ဓမ္မရာဇဝင်ဒုတိယစောင် ၁၀

() အခြားအောင်မြင်မှုများ (အခန်း ၁၀)

၁၀:  အမ္မုန်ဘုရင်နာဟတ် နတ်ရွာစံသောအခါ သားတော်ဟာနန် နန်းတက်သည်။ ဒါဝိဒ်မင်းက ခမည်းတော် နတ်ရွာစံသည့်ကိစ္စနှင့် ပတ်သက်၍ ဟာနုန်အား နှစ်သိမ်းအားပေးရန် ကိုယ်စားလှယ်တော်များ စေလွှတ်သည်။ နာဟတ်ကလည်း ဒါဝိဒ်အား ကူညီဖူးသည်။ စစ်အတွင်း ဒါဝိဒ်နှင့် ဟာနတ်တို့၏ ဘုံရန်သူဖြစ်သည်။ ထို့ကြောင့် ဒါဝိဒ်က နာဟတ်၏သား ဟာနန် နန်းတက်သောအခါ ဂုဏ်ပြုချင်သည်။ ဖခင်သေဆုံးမှုအတွက် အားပေးကူညီချင်သည်။ သို့သော် ဟာနန်သည် ဒါဝိဒ်လွှတ်လိုက်သော ကိုယ်စားလှယ်တော်များ အယုံအကြည်မရှိ။ သူလျှိုများဟု သံသယဝင်နေသည်။ ဒါဝိဒ်က သူ့လူများ ဟာနန်က ထိုကဲ့သို့ ယဉ်ကျေးမှု ကင်းမဲ့စွာ ဧည့်ခံကြောင်း ကြားသိသောအခါ စိတ်ဆိုးသွားသည်။

၁၀:  ဒါဝိဒ်မင်းစိတ်ဆိုးကြောင်း သိရှိသောအခါ အမ္မုန်သားများသည် ဣသရေလတို့အား စစ်အင်အားတုံ့ပြန်ရန် စစ်ရေးစစ်ရာ ကဗျာကယာ ပြင်ဆင်ကြသည်။ ရှုရိစစ်သားများ သွားရောက်ငှါးရမ်းသည် (၅ရာ ၁၉ ကိုကြည့်)။ ဒါဝိဒ်စစ်သူကြီး ယွာဘသည် ရှုရိလူနှင့် အမ္မုန်လူ ဘက်သို့ စစ်မျက်နှာနှစ်ဘက် ရင်ဆိုင်ရသည်။

အပိုဒ်ငယ် ၆ နှင့် ၁၉:၆-၇ တို့ကို John Haley က ဤသို့ဆက်စပ်ပေးသည်။

ဗက်ရဟောဘမြို့သည် မေဘာ ပေါက်ရအရပ်တွင် မြို့ပြနိုင်ငံငယ် တခုဖြစ်သည်။ မာခ၊ ဇောဘ၊ တောဘပြည်များ သည်လည်း ရှရိပြည်၏ လက်အောက်ခံနိုင်ငံငယ်များ ဖြစ်သည်။ အင်အားစာရင်းကို အောက်တွင် ရှင်းပြပါမည်။

ဓမ္မရာဇဝင် ဒုတိယစာစောင်

ဗက်ရဟောဘနှင့် ဇောဘရှုရိလူ                                                          ၂၀၀၀၀

တောဘရှိ ရှုရိလူ                                                                               ၁၂၀၀၀

မာခရှိ ရှုရိလူ                                                                                     ၁၀၀၀

စုစုပေါင်း                                                                                         ၃၃၀၀၀

ရာဇဝင်ချုပ် ပထမစာစောင်

ဇောဘပြည်ရှိ ရှုရိလူပေါင်း                                                                 ၃၂၀၀၀

မာခပြည်ရှိ ရှုရိလူ                                                                             ၁၀၀၀

စုစုပေါင်း                                                                                         ၃၃၀၀၀

၁၀:၁၄  စစ်သူကြီးယွာဘ သည် မိမိတပ်ကို နှစ်ဖွဲ့ခွဲလျှက် လက်ရွေးစင်တပ်ဖွဲ့ အချို့ကို ကိုယ်တွယ်ကွပ်ကဲသည်။ ရှုရိတို့ကို ရင်ဆိုင်သည်။ အဘိရှဲ ခေါင်းဆောင်သောတပ်ဖွဲ့ကို အမ္မုန်လူတို့အား တိုက်ခိုက်စေသည်။ စစ်သူကြီးနှစ်ယောက် စလုံးသည် စိတ်တူကိုယ်တူရှိကြ၍ အပြန်အလှန်ကူညီကြဖို့ ကြိုတင်ဇာတ်တိုက်ထားကြသည်။ ယွာဘကို မြင်သောအခါ ရှုရိစစ်သားများသည် တချိုးတည်း ထွက်ပြေးကြသည်။

၁၀:၁၅၁၉  များမကြာမှီ ရှုရိလူများသည် ပြန်လည်စုဖွဲ့၍ ဣသရေလလူများအား တုံ့ပြန်ကြသည်။ ယောဒန် မြစ် အရှေ့ဘက်ကမ်း ဟေလံအရပ်တွင် စုဖွဲ့ကြသည် (နေရာအတိအကျမသိပါ)။ ဒါဝိဒ်၏ တပ်ဖွဲ့သည် ချောင်းကူးမြစ်ကူးတိုက်ပွဲ ဆင်နွဲ၍ ချေမှုန်းသုတ်သင်ရာ မြင်းရထားခုနှစ်ရာနှင့် မြင်းစစ်သည် တော် ခုနှစ်ထောင် ဖျက်စီးပစ်သည်။ (၅ရာ ၁၉:၁၈ တွင် မြင်းရထားခုနှစ်ထောင်နှင့် ခြေလျှင်စစ်သား လေးထောင်ပျက်စီးဆုံးရှုံးသည်ဟု မှတ်တမ်းတင်သည်)။ Williamsu က လူပေါင်းလေးသောင်း ပါဝင်သော မြင်းတပ်မနှင့် အပေါ့စားစစ်ရထားခုနှစ်ရာ၊ အင်အားလေးသောင်းပါရှိသော ခြေလျှင်တပ်မဟာနှင့် အကြီးစားစစ်ရထား ခုနှစ်ထောင်ဖြစ်မည်၁၂ ဟု တွက်ချက်သည်။ ရှရိတို့သည် ဒါဝိဒ်၏ စစ်ရေးစွမ်းရည်ကို ကောင်းကောင်းသဘောပေါက်ကြသောကြောင့် အမ္မုန်လူများအား ဘယ်သောအခါမှ စစ်ကူမပြုရဲတော့ပါ။

Previous Article
Next Article