ထွက်မြောက်ရာကျမ်း ၉

() ပဉ္စမကပ်ဆိုး၊ တိရစ္ဆာန်များအနာရောဂါကျခြင်း (:)

          : ဖာရောမင်းအား ကြိုတင်သတိပေးသော်လည်း၊ ယုံကြည်ခြင်းမရှိ ခေါင်းမာမြဲမာနေသောကြောင့် အဲဂုတ္တုပြည်သားတို့၏ တိရစ္ဆာန်များလယ်ကွင်းပြင်အနှံ့၌ သောက်သောက်လဲ သေကြေပျက်စီးကြသည်။ ဣသရေလအမျိုးသားများ ပိုင်ဆိုင်သော တိရစ္ဆာန်များမှာမူ မသေ၊ သွေးရိုး သဘာဝထုံးစံအတိုင်းမဟုတ်ကြောင်း နားလည်သင့်သည်။ အဲဂုတ္တုတို့၏ တိရစ္ဆာန်များသည် တစ်ကောင်မှမကျန်အောင် သေခြင်းမဟုတ်ပါ။ လယ်ပြင်၌ ရှိသော အကောင်များသေကြေကြခြင်းဖြစ်သည်။ ပဿခါည၌ ကျန်ကြွင်းသောအကောင်များ သေကြောင်း ထပ်တွေ့ရသည် (၁၂:၂၉)။ အချို့အကောင်များသည် အိမ်၌ရှိနေကြသောကြောင့် မသေ။ ဆိတ်၊ သိုး၊ နွားအထီးများသည် အဲဂုတ္ထုပြည်တွင် ယဇ်ပူဇော်ရာ၌ အသုံးပြုရသော ယဇ်ကောင်များဖြစ်သည်။ ယခုယဇ်ပူဇော်စရာမရှိအောင် အထီးကောင်များ လုပ်ငန်းခွင်သုံးအကောင်များ သေကုန်ပြီ။

() ဆဋ္ဌမကပ်ဆိုး၊ အနာဆိုး (:၁၂)

          :၁၂ ဘုရားသခင်အမိန့်တော်အတိုင်း မောရှေနှင့် အာရုန်သည် မီးဖိုပြာကို လေထဲ၌ ဝှေ့ယမ်းသောအခါ ​ရောက်လေရာအရပ်၌ လူနှင့် တိရစ္ဆာန်တို့သည် အနာစိမ်း၊ အနာဆိုးများ ပေါက်ကြသည်။ ဖာရောဘုရင်၏ ဝိဇ္ဇာမျက်လှည့်ဆရာများလည်းထိုင်မရ၊ ထမရ ဝေဒနာခံစားကြသည်။ သို့သော် ဖာရောမင်းသည် ခေါင်းမာနေဆဲ။ ထို့ကြောင့်ဘုရားသခင်က သေဆိုးကပ်ဆိုး တစ်မျိုးပြီးတစ်မျိုး၊ တစ်ခုပြီးတစ်ခု ဖြစ်စေ၍ စိတ်နှလုံး ပျော့ပျောင်း ညင်သာစေသည်။

() သတ္တမကပ်ဆိုး၊ မိုးသီးနှင့်မီး (:၁၃၃၅)

          :၁၃၃၅ “ငါ၏ဘေးဒဏ်အလုံးစုံ” ဆိုသည်မှာ အဲဂုတ္တုအမျိုးပေါ်သို့ ဘုရားခင်ကျရောက်စေသော ဘေးဒဏ်များကို ဆိုလိုသည်။ ဖာရောဘုရင်နှင့် တိုင်းသူပြည်သား လူအားလုံးအား ဘုရားသခင်က တစ်ချက်တည်းနှင့် ဖျက်ဆီးနိုင်ပါသည်။ သို့သော်လည်း စိတ်နှလုံးပျော့်ပျောင်း ညင်သာစေလိုသဖြင့် ဘေးဒဏ်များဖြင့် တစ်ခုပြီးတစ်ခု သွန်သင်သည်။ ဘုရားသခင်၏ ဘုန်းတန်ခိုးကျော်စောမှုကို အဲဂုတ္တုသာများအား သိကြားစေလိုသည်။ အပိုဒ်ငယ်(၁၆)သည် ဖာရောဘုရင်အား ပြစ်တင်ရှုတ်ချခြင်း မဟုတ်ပါ။ တစ်စုံတစ်ဦးအား ပြစ်တင်ရှုတ်ချခြင်းသည် ကျမ်းစာတော်နှင့်မညီပါ။ ဘုရားသခင်၏ ဘုန်းတန်ခိုးကို မထီမဲ့မြင် ပြု၍ မထီလေးစားဆန့်ကျင်သူများအား နမူနာ သင်ခန်းစာပေးခြင်းဖြစ်သည် (ရော ၉:၁၆-၁၇) နှင့်ယှဉ်ဖတ်။

နောက်ထပ်ကပ်ဆိုးတစ်ခုမှာ မိုးသီးရွာစေသည်။ ထို့အပြင် မကြုံစဖူး မြင်ဖူးမှယုံစရာ မိုးသီးနှင့်မီးများ ရောပြွမ်း၍ ရွာချသဖြင့် အဲဂုတ္တုလူနှင့် တိရစ္ဆာန်များ ထိမှန်ကုန်သည်။ သို့သော် ဣသရေလတို့မှာ လွတ်မြောက်ကြသည် (ငယ် ၃၁၊ ၃၂)။ တိရစ္ဆာန်များ၊ လူများထိသော်လည်း ကောက်ပဲသီးနှံ ဂျုံစပါးများကိုမူ ပျက်စီးခြင်းမရှိ။ ဣသရေလတို့ အများစုနေထိုင်သော ဂေါရှန် ဒေသတွင်မူ မရွာ။ ပေါက္ခရဝဿမိုးသီးများ ဖြစ်သည်။ ဖာရောမင်း၏ တောင်းပန်ချက်အရ မောရှေ ဆုတောင်းသောအခါ မိုးသီးနှင့် မီးပန်းများ ရပ်စဲသွားသည်။ သို့သော် မောရှေ ထင်ထားသည့်အတိုင်းသာ ဖာရောမင်းသည် ကပ်ဆိုးရပ်စဲသည်နှင့် ခေါင်းမာကြောဆဲ ဗိုလ်နေမြဲကျားနေမြဲပြန်ဖြစ်ကြသည်။

Previous Article
Next Article