တရားသူကြီးမှတ်စာ ၁၁

၂။ ယေဖသက ဣသရေလတို့ ခုခံကာကွယ်ခြင်း (၁၁:၂၈)

          ၁၁: ယေဖသသည် ဤအချိန်ကာလ၏ လူသားဖြစ်သည်။ ဂိလဒ်အမျိုး၊ ခွန်အား ဗလတောင့်တင်းသူ၊ ပြည့်တန်ဆာမ၏သား ဖြစ်သည်။ မိမိလူမျိုးက လက်မခံကြသဖြင့် တောဘအရပ် (ဆီးရီးယားပြည်)တွင် နေ၍ နေရာအတည်တကျမရှိ၊ ခြေသလုံးအိမ်တိုင်သမားများကို စုစည်းခေါင်းဆောင်သည်။

၁၁:၁၁ ဂိလဒ်ပြည်အား အမ္မုန်အမျိုးက တိုက်ခိုက်လာကြသောအခါ ဂိလဒ်လူကြီးမင်းများသည် ဣသရေလတပ်ပေါင်းစုကြီးအား ကြီးကြပ်ကွပ်ကဲရန် ယေဖသအား လာရောက်တောင်းဆိုကြသည်။ အကယ်၍ စစ်ပွဲအောင်နိုင်လျှင် အမျိုးအဖြစ် ပြန်လည်လက်ခံမည်ဟု ကမ်းလှမ်းကြသည်။

ဤနေရာတွင် ယေဖသသည် ခရစ်တော်နှင့်ပုံတူချင်သည်။ မွေးဖွားပုံချင်းနှင့် ညီအကိုများက အသိအမှတ်မပြုကြပုံချင်း ဆင်သည်။ တစ်မျိုးသားလုံးနှင့်ယှဉ်၍ ဝန်ထုပ်ဝန်ပိုးကျရောက်သောအခါ တစ်ခါက ပထုတ်ခဲ့သောသူကို ပြန်လည်သတိရကြသည်။ ထိုသို့ဖြင့် ယေဖသသည် ဂိလဒ်လူကြီးများနှင့် အပေးအယူသဘောတည့်သွားကြသည်။ ဘုရားသခင်ရှေ့ ၌လည်း သက်သေထွက်ဆိုကြသည်။

၁၁:၁၂၂၈ ယေဖသက အမ္မုန်မင်းထံ သတင်းစကားပါးလိုက်သည်။ အဘယ်ကြောင့် ပုန်ကန်တိုက်ခိုက်ကြသနည်းဟု မေးသည်။ အမ္မုန်မင်းက ဣသရေလတို့သည် အဲဂုတ္တုပြည်မှ ထွက်ရှိလာစဉ်ကတည်းကပင် အမ္မုန်လူတို့၏ နယ်မြေများကို လုယက်ခိုးယူခဲ့ကြသည်ဟု စွပ်စွဲလိုက်သည်။ ထိုသို့မဟုတ်ရပါကြောင်း ဘုရားသခင်က ဣသရေလလူတို့အား ဧဒုံလူမျိုးနှင့် မရောနှောဖို့ တားမြစ်ထားကြောင်း (တရား ၂:၄-၅)၊ မောဘလူ (တရား ၂:၉) သို့မဟုတ် အမ္မုန်လူ (တရား ၂:၁၉)တို့သည် ယုဒလူမျိုးနှင့် သွေးဝေးကြပါသည်။ ထို့ကြောင့် ဧဒုံလူနှင့် မောဘလူတို့၏ နယ်မြေကိုဖြတ်သန်းခြင်းဖြစ်ကြောင်း ယေဖသကရှင်းပြသည်။ သို့သော် အမ္မုန်နယ် ဖြတ်ကျော်လာစဉ် ရှိဟုန်မင်းကို ဖမ်းဆီးခဲ့ကြကြောင်း၊ အမ္မုန်ပိုင် ဥစ္စာပစ္စည်းများကို သိမ်းပိုက်ခဲ့ကြကြောင်း အမ္မုန်မင်းက ထောက်ပြသည်။

ထို့ကြောင့် မပြေးသော်လည်း ကန်ရာရှိသောကြောင့် ယေဖသသည် မလွဲရှောင်သာဘဲ စစ်ရေးပြင်ဆင်ရသည်။

ယေဖသ၏ကတိသစ္စာ (၁၁:၂၉ ၄၀)

          ၁၁:၂၉၄၀ ယေဖသက တိုက်ပွဲမဝင်မီ ဤသို့ ကတိသစ္စာပြုသည်။ အကယ်၍ စစ်မြေပြင်မှ အောင်ပွဲနှင့်အတူ ပြန်လာလျှင် ပထမဦးဆုံး ဆီးကြိုသူ အိမ်သားအား ဘုရားသခင်ထံ ယဇ်ပူဇော်မည်ဟု ဆိုသည်။ ဘုရားသခင်က စစ်ပွဲအောင်မြင်ခွင့်ပေးသောကြောင့် အိမ်သို့ပြန်လာသောအခါ ယေဖသအား ပထမဦးဆုံး ကြိုဆိုသူ အိမ်သားအား ဘုရားသခင်ထံ ယဇ်ပူဇော်မည်ဟု ဆိုသည်။ ဘုရားသခင်က စစ်ပွဲအောင်မြင်ခွင့်ပေးသောကြောင့် အိမ်သို့ပြန်လာသောအခါ ယေဖသအား ပထမဦးဆုံး ကြိုဆိုသူမှာ တစ်ဦးတည်းသောသမီးပျို ဖခင်အသည်းစွဲမလေး ဖြစ်နေသည်။ ထို့ကြောင့် ကတိသစ္စာပြုသည့်အတိုင်း ပြုရသည်။

ဤကျမ်းချက်နှင့်ပတ်သက်၍ စဉ်းစားစရာများစွာရှိသည်။ ယေဖသသည် သူ့သမီးကို အမှန်တကယ် ယဇ်ကောင်အဖြစ်ပူဇော်ပါသလား၊ ကျမ်းစာမူရင်းအတိုင်းဆိုလျှင် သူ့သမီးကိုသတ်၍ ယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရာ ယဇ်အဖြစ် ပူဇော်ရမည်။ ကျမ်းစာမူရင်းအတိုင်းဆိုလျှင် မှန်ကန်ပါသော်လည်း လူသားဖြင့် ယဇ်ပူဇော်ခြင်းသည် စက်ဆုပ်ရွံ့ရှာစရာဖြစ်သကဲ့သို့ ဘုရားသခင်ကလည်း အသိအမှတ်မပြု (တရား ၁၈:၉-၁၄)။ တိရစ္ဆာန်များဖြင့်သာလျှင် ပြန်လည်ရွေးယူရသည် (ထွ ၁၃:၁၂-၁၃၊ ဝတ် ၂၇:၁-၈)။

အခြားရှုဒေါင့်တစ်ခုမှာ ယေဖသက သူ့သမီး အပျိုစင်မှန်ကန်ခြင်းဖြင့် ဘုရားရှင်အား ပူဇော်ခြင်းဖြစ်သည်။ ယေဖသရှေ့တန်း စစ်မြေပြင်မှ ပြန်လာစဉ် မှန်ပြတင်းပေါက်ဖွင့်၍ ပထမဦးဆုံး ကြိုဆိုသူကိုအား သခင်အား ဆက်သမည် သို့မဟုတ် မီးရှို့ပူဇော်မည်ဟု ဆိုခြင်းဖြစ်နိုင်သည် (ငယ်၃၁)။ သူ၏ သမီးပျိုကညာ၏ စစ်မှန်ကြောင်းကို အငယ်၃၇-၃၉တွင် တွေ့ရသည်။ သို့သော်လည်း ဤကျမ်းချက်၏ အဓိပ္ပါယ်ကို တိကျဖွင့်ဆိုနိုင်ခြင်းမရှိပါ။

Previous Article
Next Article