တောလည်ရာကျမ်း ၂၃
၂၃:၁၃–၁၅ တဖန် ဗာလက်မင်းက ပရောဖက်ဗာလမ်အား အခြားတောင်ထပ်ပေါ်သို့ ခေါ်ဆောင်ပြီး ယဇ်ပလ္လင်(၇)ခုတည်ကာ၊ ဣသရေလတို့အား ကျိန်စာတိုက်ခိုင်း ပြန်သည် (ငယ် ၁၃-၁၄)။
၂၃:၁၆–၂၆ ဒုတိယအကြိမ်တွင်လည်း ဗာလမ်သို့ပြောသော ဘုရားသခင်၏စကားတော်သည် ပြောင်းလဲခြင်းမရှိ (ငယ် ၁၈-၂၀-၂၁) ပထမပိုင်းသည် ဣသရေလတို့၏ ဘဝမဟုတ်၊ အနေအထားသာဖြစ်သည်။ ပရိသတ်များသည် ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်ကြသည်။ ယနေ့ခေတ် ကာလတွင်လည်း ဘုရားသခင်ရှေ့ရောက်ရှိသူများသည် သားတော်ယေရှု ခရစ်တော်အား ယုံကြည်ခြင်းဖြင့် ပြည့်စုံကြသူများဖြစ်သည်။ ဘုရားသခင်သည် ဣသရေလတို့ အလယ်တွင် စိုးစံနေသောကြောင့် ဣသရေလို့သည် ဘုရားသခင်ထံ အော်ဟစ်တောင်းလျှောက်ခွင့်ရကြသည် (ငယ်၂၁)။ အဲဂုတ္တုပြည်မှ ခေါ်ထုတ်ပြီး လိုအပ်သောခွန်အားဖြည့်ဆည်းပေးသည်။ မည်သည့်အခက်အခဲဘေးဒုက္ခကမှ မပိနိုင်။ “ဘုရားသခင်ပြုတော်မူချက်သည် ကြီးမြတ်လှပါဘိ” (ငယ် ၂၂-၂၄)ဟု မပြသောကာလတွင် မျက်ဝါးထင်ထင်တွေ့မြင်ဝန်ခံကြမည်။ ဗာလမ်က ဣသရေလတို့အား ကျိန်စာတိုက်ခြင်း မပြုသောအခါ၊ ဗာလက်က ကျိန်စာမတိုက်နိုင်လျှင်လည်း ကောင်းကြီးမင်္ဂလာမပေးနှင့် (ငယ် ၂၅)ဟုဆိုသည်။ ထိုအခါ ပရောဖက်ဗာလမ်က ဘုရားသခင်မိန့်တော်မူသည်အတိုင်း လိုက်လုပ်ပါမည်ဟု ပြန်ဖြေသည်။
၂၃:၂၇–၃၀ တတိယအကြိမ်အဖြစ် ဗာလက်သည် ဗာလမ်အား ပေဂုရတောင်ထိပ်ပေါ်သို့ ခေါင်းဆောင်သွားပြီး ဣသရေလတို့အား ကျိန်စာတိုက်ခိုင်းပြန်သည်။