နေဟမိမှတ်စာ နိဒါန်း
နိဒါန်း
“တဝက်ကျော်သည် ပုဂ္ဂိုလ်ရေးမှတ်တမ်း မှတ်ရာဖြစ်သော်လည်း သမ္မာကျမ်းစာ အချက်အလက်အား များစွာအထောက်အကူပြုသည်။ ဧဇရမှတ်စာအများစုသည် ပထမလူပုံစံဖြင့် (ဧဇ ၈:၁၅-၉:၁၅)ဖြင့် ရေးသားသော်လည်း နေဟမိမှတ်စာထက် ပုဂ္ဂိုလ်ရေးဆန်သည်။ နေဟမိမှတ်စာသည် လက်တွေ့ကျသည်။ လူ့စွမ်းဆောင်ချက်များ အဓိကမထား။”
Derek Kidner
၁။စံတော်မီဝိသေသလက္ခဏာ
အကယ်၍ သင့်ဘဝမှာ အဆောက်အအုံတည်ဆောက်ဖို့၊ အခက်အခဲ ပြဿနာတစ်ခု ရင်ဆိုင်ဖြေရှင်းဖို့ ကြုံတွေ့လျှင် ပထမဦးစွာ နေဟမိမှတ်စာကို ဖတ်ရှု၊ လေ့လာဆင်ခြင်စေချင်သည်။ သူများကိုလည်း ထိုအတိုင်းပြုလုပ်ကြရန် ညွှန်ပြစေချင်စေသည်။ ဘီစီ (၅)ရာစုနှစ်တုန်းက ဟေဗြဲအမျိုးသား၏ ခေါင်းဆောင်မှု အရည်အချင်းသည် မဖြစ်နိုင်သော ကိစ္စရပ်အား အံသြဖွယ်ရာ အောင်မြင်သွားစေကြောင်း ရင်သပ်ရှုမောဖွယ် တွေ့ရှိရမည်။ whitcomb ကဤသို့ဆိုထားသည်။
ဓမ္မဟောင်းများတွင် နေဟမိမှတ်စာထက် ဘုရားသခင်၏ အမှုတော်၌ စိတ်အားထက်သန်မှုရှိအောင်၊ မက်လုံးပေးနိုင်သောကျမ်း မတွေ့ရှိပါ။ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားအတွက် နေဟမိ၏ ဆင့်ကာဆင့်ကာ စိတ်ဖြင့် ပြုမှုမျိုးကို ယနေ့ခေတ်ကာလတွင်လည်း အထူးလိုအပ်သည်။၁
၂။ ကျမ်းရေးသူ
ယေဟောဝါဘုရား၏ စက်ခလုတ်ဟု အဓိပ္ပာယ်ရသော နေဟမိက ပထမလူပုံစံဖြင့် ရေးသားထားသည်။ ဖြစ်စဉ်အကြောင်းအရာ အထောက်အထားများလည်း ပြည့်စုံလုံလောက်စွာ ဖော်ပြထားသည်။ ပေစာ ပုရပိုက် အမြောက်အမြားက သမိုင်းဖြစ်စဉ်များကို ခိုင်လုံအထောက်အထားပြုကြသည်။ ယဇ်ပုရောဟိတ်ယောဟနန် (၁၂:၂၂-၂၃) နှင့်နေဟမိ၏ သားများ စာရင်းကလည်း သက်သေထူသည်။
သို့ကြောင့် ဟာလခိ၏သားနှင့် ဟာနန်၏အစ်ကို နေဟမိ(၁:၁-၂)က စီရင်ရေးသားကြောင်း ထင်ရှားသည်။ နေဟမိ၏ နောက်ခံသမိုင်းကြောင်းမှာ ပါရှန်ပြည်၌ မွေးဖွားကြောင်း တခုတည်းသာ သိရှိရသည်။
နေဟမိ၏ လိမ္မာပါးနပ်ပုံ ခေါင်းဆောင်မှု အရည်အချင်းများသည် ရှင်ဘုရင်ဖြစ်ထိုက်သော ဂုဏ်အင်္ဂါရပ်ဖြစ်ကြောင်း တွေ့ရှိရသည်။
၃။ အချိန်ကာလ
နေဟမိမှတ်စာကို ဘီစီ ၄၃၀ ပတ်ဝန်းကျင်တွင် ရေးသားထားသည်ဟု ယူဆရသည်။ ပထမ အာတဇေရဇ်မင်းလက်ထက် (ဘီစီ ၄၆၄-၄၂၄)ဖြစ်သည်။
မဟာအလက်ဇန္ဒားမင်း ပါလက်စတိုင်းဒေသသို့ ရောက်ရှိချိန်တွင် ယဇ်ပုရောဟိတ်ကြီးသည် ယာဒွါဖြစ်သည်ဟု Josephus ကဆိုသည်။ နေ ၁၂:၂၂ တွင် ယာဒွါသည် အသက်ငယ်ရွယ်နုပျိုနေပေမည်။ အဘယ်ကြောင့်ဆိုသော် ယဇ်ပုရောဟိတ်စာများတွင် နာမည်ပါနေသည်။ အလက်ဇန္ဒားခေတ်ကာလတွင် အသက် (၉၀) ရှိနေသည်။ သို့မဟုတ် ထိုယာဒွါနာမည်ဖြင့် လူ(၂)ယောက်ရှိခြင်းလည်း ဖြစ်နိုင်သည်။ တတိယဖြစ်နိုင်ချေမှာ Josephus သည် ကိန်းဂဏန်း ခဏခဏမှားလေ့ရှိသောကြောင့် ဤနေရာတွင်လည်း သက္ကရာဇ် မှားရေးခြင်းလည်း ဖြစ်နိုင်သည်။
၄။ နောက်ခံသမိုင်းနှင့်ရည်ရွယ်ချက်
ယုဒလူမျိုးပြန်လည်ထူထောင်သည့် ခေတ်ကာလ၌ နေဟမိသည် အကြီးမြတ်ဆုံး တတိယခေါင်းဆောင်ကြီးဖြစ်သည်။ ယေရုဗာဗေလက ဘီစီ ၅၃၈-၅၃၇ တွင် ပထမဆုံး အသုတ်အား ဦးဆောင်၍ ပြည်တော်သို့ ပြန်ကြသည် (ဧဇ ၂)။ ဗိမာန်တော်ဆောက်လုပ်ဖို့ ဦးဆောင်လှုံဆော်သည်။ နောက်နှစ်ပေါင်း (၈၀) ခန့်ကြာသောအခါ ဧဇရက ဒုတိယအသုတ်ဦးဆောင်၍ ပြန်လာကြသည်။ ဣသရေလလူများအား ဘုရားသခင်၏ နှုတ်ကပတ်တော် ကိုးစားကြရန် ရိုက်သွင်းသည်။
ဧဇရ၏ နောက်(၁၃)နှစ်ခန့် ကြာသောအခါ ဘုရားသခင်က နေဟမိအား ယေရုရှလင်သားများ၏ ဝန်ထုပ်ဝန်ပိုးများကို သိမြင်စေသည်။ နေဟမိသည် ခေါင်းဆောင်မှု အရည်အချင်းရှိသည့်အလျှောက် အားသွန်စိုက်လုပ်ဆောင်သည်။ သူ့ခံယူချက်ရေသောက်မြစ်သည် ယေဟောဝါ ဘုရားသခင်၌ တည်သည် (သူ၏ ဆုတောင်းချက်များကို ကြည့်ပါ)။ ဘဝမုန်တိုင်း ခက်ထန်၍ လှိုင်းလုံးကြီးသည့်ကာလတွင် အမှုတော်ကြုံစေသည်။ သို့ဖြင့် စကားအဆိုရှိသည်။ “လောကတွင်လူတန်းစား (၂)မျိုးရှိသည်။ တမျိုးသည် လောကကြီး ဘာဖြစ်မှန်း မသိကြသူများ၊ နောက်တမျိုးမှာ ထိုအဖြစ်အပျက်အားဖန်တီးပြုပြင်သူများသာဖြစ်သည်။” နေဟမိသည် လူ့လောကအား ပြုပြင်ဖန်တီးသူထဲတွင် ပါဝင်သည်။ ဧဇရ မှတ်စာတွင် ဗိမာန်တော်ဆောက်လုပ်ခြင်းနှင့် ဝတ်ပြုကိုးကွယ်ခြင်းတွေ့၍ နေဟမိမှတ်စာတွင် နေ့စဉ်မြို့ရိုး ဆောက်လုပ်နေရသည်။ သို့ကြောင့် နေဟမိမှတ်စာသည် လူ့ဘဝအသက်တာနေ့စဉ်မှတ်တမ်းဖြစ်သည်။
ပါဝင်သောအချက်များ
၁။ နေဟမိ ပထမအကြိမ် ခရီး။ ယေရုရှလင် ပြန်လည်စုစည်းခြင်း (အခန်း၁–၁၂)
(က) ယေရုရှလင်အပေါ် အံ့သြတုန်လှုပ်ခြင်း (အခန်း ၁)
(ခ) ယေရုရှလင်စုစည်းတည်ထောင်ရန် အခွင့်အာဏာ (၂:၁-၈)
(ဂ) ယေရုရှလင်မြို့ရိုး ပြန်လည် တည်ဆောက်ခြင်း (၂:၉-၆:၁၉)
၁။ စစ်ဆေးကြပ်မတ်ခြင်းနှင့် အများပြည်သူ၏ ဆန့်ကျင်မှု (၂:၉-၂၀)
၂။ ဘုရားသခင်၏ အလုပ်သမားများနှင့် လုပ်ဆောင်ချက်များ (အခန်း ၃)
၃။ ပြင်ပ အခက်အခဲများနှင့် အထူးသတိပေးချက် (အခန်း ၄)
၄။ အတွင်းပိုင်းပြဿနာနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှု (အခန်း ၅၊၆)
(ဃ) ယေရုရှလင်လုံခြုံရေး (၇:၁-၄)
(င) ယေရုရှလင်လူဦ:ရေ စာရင်းကောက်ခြင်း (၇:၅-၇၃)
(စ) ယေရုရှလင်တွင် ဘာသာရေးရှင်သန်လာခြင်း (အခန်း ၈-၁၀)
(ဆ) လူဦးရေထပ်တိုးခြင်းနှင့် ယေရုရှလင်ပရဝုဏ် (အခန်း ၁၁)
(ဇ) ယေရုရှလင် ယဇ်ပုရောဟိတ်နှင့် လေဝိသားများ (၁၂:၁-၂၆)
(ဈ) ယေရုရှလင်မြို့ရိုး ဘိသိက်ပေးခြင်း (၁၂:၂၇-၄၇)
၂။ နေဟမိ ဒုတိယအကြိမ် ခရီး။ ယေရုရှလင်မြို့ပြုပြင်ပြောင်းလဲခြင်း (အခန်း ၁၃)
(က) ဗိမာန်တော်မှ တောဘိအားနှင်ထုတ်ခြင်း (၁၃:၁-၉)
(ခ) လေဝိသားများသို့ ဆယ်ဘို့တစ်ဘို့ ဆက်လက်တည်တံ့ခြင်း (၁၃:၁၀-၁၄)
(ဂ) ဥပုသ်နေ့တွင် တရားတော်နှင့် မညီသော အပြုအမှု ရှင်းထုတ်ခြင်း (၁၃:၁၅-၂၂)
(ဃ) လူမျိုးခြားနှင့် အိမ်ထောင်ပြုမှု အပြစ်တင်ခြင်း (၁၃:၂၃-၃၁)