ရာဇဝင်ချုပ်ပထမစောင် ၂၈

() ဒါဝိဒ်၏နောက်ဆုံးနေ့ရက်များ

          (အခန်း၂၈၊ ၂၉)

          ၂၈:                  ဒါဝိဒ်မင်း က လူထုလူတန်းစားအလွှာအသီးသီးမှ ဦးစီးခေါင်းဆောင်များ၊ မူးကြီးမတ်ရာများနှင့် စစ်ဘက်နယ် ပုဂ္ဂိုလ်ကြီးများကို ယေရုရှလင်မြို့ သို့ စုစည်းလိုက်သည်။ ဘုရားသခင်၏အိမ်တော်တည်ဆောက်ချင် သောအာသီသ ဖြင့်ပြခဲ့သော်လည်း ဘုရားသခင်ကခွင့်မပြုသည့် အကြောင်းကို အဖွဖွ မှာကြားသည်။ သို့သော်လည်း သူ၏သား ရှောလမုန်အား ဘုရားသခင်က ဗိမာန်တော်ဆောက်လုပ်ခွင့်ပေးပုံကို ထပ်လောင်းကြေငြာပေးသည်။ ဒါဝိဒ်၏ ရာဇပလ္လင်သည် ဘုရားသခင်စီရင်ခန့်အပ်ခြင်းဖြစ်ကြောင်း ပြည်သူများလက်ခံကြသည့်အတိုင်း ဒါဝိဒ်မင်းဆက် ရှောလမုန်ကို လည်း နာခံသစ္စာရှိကြမည်ဟု အာမဘ    န္ဒေပြုကြသည်။

၂၈:၁၀       သို့နောက် သားဖက်သို့လှည့်၍ မိန့်မှာခဲ့သည်။ အပိုဒ်ငယ်၉သည် သတိပေးခြင်းနှင့် အမိန့်ပေးခြင်းဖြစ်သည်။ သင့်အဘဘုရားသခင်ကို သိလော့။ စုံလင်သောနှလုံး၊ကြည်ညိုသော စိတ်သဘောနှင့် ဝတ်ပြုလော့ဟု မိန့်မှာသည်။အကယ်၍စိတ်လုံးအကြွင်းမဲ့ဖြစ်ရှာလျှင် အတွေ့ခံတော်မူမည်ဟုကတိပေးခဲ့သည်။ သို့သော် ကိုယ်တော်စွန့်လျှင် သင့်ကို အမြဲစွန့်တော်မူမည်ဟုသတိပေးလိုက်သည်။ ဘုရားသခင်က ဗိမာန်တော်တည်ဆောက်ခွင့် ပြုထားသည့် အတိုင်း ရှောလမုန်သည် ရဲဝံ့စွာ အားမာန်ယူ၍ ဆောက် လုပ်သည်။

၂၈:၁၁၁၉     ဘုရားသခင်က မောရှေဆောက်လုပ်မည့်စနစ်ပုံ ဗျာဒိတ်ပေး၍ ဆောက်လုပ်သကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်ဖော်ပြချက်ဖြင့် ရှောလမုန်မင်းသည်လည်း ဗိမာန်တော်တည်ဆောက်သည်။ လူ့အတွေးအခေါ်လုံးဝမပါ။ အဘယ်ကြောင့်ဆိုသော် ဗိမာန်တော်သည် ခရစ်တော်၏ပုံရိပ်ကိုယ်ပွားဖြစ်သည်။ ဒါဝိဒ်က ရှောလမုန်အား ဗိမာန်တော်ဆောက်လုပ်မည့် ရူပါရုံပေးထားသည်။ လိုအပ်သောအသုံးအဆောင် ကုန်ကြမ်းပစ္စည်းများ စုဆောင်းပေးထားခဲ့သည်။ (၆ရာ ၂-၄ တွင် အသေးစိတ်ရေးထားသည်) ။ ခေရုဗိမ်မှစ၍ အသုံးအဆောင်တန်ဆာပလာများ (ငယ် ၁၈)ကို ရွှေစင်ဖြင့် ပြုလုပ်ထားသည်။ Unger က “ရထားတော်ပေါ်ရှိ ခေရုဗိမ် ဆိုသည်မှာ ဘုရားသခင်၏ ပလ္လင်တော်ဆိုလိုသည်” ဟုဆိုသည်။၂၂

၂၈:၂၀၂၁     ဗိမာန်တော်ဆောက်လုပ်ရန် ကုန်ကြမ်းထည်များ အဆင်သင့်ပြည့်စုံပြီဖြစ်၍ ရှောလမုန်ဘုရင်က တည်ဆောက်မည့် လက်မှုပညာရှင်များအား ဆင့်ခေါ်သည်။ လေဝိသားများကို လည်း ကျရာတာဝန်ကျေပြွန်စွာ ထမ်းဆောင်ခိုင်းသည်။ ဘုရားသခင်သည်လည်း ရှောလမုန်နှင့်အတူ ရှိမှန်းသိသောကြောင့် ဖခင်ဒါဝိဒ်မင်းမှာထားသည့်အတိုင်း အားယူ၍ ဆောက်လုပ် သည်။

Previous Article
Next Article