ယောဘဝတ္ထု ၁၀
၁၀း ၁-၇ ဘုရားသခင်ဖန်ဆင်းသမျှထဲတွင် သူ့အမူအရာအပြုအမူသည် စက်ဆုတ်ရွံ့ရှာဖွယ်ရာ အကောင်းဆုံးဟုတ်ပါသလား။ ယောဘက ဘုရားရှင်အား မေးခွန်းထုတ်ပြသည်။ ထိုသို့ အရေးယူအပြစ်ပေး ထိုက်အောင် ယောဘအသက်တာတွင် မည်သည့်ဒုစရိုက်အပြစ်များ ကျူးလွန်ဘိသနည်း။ ဘုရားတရား မသိသော သာမန်လူရိုင်းများနှင့် ထူးခြားမူမရှိဘူးလား။
၁၀း၈-၁၂ ဤကျမ်းချက်ကို Harold St.John က အောက်ပါအတိုင်း ဖွင့်ဆိုထားသည်။
အိုးထိန်းသည်က ရွံ့စေးမြေကို စိတ်ကြိုက်ပုံသွင်းလုပ်ဆောင်သကဲ့သို့ ဘုရားသခင်က လူသားများအား စိတ်တိုင်းကျ ဖန်ဆင်းထားသည်ကို မမေ့အပ်ပါ။ ငယ် ၁၀း၈ တွင် “တကိုယ်လုံးကို လက်တော်နှင့် စေ့စပ်စွာဖန်ဆင်းတော်မူသည်” ဟုဆို၍ ၁၀း၁၀ တွင် “နို့ကဲ့သို့သွန်းလောင်း၍ ဒိန်ခဲကဲ့သို့ ခဲစေတော်မူပြီ” ဟု ဆိုထားသည်။ ၁၀း၁၁ တွင် လူ့အသားအရေခန္တကိုယ်ကြီးထွားစေပုံကို ဝန်ခံထားသည်။ ၁၀း၁၂ (က) တွင် အသက်မှုတ်သွင်းခြင်းနှင့် ၁၀း၁၂ (ခ)တွင် အကြည့်အရှုကြွလာတော်မူခြင်းဖြင့် ဝိညာဉ်တော်လမ်းပြမူ ရရှိပုံကို ခံယူထားသည်။၁၃
၁၀း၁၃-၂၂ အဘယ်ကြောင့်ယောဘထံသို့ အနာဆင်းရဲဒုက္ခအထပ်ထပ်ကျရောက်စေသနည်း။ ယောဘ အသက်တာသည် သာမန်လူသားများထက် နိမ့်ကျနေသလား။ ဖြောင့်မတ်သည်ဖြစ်စေ၊ မိုက်မှားသည်ဖြစ်စေ ဘုရားသခင်မျက်မှောက်တော်နှင့် မတန်ပါ။ ဘုရားသခင်သည် ယောဘအားအဘယ်ကြောင့် လူ့လောကထဲသို့ ခေါ်ဆောင်လာသနည်း။ အမှောင်နှင့် အလင်းကို မခွဲခြားမသိရှိနိုင်အောင် အဘယ်ကြောင့်ဆင်းရဲဒုက္ခဝေဒနာခံရ စေသနည်း။ ငြိမ်သက်ချမ်းသာရာ အခွင့်အရေးတစကလေးမျှ မရှိတော့ဘူးလား။