ဝတ်ပြုရာကျမ်း ၃

() မိတ်သဟာယယဇ်ပူဇော်ခြင်း (အခန်း )

          :၁၅ ငြိမ်းချမ်းရေးယဇ် သို့မဟုတ် မဿဟာယယဇ် (Heb, Shelem) သည် အစွမ်းအစ အကျိုးသက်ရာက်မှု ဖြစ်ထွန်းအောင် ယဇ်ကောင်အသွေးသွန်းလောင်း၍ ဘုရားသခင်နှင့် မိဿဟာယပြုခြင်းဖြစ်သည်။ ပျော်ရွှင်ခြင်း၊ ချစ်ခြင်းမေတ္တာနှင့် ပေါင်းဖက်ပျော်ရွှင်သောပွဲဖြစ်သည်။

ယဇ်ပူဇော်ခြင်း၊ သုံးမျိုးသုံးဆင့်ရှိသည်။ တိရစ္ဆာန်ယဇ်ကောင် နွားထီး၊ သို့မဟုတ် နွားမ(ငယ် ၁၂၊၁၇) ပူဇော်ရသည်။

ယဇ်ပူဇော်သူ၏ တာဝန်ဝတ္တရား။ ပူဇော်မည့်ယဇ်ကောင်ကို ထာဝရရှေ့တော်သို့ ခေါ်ဆောင်လာရသည် (ငယ် ၁၊၂၊၇၊၁၂)။ ယဇ်ကောင်ခေါင်းပေါ်တွင်လက်တင်ပေးရသည် (ငယ်၂၊၈၊၁၃)။ ပရိသတ်စည်းဝေးရာတဲတော်တံခါးနားမှာ ယဇ်ကောင်ကို သတ်ရသည် (ငယ်၂၊၈၊၁၃)။ ယဇ်ကောင်၏ အူကိုဖုံးသော ဆီဥ၊ အူနှင့်ဆိုင်သောဆီဥ၊ ကျောက်ကပ်၊ အသည်းနှင့်အသည်းပေါ်ရှိ အမြှေးအဆီများများကို မီးရှို့ရာ ယဇ်ပလ္လင်ပေါ်သို့ ပို့ဆောင်ရသည် (ငယ် ၃၊၄၊၉၊၁၀၊၁၄၊၁၅)။ ပူဇော်ရသည် (အဆီနှင့်ဆိုင်သောအပိုင်းများ) (ငယ် ၅)။

ယဇ်ကောင်သားခွဲဝေခြင်း။ ဘုရားသခင်အတွက်ဝေစုကို မီးရှို့ပူဇော်ရသည် (ငယ် ၁၁)။ အဆီ၊ ကျောက်ကပ်နှင့်အဆီမြှေးတို့သည် ဘုရားရှင်အတွက်ဝေစုဖြစ်သည်။ ၇:၃၂-၃၃) တွင် ဦးစီးဦးဆောင်သော ယဇ်ပုရောဟိတ်သည် ယဇ်ကောင်၏ ညာပေါင်ကို ရရှိ၍ အခြားယဇ်ပုရောဟိတ်များက ရင်အုံကို ခွဲဝေယူကြသည်ဟု ဆိုထားသည် (၇:၃၁)။ ဘုရားသခင်ရှေ့၌ ချီလွှဲပူဇော်ရသော ယဇ်ဖြစ်၍ ပူဇော်သူက စားသောက်ခွင့်ရှိသည် (၇:၁၅-၂၁)။

ဤပူဇော်သက္ကာတွင်သာလျှင် ယဇ်ပူဇော်သူက ဝေစုရပိုင်ခွင့်ရှိသည်။ မိသားစု မိတ်ဆွေ အပေါင်းအသင်းများနှင့် အတူတကွ စားသောက်သုံးဆောင်ခွင့်ရှိသည်။ ဤပူဇော်သက္ကာသည် ဣသရေလအမျိုးနှင့် ပဋိညာဉ်အကြား ပိုမိုခိုင်မာစေသည်။

ယဇ်ကောင်ကို ယူဆောင်လာသူသည် အားရကျေနပ်စွာ ယူဆောင်လာသောကြောင့် ယေဟောဝါ ဘုရားသခင်နှင့် ပိုမိုမိဿဟာယဖွဲ့ရသည်။ ဝမ်းမြောက်ပျော်ရွှင်ကြောင်း သက်သေပြခြင်းဖြစ်သည်။  ဘုရားသခင်နှင့် ငြိမ်းချမ်းရေးထပ်ဆင့်ဖွဲ့ဆိုခြင်းဖြစ်၍ ကတိကဝတ်အသစ်ပြုခြင်းဖြစ်သည်။ ကျေးဇူးတော် ချီးမွမ်းခြင်းဖြစ်သည်။

ထိုအကြောင်းကို Peter Pell က ဤသို့ဆိုသည်။ ဤငြိမ်းချမ်းရေးယဇ် (သို့) မိဿဟာယယဇ်သည် ကားတိုင်ပေါ်တွင် ခရစ်တော်ပြုခဲ့သော အမှုတော်အား ယုံကြည်သူများပြသခြင်းဖြစ်သည်။ ခရစ်တော်ယေရှုသည် ယုံကြည်သူများ၏ ချမ်းမြေ့ရာ (ဧ ၂:၁၄)။ ကားတိုင်ပေါ်တွင် သွန်းလောင်းသော အသွေးအားဖြင့် မိဿဟာယပြုရာ (ကော ၁:၂၀) ဖြစ်သည်။ ခရစ်တော်ပြုတော်မူသောအားဖြင့် ခရစ်တော်နှင့် ဝေးလံသူများ အနီးသို့ ချဉ်းကပ်ခွင့်ရသည်။ (ဧ ၂:၁၇)။ ဘုရားသခင်နှင့် အပြစ်သားများသည် ယေရှုခရစ်တော်တွင် တွေ့ဆုံကြရသည်။ ရန်ငြိုးရန်ဖွဲ့ခြင်းဆုံးခန်းတိုင်သွားပြီ။ ခရစ်တော်ပြုတော်မူသော အမှုတော်ကြောင့် ဘုရားရှင်က လိုက်လျော၍ လောကလူသားများ ပြန်လည်နလံထလာကြသည်။

ယေရှုခရစ်တော်ပြုတော်မူခဲ့သောအမှုကို Adalbert Cevel က ၌သို့တေးသီချင်းဖွဲ့ဆိုထားသည်။

အိုဘုရားရှင်၏ ငြိမ်သက်ခြင်းစမ်းရေ သားတော်အားဖြင့် တသွင်သွင်စီးဆင်းလာ ငြိမ်သက်ချမ်းသာခြင်းဟူသည် ကရာနီကားတိုင်မှာ ပြီးပြည့်စုံသောအမှုပါ။ ကောင်းကင်မှ အသွေးက ဘုရားသခင်နှင့် စေ့စပ်ပေးရာ၊ ငါအပြစ်များကို ခွင့်လွှတ်စေသည်။ သခင်ဘုရားထမြောက်ရန် ငြိမ်သက်ခြင်း ရှင်သန်၊ အပြစ်သားငါ့ကို ဖြောင့်မတ်ခြင်းအခမဲ့ပေးခဲ့သည်။

:၁၆၁၇ အဆီနှင့်သွေးသည် ဘုရားသခင်ပိုင်ဆိုင်တော်မူရာဖြစ်သောကြောင့် ဣသရေလတို့ စားသုံးခွင့်မရှိ။ ထို့အပြင် အဆီနှင့်သွေးသည် ကျန်းမာရေးနှင့်လည်း မကိုက်ညီပါ။ ဆေးပညာထွန်းကားသော ခေတ်ကာလတွင် တိရစ္ဆာန်အဆီများကို စားသုံးရန်မသင့်တော်ကြောင်းတွေ့ရှိကြသည်။ သွေးတိုးရောဂါ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ လေငန်းရောဂါနှင့် သရက်ရွက်ရောဂါများဖြစ်စေသည်ဟု ဆိုသည်။

ပထမပူဇော်သက္ကာ(၃)မျိုးဖြစ်သော မီးရှို့၊ ဘောဇဉ်နှင့် ငြိမ်းချမ်းရေးပူဇော်သက္ကာများကို ပရိသတ်စုဝေးရာသို့ မိမိနှစ်သက်သည့်အချိန်အခါတွင် ဘုရားရှင်အား ပူဇော်နိုင်ကြသည်။ နောက်လာမည့် ပူဇော်ခြင်း(၂)မျိုးသည် အပြစ်ဒုစရိုက်ကျူးလွန်သည့်အခါ ပူဇော်ရသော ယဇ်ဖြစ်သည်။ သို့ကြောင့်ယေဘုယျအားဖြင့် ယဇ်ပူဇော်ခြင်းနှစ်မျိုးရှိ၍ စိတ်အားထက်သန်သည့်အတိုင်း ပူဇော်ခြင်းနှင့် မဖြစ်မနေပူဇော်ခြင်းဟု ခေါ်ဆိုနိုင်သည်။

Previous Article
Next Article