တောလည်ရာကျမ်း ၃၄
(ဈ) ကတိတော်မြေ နယ်နမိတ် (အခန်း ၃၄)
၃၄:၁–၁၅ ကတိတော်ပြည်၏ အကျယ်အဝန်းနှင့် နယ်နမိတ်ကို အခန်းငယ် ၁-၅တွင် မှတ်တမ်းတင်ထားသည်။ ယေဘူယျအားဖြင့် တောင်ဘက်နယ်နမိတ်မှာ ဆားပင်လယ် (ပင်လယ်သေ)မှ အဲဂုတ္တုချောင်းမှ မြေထဲပင်လယ် (ငယ် ၃-၅) ဖြစ်သည်။ “အနောက်ဘက်နယ်နမိတ်မှာ မဟာ(မြေထဲပင်လယ်)ပင်လယ်(ငယ်၆) အတိုင်းဖြစ်သည်။ မြောက်ဘက်နယ်နမိတ်မှာ မြေထဲပင်လယ်မှ ဟောရတောင် (ဣသရေလတို့ ခရီးစဉ်ထဲမှ ဟောရတောင်မဟုတ်)မှ ဟာမတ်လမ်းဝ၊ ဇေဒပ်ရွာကို ဖြတ်၍ ဟာဇရေနန်ရွာအထိဖြစ်သည် (ငယ် ၇-၉)။ ယော်ဒန်မြစ် အတိုင်းဆားပင်လယ် (ပင်လယ်သေ)(ငယ်၁၀-၁၂) ဖြစ်သည်။ လူမျိုးကိုးမျိုးနှင့်တစ်ဝက်သည် ထိုကတိတော်မြေကို အမွေပိုင်စိုးကြသည်။ လူမျိုးနှဏ်မျိုးနှင့် တစ်ဝက်သည် ယော်ဒန်မြစ်အရှေ့ဘက်ကမ်းကို ပိုင်စိုးကြသည်၊ (ငယ် ၁၃-၁၅)။
၃၄:၁၆–၂၉ နယ်မြေဒေသခွဲဝေပိုင်းခြားကြပုံကို ငယ် ၁၆-၂၉တွင် မှတ်တမ်းတင်ထားသည်။