးကောက်ခံ ထားသောလူနာည်းစုတို့ကမေတ္တာတော် ဆက်ကပ်ခြင်း၊ ကိုးကွယ်ခြင်း၊ နှီးနွယ်ပတ်သက်သည့် အကြောင်းဖြစ်နိုင်သည်။

၆၅: မည်သို့ဖြစ်စေ၊ အပိုဒ်ငယ် ၁ သည်ဣသရေလူမျိုးကို အဓိကထားသည်မှန်သော်လည်း လူသားအားလုံးနှင့်သက်ဆိုင်သည်။ ဘုရားသခင်သည် ယုံကြည်စွာဆုတောင်းသံကို နားညောင်း သောဘုရားဖြစ်သည်။ အသက်တာပြောင်းလဲသောတိုင်းနိုင်ငံသားများသည် ကိုယ်တော်ထံသို့ ယုံကြည်စွာဆုတောင်းကြပါသည်။

၆၅: ဤကျမ်းပိုဒ်တွင်စကားပြောသူပြောင်းလဲသည်ကို အထူးမှတ်သားရမည်။ ပထမပိုင်း စကားစုတွင်မေရှိယသခင်သည် အပြစ်ဝန်ထုပ်ဝန်ပိုးအောက်တွင် ကရာနီတောင်ကုန်း၌ရှိနေသည်။ ရွေးကောက်ထားသောယုဒလူနည်းစုတို့က အဖြစ်မှန်သိရှိလာသည်နှင့်တပြိုင်နက် ကျွန်ုပ်တို့အပြစ်ပါ ဟုဝန်ခံလာကြသည်။ ထိုသူသည်ငါတို့ကျူးသောအပြစ်များကြောင့် နာကျင်စွာထိုးခြင်း၊ နှိပ်စက်ခြင်း ကိုခံရလေ၏။ ငါတို့ငြိမ်သက်ခြင်းချမ်းသာကို ဖြစ်သောဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍ သူခံရသောဒဏ်ချက်အားဖြင့် ငါတို့သည်အနာပျောက်လျက်ရှိကြပြီ (ဟေရှာ ၅၃:၅)။ ဣသရေလလူ များသည် မိမိအပြစ်ကိုဝန်ခံကြသည်နှင့်တပြိုင်နက် ထာဝရအပြစ်ခွင့်လွှတ်ခြင်းရရှိကြသည်။

၆၅: ပထမပိုင်းသည် မေရှိသခင်ယေရှု၏စကားဖြစ်သည်ဟုသိရှိပြီးသော် ဒုတိယပိုင်းသည် ရွေးနှုတ်ခံဣသရေလလူတို့၏စကားဖြစ်ကြောင်း နားလည်နိုင်သည်။ ဘုရားသခင်ဘိသတ်ပေးထား သောသားတော်အကြောင်းကို ဟေရှာ ၄၂:၁တွင် “ငါနှစ်သက်မြတ်နိုးရာ ငါရွေးချယ်သောသူ” ဟုဆို ထားသည်။ ထိုမေရှိယသခင်သည် အထံတော်သို့ချဉ်းကပ်သောသူ လည်းဖြစ်နိုင်သည်။ မေလခိဇဒက်ကဲ့သို့သော ထာဝရယဇ်ပုရောဟိတ်ကြီးလည်း ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော် တွင်တည်လျက် အထံတော်တွင်နီးစပ်ပူးကပ်စွာနေထိုင်သည်။

ရွေးကောက်ထားသောလူနည်းစုသည် ဘုရားသခင်၏အိမ်တော်တွင် သန့်ရှင်းသောဗိမာန်တော်တွင် ဘုရားသခင်၏ကောင်းမြတ်ခြင်းကိုခံစားကြရသည်။ ဤကျမ်းချက်ကို ဓမ္မဆရာများကစောဒက တက်ကြလေ့ရှိသည်။ အဘယ်သို့ဆိုသော် ဒါဝိဒ်မင်းသည် သေလွန်သည့်တိုင်အောင်ဗိမာန်တော် မဆောက်ဖြစ်။ မည်သို့ဆိုစေ ဗိမာန်တော်ဆိုသည်မှာ စကားအသုံးအနှုန်းဖြစ်၍ တခါတရံတဲတော်ကို ရည်ညွှန်းပါသည်။ ရှောလမုန်မင်းလက်ထက်တွင်သာလျှင် ဗိမာန်တော်ဆောက်ဖြစ်သည် (၁ရာ ၁:၉၊ ၃:၃၊ ၂ရာ ၂၂:၇)။

၆၅: ရွေးနှုတ်ခံလူနည်းစုအကြောင်းဖြစ်သည်။ ဘုရားသခင်ကထိုသူများ၏ ဆုတောင်းသံကိုနားညောင်း၍ ရန်သူများကိုဖြိုခွင်းပေးသည်။ ဘုရားသခင်သည်လူများ၏ ကယ်တင်ခြင်း၊ ယုံကြည်အားထားရာဖြစ်ကြောင်း၊ ပင်လယ်ရပ်ခြားဒေသသို့သတင်းပျံ့နှံ့သွားသည်။ ဘုရားသခင်သည်ကြီးမြတ်ပါပေသည်။ တန်ခိုးကြီးတော်မူသည့်အတိုင်း တောင်ကုန်းတောင်တန်း ကြီးများကိုလည်းတည်စေတော်မူ၏။ ပင်လယ်လှိုင်းလုံးကြီးများနှင့်ဒီရေများသည်လည်း ကိုယ်တော် ဖန်ဆင်းရာလက်အောက်၌ရှိသည်။ (ဂါလိလဲပင်လယ်အဖြစ်အပျက်ကိုသတိရပါ)။ တပါးအမျိုးသား များကလည်းကိုယ်တော်အား တမဟုတ်ခြင်းသိရှိသွားကြသည်။

၆၅: ကိုယ်တော်၏သတင်းစကားမကြားဘူးသူ မယုံကြည်သူများသည်ကိုယ်တော်ရောက် လာသည့်နိမိတ်လက္ခဏာမျိုးကြားသိသည့်အခါ အံ့သြတုန်လှုပ်ကြသည်။ ယုံကြည်သူများ၏ အရပ်ဒေသတွင်မူကား နေထွက်ရာမှနေဝင်သည့်တိုင်အောင် ပျော်ရွှင်ကြသည်။

၆၅: အပိုဒ်ငယ် ၉-၁၃ သည်မျိုးစေ့ကြဲချိန်မှကောက်ရိတ်သိမ်းသည့်ကာလ၊ အထူးသဖြင့် ယခင်ကျိန်ဆဲခြင်းခံရသူ အနှစ်တထောင်ကာလ၌ ချီးမြှောက်ခြင်းခံရမည့်အကြောင်း သစ်ငုတ်တို မြက်ငုတ်တိုများကောင်းစားမည့်အကြောင်းဖြစ်သည်။

နွေဦးရာသီကဲ့သို့ဘုရားသခင်အလည်အပတ်ရောက်လာမည်။ မြစ်ရိုးကမ်းပါးတလျှောက် မျိုးကြဲပြီး၍သိမ်သလ္လာများဖုံးအုပ်မည်။ မြေကြီးကိုပြင်ဆင်ပြီးလျှင် မျိုးစေ့များအပင်ပေါက်လာကြ မည်။

          ၆၅:၁၀ မျိုးစေ့ပေါက်သည့်ကာလ၌ လယ်ယာမြေသည်ပျော့ပျောင်းသည်။ မြေကြီးကအစို ဓါတ်ပေးသည်။ မြေဆွေးများကအစိုဓါတ်ထိန်းပေးသဖြင့် မြေသြဇာပျော့၍ မျိုးစေ့ပေါက်ရောက် လာသည်။

၆၅:၁၁၁၃ ဘုရားသခင်သည် ကောင်းမြတ်တော်မူသည့်အတိုင်းထိုမျိုးစေ့ကိုအညှောင်ထွက် အပင်ပေါက်စေသည်။ ခြေလှမ်းကြွလေရာတိုင်းမှာ မြစ်ရေစီးဆင်းစေသည် (Knox ကမူ) မြက်ခင်း လွင်ပြင် တို့သည်စိမ်းစိုလျက်ပနာတင့်တယ်ကြ၏။ တောင်ကုန်းတောင်နွယ်များတွင် အပင်ပေါက်ရာ မျိုးစေ့ပွားကြသည်မှာ မင်္ဂလာတရားတပါးတည်း။ တောင်ကုန်းတောင်တန်းတစ်ခုလုံးသို့ သရေခြုံကြ သည်မှာငေးမောလောက်ဘွယ် ပသာဒလှပါဘိ။ တဖန်မှည့်ချိန်တန်လျှင် လွင်ပြင်တစ်ခုလုံးမှည့်ဝင်း၍ ပျော်မဆုံးမော်မဆုံး တပြုံးပြုံးရိတ်ကြရပြန်သည်။မေရှိယသခင်နေ့ရက်ရောက်တော့မည့် နိမိတ်ပုံ ဆောင်ခြင်းတည်း။

Previous Article
Next Article