တောလည်ရာကျမ်း ၃၂
(ဆ) ရုဗင်၊ ဂဒ်တို့ကတစ်ဝက် မနာရှေအမျိုးက တစ်ဝက်အမွေဆက်ခံခြင်း (အခန်း ၃၂)
၃၂:၁–၁၅ ရုဗင်နှင့် ဂဒ်လူမျိုးတို့သည် ယော်ဒန်မြစ်ကမ်းလွင်ပြင်ကို တွေ့မြင်ကြသောအခါ ထိုအရပ်ဒေသ၌ နေရစ်ခဲ့ချင်ကြသည် (ငယ် ၁-၅)။ ထိုသို့ စိတ်ကူးခြင်းသည် ညီအစ်ကိုများနှင့်အတူ လက်တွဲ၍ ယော်ဒန်မြစ်ကူးကာ၊ ခါနန်သားများတိုက်ခိုက်လိုစိတ်မရှိကြ။ ညီအစ်ကိုသွေးဝမ်းကွဲချင်စိတ် ရှိသူများဟု မောရှေက ယူဆသည် (ငယ် ၆-၁၅)။ ညီအစ်ကိုများကို စိတ်ဓာတ်ပျက်ပြားစေသူများ ဖြစ်သည်။ ပြည်တော်သို့ ဝင်ဖို့ သင်တို့အဘများကို ဘုရားသခင်က ကာဒေရှအရပ်တိုင်အောင် ပို့ဆောင်ခဲ့သည် မဟုတ်လားဟု ဆိုသည်။
၃၂:၁၆–၄၂ ရုဗင်နှင့်ဂဒ်သည် (၃)ကြိမ်တိုင်အောင် မောရှေအား နားပူနားဆာလုပ်ကြပြီးနောက် ယော်ဒန်မြစ် အနောက်ဘက်ကမ်းရှိ ရန်သူများကို တိုက်ကူဖို့သဘောတူကြသည် (ငယ် ၁၆-၃၂)။ မောရှေကလည်း အာမောရိအမျိုး ရှိဟုန်မင်း၏ ပြည်နှင့် ဗာရှန်ဘုရင်ဩဃမင်း၏ ပြည်အား ယောသပ်၏သား မနာရှေအမျိုးသို့ တစ်ဝက်၊ ရုဗင်နှင့် ဂဒ်အမျိုးသို့တစ်ဝက် အပိုင်စားပေးမည့်အကြောင်း ကတိပေးလိုက်သည်။ သို့ဖြင့် ရုဗင်နှင့် ဂဒ်အမျိုးသည် ထိုနေရာတွင် မြို့ပြပြည်ရွာ အခိုင်အမာတည်ဆောက်လျက် မိသားစုကို ထားပစ်ခဲ့ကြသည် (ငယ် ၃၃-၄၂)။
လူများစုက ရုဗင်နှင့်ဂဒ်သည် အမြော်အမြင်မပြည့်စုံသူများဟု သတ်မှတ်ကြသည်။ ထိုအရပ်ဒေသသည် မြေဆီမြေနှစ်ကောင်းမွန်သော်လည်း ရန်သူတံခါးဝ၌ ရှိနေသောကြောင့် ရတက်မအေးနိုင်ကြ။ ယော်ဒန်မြစ်၏ သဘာဝအတားအဆီးအကွယ်အကာမရကြ။ ရုဗင်နှင့် ဂဒ်လူမျိုးအပါအဝင် ထိုသူများနှင့် ပေါင်းစပ်သော မနာရှေအမျိုး တစ်ချို့တစ်ဝက်သည် နောင်တွင် တိုက်ခိုက်ဖမ်းဆီးခြင်း၊ ဦးစွာခံကြရသည်။ တစ်နည်းအားဖြင့် ထိုအရပ်ဒေသ၌ ဣသေ၇လလူများ အတည်တကျ နေထိုင်နိုင်ကြပါသလား။ ဘုရားသခင်က ဣသရေလ လူမျိုးအတွက် ကတိတော်မြ သတ်မှတ်ပေးပြီးသားဖြစ်သည်။ (တရား ၂:၂၄-၃၁၊ ၃:၂)။