ယောဘဝတ္ထု ၁၇
၁၇း၁-၁၂ ယောဘ၏အသက်ဝိညာဉ် ချုပ်တော့မည်။ သချိုင်းကုန်းရောက်လုပြီ။ သူငယ်ချင်းများ၏ အားပေးမှုများသည်လည်း ချစ်ရာမရောက်၊ နှစ်ရာရောက်သည်။ ခွန်အားရစရာ မျှော်လင့်ချက်မရှိ။ ဘုရားသခင်က သူ့အား စံနမူနာပုံစံအဖြစ် ထားတော်မူသည်။ ဖြောင့်မတ်သောသူများက သူ့ဘဝ၏ အကျိုးအကြောင်းကို မည်ကဲ့သို့မှတ်ချက်ပြုကြမည်နည်း။ အဓမ္မလူများကမူ အပြစ်တင်စကားသာဆိုကြသည်။ သူ့မိတ်ဆွေသုံးဦးတွင်လည်းပညာရှိသူ တစ်ယောက်တလေမှ မတွေ့မမြင်။
၁၇း၁၃-၁၆ ယောဘအတွက် တွယ်တာစရာ။ သံယောဇဉ်မပြတ်နိုင်စရာ လူ့လောကမှာမရှိ၊ မှောင်မိုက်သောသချိုင်း။ အုတ်ဂူကိုသာ အိပ်ယာအဖြစ်တမ်းတသည်။ ပျက်စီးခြင်းနှင့်တီကောင်များကိုသာ မိတ်ဖွဲ့ချင်တော့သည်။