တောလည်ရာကျမ်း ၃၅

() လေဝိအမျိုး မြို့ကြီးပြကြီး (၃၅:)

       ၃၅: လေဝိအမျိုးသည် အခြားသော လူမျိုးများကဲ့သို့ နယ်မြေမရရှိခဲ့ကြသောကြောင့် ဘုရားသခင်က မြို့ကြီးပြကြီး(၄၈)မြို့ သတ်မှတ်ပြဌာန်းပေးသည်။ အပိုဒ်ငယ် ၄-၅ သည် ရှုပ်ထွေးသောကြောင့် နားမရှင်းသော်လည်း ထိုမြို့ပြကြီးများပတ်လည်သည် စားကျက်မြေကောင်းသော လွင်ပြင်များဖြစ်သည်မှာ သေချာသည်။ (အပိုဒ်ငယ် ၅တွင်ပါရှိသည့် နှစ်ထောင်စီဆိုသည်မှာ အပိုဒ်ငယ် ၄တွင် ပါရှိသည့် အတောင်တစ်ထောင်နှင့် တွေးဆချင့်ချိန်စရာဖြစ်ပါသည်။)

() ကြီးလေးသောအပြစ်ဒဏ်နှင့် မှီခိုရာဘေးမဲ့မြို့ (၃၅:၃၄)

       ၃၅: လေဝိတို့ပိုင်သော မြို့ပြကြီးများအနက် (၆)မြို့ကို ဒုက္ခသည်များ ခိုလှုံရာဘေးမဲ့မြို့အဖြစ် ပြဌာန်းထားသည်။ မတော်တဆ သူတစ်ပါးအသက်သတ်မိသူသည် ထိုမြို့သို့ ပြေးခိုရသည်။ ထိုသို့ပြေးခိုလျှင် စစ်ကြောမေးမြန်းခြင်းမှ ကင်းလွတ်ခွင့်ရသည်။ ဣသရေလလူများသည် မိမိတို့ ဝေစုအလိုက် လေဝိအမျိုးကို ပေးလှူကြရသည်။

၃၅:၂၁ ထိုဘေးမဲ့ခိုလှုံရာမြို့ (၆)မြို့သည် ယော်ဒန်မြစ်တစ်ဖက်တစ်ချက်()မြို့စီရှိသည်။ လူသတ်မိသူအား ကျန်ရစ်သူဆွေမျိုးသားချင်းများက ရန်တုံ့ပြန်ကလဲ့စားမချေနိုင်ရန် ခိုလှုံခွင့်ပေးရသည်။ လူသတ်မှုကျူးလွန်မိသူသည် တရားသဖြင့် စီရင်ခြင်းမတိုင်မှီ၊ ထိုမြို့တွင် အသက်ဘေးရန်ကင်းရှင်းစွာ နေခွင့်ရသည် (ငယ် ၁၂)။ သို့သော် ထိုမြို့သူမြို့သားများသည် လူသတ်မှုဖြင့် ပြေးခိုလှုံလာသူတိုင်းအား ဘေးရန်လွတ်ခွင့်ပေးသည်မဟုတ် (ငယ် ၁၆-၁၉)။ မုန်းတီးမှုဖြင့် ကလဲ့စားချေပြီးမှ ပြေးခိုလှုံခြင်း၊ တမင်တကာ လူသတ်ခြင်းဖြင့် ခိုလှုံခြင်းများအားခွင့်မပြု။ တရားတော်အတိုင်းသေဒဏ်ခံရသည် (ငယ် ၂၀-၂၁)။

၃၅:၂၂၂၈ ထိုမြို့ကို ခိုလှုံရသော တရားခံသည် သူ့ကို ခိုလှုံ ခွင့်ပေးသော ယဇ်ပရောဟိတ်မသေမချင်ိး ထိုမြို့တွင်ခိုလှုံ ရသည်။ မြို့ပြင်မထွက်ရ။ ယဇ်ပုရောဟိတ် အသေပြီးမှသာလျှင် အိမ်ပြန်ခွင့်ရှိသည် (ငယ် ၂၈)။ အကယ်၍ ယဇ်ပုရောဟိတ်မင်း မသေမှီ ခိုလှုံရာမြို့တစ်ဘက်သို့ ထွက်သွား၍ လက်တုံ့ပြန်ကလဲ့စားခံရပါက အမှုအခင်းမရှိ (ငယ် ၂၆-၂၈)။ ကလဲ့စားချေသူအား အပြစ်မယူနိုင်။

ယဇ်ပုရောဟိတ်သေလွန်ခြင်းက ထိုသူ၏ ချည်နှောင်မှုအား လွတ်ငြိမ်းချမ်းသာခွင့်ပေးသည်။ သူသတ်မိသော ဆွေမျိုးများက သေစားသေစေ တောင်းဆို ကျူးလွန်ခွင့်မရှိ။ ယုံကြည်သူများ ယဇ်ပုရောဟိတ်ကြီး အသေခံခြင်းကြောင့် ပညတ်တရားကယုံကြည်သူများ၏ အပြစ်အဖိုးအခကို မတောင်ဆိုခြင်းကို ပုံဆောင်သည်။ ခရစ်တော်ပြုသော အမှုတော်ကို မသိနားမလည်၊ မယုံကြည်သူများအတွက်မူ အရူးအလုပ်ဟု ထင်ကောင်းထင်ကြမည်။ ထိုအကြောင်းနှင့်ပတ်သက်၍ Unger က ဤသို့ အသေးစိတ်နှိုင်းယှဉ် ရှင်းပြသည်။

ရဗ္ဗိဆရာများ ထုံးတမ်းစဉ်လာအရ အသက်ဘေးရင်ဆိုင်နေသော ဒုက္ခသည်များသည် မင်းတိုင်ပင်အမတ်များ အလုပ်နှင့်လည်း သက်ဆိုင်သည်။ မင်းတိုင်ပင်အမတ်ကြီးများက ထိုမြို့အား အကောင်းဆုံးပြင်ဆင် ထိန်းသိမ်းသည်။ တောင်ကုန်းတောင်မြင့်မရှိ။ ချောင်းတိုင်းကို တံတားခင်းသည်။ လမ်းမကြီးသည် အတောင် ၃၀ ကျယ်သည်။ နေရာတိုင်းမှ ဘေးဒုက္ခသည်များ ခိုလှုံရာဟု ရေးထားသည်။ ခိုလှုံရန်ပြေးလွှားသူများအား ကြိုဆိုဧည့်ခံရန် လူ()ယောက်အမြဲတမ်း တာဝန်ခွဲထားသည်။ ရန်ရှာလိုက်လာသူများက ဒုက္ခမပေးနိုင်အောင် ကာကွယ် စောင့်ရှောက်ပေး ကြသည်။၁၈

ဤကျမ်းချက်က ဣသရေလတို့၏ နမော်နမဲ့လူသတ်တတ်ပုံကို သင်ခန်းစာပေးပါသည်။ မေရှိယသခင်ကိုလည်း အပြစ်မရှိပါဘဲလျက် သေစေခဲ့ကြသည် (တ၃:၁၇)။ သခင်ယေရှုက ထိုသူများအတွက် “မိမိကိုယ်ကို ဘာလုပ်ကြမှန်းမသိကြသူများဖြစ်သည်” (လု ၂၃:၃၄)ဟု ဆုတောင်းပေးခဲ့သည်။ လူသတ်မှုကျူးလွန်သူများသည် မိမိနေအိမ်တွင် မနေရဲသဖြင့် ထိုမြို့သို့ ခိုလှုံကြသကဲ့သို့ ဣသရေလလူမျိုးသည်လည်း ယဇ်ပုရောဟိတ်ထို့ ပြန်လည်ခိုလှုံကြရမည်။ ဣသရေလတို့က သတ်ကြသော်လည်း ယဇ်ပုရောဟိတ်မင်းကြီးသည် အမှန်တကယ်မသေ။ ကမ္ဘာမြေကို အုပ်စိုးဖို့ တဖန်ကြွလာဦးမည်။

၃၅:၂၉၃၄ လူသတ်မှုသည် ကြီးလေးသော အပြစ်ဒဏ်ဖြစ်သည်။ သေစားသေစေခြင်းမှ တပါး ပြင်ဆင်စရာမရှိ။ လွတ်မြောက်စရာနတ္ထိ (ငယ် ၃၀-၃၁) မှီခိုရာမြို့ခိုလှုံသူသည် ထိုမြို့မှ ထွက်ခွာခွင့်မရှိ။ (ငယ်၃၂)။ သူတစ်ပါး အသက်သတ်သောသူသည် မိမိအသက်ဖြင့် ပြန်လည်ပေးဆပ်ရသည် (ငယ် ၃၃-၃၄)။ ဤအဖြစ်အပျက်နှင့် ခရစ်တော်အသေခံခြင်းကို နှိုင်းယှဉ်ဆင်ခြင်ကြည့်ပါ။

Previous Article
Next Article