ဗျာဒိတ်ကျမ်း ၁၄

၁၄: ဇိအုန်တောင်ပေါ်တွင် တစ်သိန်းလေးသောင်း လေးထောင် နောက်လိုက်နောက်ပါ အခြွေအရံများနှင့် သိုးသူငယ် ရပ်နေကြောင်းတွေ့ရသည်။ နဖူးပေါ်တွင် ခမည်းတော်၏ နာမနှင့်သူ၏ နာမတံဆိပ် ခတ်နှိပ်ထားကြသည်။ သခင်ယေရှု လူ့လောကသို့ ပြန်လည်ကြွလာသောအခါ ဣသရေလ တဆယ့်နှစ်မျိုးမှ ယုံကြည်သူများနှင့်အတူ ယေရုရှလင်မြို့၌ ကြွလာမည်အကြောင်း အတိတ်စိမ်းဖြစ်သည်။ တစ်သိန်းလေးသောင်းလေးထောင်သည် အခန်း ၇မှ ပမာဏနှင့် အတူတူဖြစ်သည်။ ယခု ခရစ်တော်၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ကြွမြန်းကြရမည်။

          ၁၄: ထိုအခါ ကောင်းကင်ယံမှ သမုဒ္ဒရာ ရေသံ၊ မိုးကြိုးသံကဲ့သို့သော အသံကြားရသည်။ ထိုအသံသည် စောင်းသံကဲ့သို့လည်းဖြစ်၏။ သတ္တဝါ လေးပါးနှင့် အသက်ကြီးသူများက ပလ္လင်တော်ရှေ့တွင် သီချင်းသစ် သီဆိုချီးမွမ်းကြသည်။ ထိုသီချင်းသည် မြေကြီးမှ ရွေးနှုတ်ထားသော လူတသိန်းလေးသောင်းလေးထောင်မှ တပါး မည်သူမှ မဆိုနိုင်ကြပါ။

၁၄:၄၅ ထိုသူများသည် ကိလေသာညစ်နွမ်းခြင်းမရှိ၊ ဖြူစင်သောမဒီကပညာပျိုများဖြစ်သည်။ ညစ်နွမ်းသော ရုပ်တုဆင်းတုနှင့် ပတ်သက်ဆက်စပ်ခြင်းမရှိ၊ သန့်ပြန့်သူများဖြစ်သည်။ ဆင်ခြေဆင်လက်မရှိ၊ နာခံခြင်း အတိဖြင့် သိုးသူငယ်နောက်တော်သို့ တကောက်ကောက်လိုက်ကြသည်။ ထိုသူများကို ဘုရားသခင်နှင့် သိုးသူငယ်အဘို့ အဦးသီးသော အသီးများဟုခေါ်သည်။ ဘေးဒဏ်ကြီးကာလမှ ပထမဦးဆုံးသော ကောက်လှိုင်းများဖြစ်၍ အနှစ်တထောင်ကာလတွင် ကျော်ကြားထင်ရှားမည့်၂၅သူများဖြစ်သည်။အန္တီခရစ်၏ လိမ်ညာခြင်းကို လက်မခံသူများ၊ ကိုးကွယ်ခြင်း မပြုသူများဖြစ်သည်။ ခရစ်တော်ဘုရားသို့ ဝန်ခံသူများဖြစ်၍ အပြစ်ဆိုဖွယ်ရာ မရှိသူများဖြစ်သည်။

၁၄: ထာဝရဧဝံဂေလိတရားကို ဟောသော ကောင်းကင်တမန်တပါးဆိုသည်မှာ မ ၂၄:၁၄ ပါ “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည့်အကြောင်း နိုင်ငံတော်နှင့် ယှဉ်သော ဧဝံ့ဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတံ့”ဟူသော ကျမ်းပိုဒ်နှင့် ဆက်စပ်သည်။ ထိုဧဝံဂေလိ တရားအကြောင်းကို အခန်း၇တွင် ရှင်းပြထားပါသည်။ သားရဲထက်ဘုရားကို ကြောက်ဖို့၊ ရုပ်တုဆင်းတုထက် ဘုရားသခင်ကို ကြည်ညိုဆက်ကပ်ဖို့၊ လူထက်ဘုရားကို  အားကိုးအားထားပြုဖို့ အမိန့်ပေးထားသည်။ အဘယ်ကြောင့်ဆိုသော် ဧဝံဂေလိတရားသည် တခုတည်းသာရှိသည်။ ကယ်တင်ခြင်းသတင်းကောင်းသည် ခရစ်တော်အား ယုံကြည်ကိုးစားခြင်းဖြင့်သာ ရနိုင်သည်။ ဘေးဒဏ်ကြီ:ကာလတွင် ဧဝံဂေလိတရားသည် သားရဲ၏လူများအား ခရစ်တော်၏ လောကနိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် ရှာဖွေခေါ်ဆောင်လာမည်။

၁၄: ဒုတိယကောင်းကင်တမန်က ဗာဗုလုန်မြို့ပြိုလဲကြောင်း လိုက်လံကြေညာသည်။ အခန်း ၁၇နှင့် ၁၈တွင် တွေ့ရသည်။ ဗာဗုလုန်ဆိုသည်မှာ ယုဒအယူဝါဒမှားများဖြစ်သည့် စီးပွားရေးနှင့် ဘာသာရေး အချက်အချာ နေရာရောမမြို့ကို ရည်ညွှန်းခြင်းဖြစ်သည်။ လူမျိုးအပေါင်းသည် မေထုန်၏ အဆိပ်အတောက် တည်းဟူသော စပျစ်ရည်ကို ယစ်မူးနေကြပြီတကား။

          ၁၄:၁၀ တတိယကောင်းကင်တမန်၏ ကြွေးကြော်သံသည် ဘေးဒဏ်ကြီးကာလ၏ အလယ်ကာလရောက်နေသည်။ သားရဲတို့ကို ကိုးကွယ်သူများအား ဘုရားသခင်၏ အမျက်ဒေါသကို ယခုမှစ၍ ထာဝရ ခံစားကြမည်ဟု သတိပေးထားသည်။ ဘုရားသခင်၏ အမျက်ဒေါသအား ကမ္ဘာနှင့် အဝှမ်း လိုက်လံသွန်းလောင်းမည်။ သို့သော်လည်း ထိုအမျက်သည် မီးနှင့်ကန့်များဖြစ်၍ မယုံကြည်သူများ အပေါ်သို့သာကျရောက်မည်။

          ၁၄:၁၁ ငရဲပြည်သည် ထာဝရကာလ ညှဉ်းဆဲခြင်းခံရသော နေရာဖြစ်ကြောင်း ဤကျမ်းပိုဒ်က သတိပေးထားပါသည်။ ဆိုးသွမ်းသူ၏ ရုပ်အလောင်းကို ဖျက်ဆီးသုတ်သင်မည်ဟု သမ္မာကျမ်းစာတွင် သွန်သင်ချက်မရှိပါ။ ညှဉ်းဆဲခြင်းမီးခိုးသည် ကာလအစဉ်ဆက်၊ နေ့ညမပြတ် တလူလူအူနေမည်။

          ၁၄:၁၂ ထို့ကြောင့် သန့်ရှင်းသူများသည် လူနှင့် ရုပ်တုကို ငြင်းဆန်လျက် ကိုးကွယ်ခြင်းမပြု၊ ခရစ်တော်ဘုရားအား ယုံကြည်ကိုးစားခြင်း ပြုရန်ခေါ်ယူထားခြင်း ဖြစ်သည်။ ဆိုးညစ်ခြင်း (:၉-၁၁)အား ဘေးဖယ်လျက် သစ္စာရှိရှိ သည်းခံကြဖို့ တိုက်တွန်းထားသည်။

၁၄:၁၃ ဤကာလတွင် ကွယ်လွန်သွားသော ယုံကြည်သူများသည် အနှစ်တထောင် နိုင်ငံတော်၏ ကောင်းကြီးမင်္ဂလာများကို တမ်းတမည်မဟုတ်။ အသက်ရှင်သူများသည် မင်္ဂလာရှိသည်ဟု လူများက ထင်မှတ်ကြသော်လည်း ဘုရားသခင်က “ဘုရားသခင်၌ သေလွန်သူများသည် မင်္ဂလာရှိကြ၏ဟု ကျမ်းစကားဆိုထားပါသည်။ သူတို့အကျင့်တို့သည် သူတို့နှင့်အတူ လိုက်၏။ ခရစ်တော်နှင့် နာမတော်မြတ်၌ ပြုခဲ့သော အရာခပ်သိမ်းတို့သည် ကြွယ်ဝသောဆုလက်ဆောင်ကို ဖန်တီးယူတတ်၏။ ကရုဏာ၊ စွန့်လွှတ်သော လက်ဆောင်၊ ဆုတောင်းခြင်း၊ မျက်ရည်နှင့် သက်သေခံချက်များသည် ဆုလက်ဆောင် ရရှိရာဖြစ်သည်။

          ၁၄:၁၄ ဤကျမ်းပိုဒ်ကို မ ၁၉:၄၃နှင့် ၂၅:၃၁-၄၆ တို့နှင့် ယှဉ်ဖတ်လျှင် သခင်ဘုရား၏ ဒုတိယအကြိမ် ရောက်လာခြင်းဖြစ်ကြောင်း သဘောပေါက်ကြမည်။ မ ၁၃:၃၉တွင် ကောက်ပင်များ မှည့်နေပြီဟုဆိုသည်။ ကောက်ရိတ်သမားများမှာ ကောင်းကင်သားများဖြစ်သည်။ မှန်ပါသည်။ ယခု ခရစ်တော်ကိုယ်တော်တိုင် ကောက်ရိတ်သမား ဖြစ်သည်။

ခရစ်တော်ဘုရားသည် မိုဃ်းတိမ်ဖြူစီး၍ ကြွလာမည် ခေါင်းပေါ်တွင် ရွှေသရဖူဆောင်းလျက်၊ လက်တွင် ထက်သောတံစဉ်ကိုင်ထားသည်။

          ၁၄:၁၅ ဗိမာန်တော်ထဲက ထွက်လာသော ကောင်းကင်တမန်က စပါးများ မှည့်ဝင်းနေပြီဖြစ်၍ ရိတ်သိမ်းပေးပါရန် ကိုယ်တော်အား လျှောက်တင်သည်။ အမိန့်ပေးခြင်း၊ စေခိုင်းခြင်းမဟုတ်ပါ။ ကောင်းကင်သားများက ကိုယ်တော်အား ခပ်မာမာ ပြောပိုင်ခွင့် မရှိပါ။ အဘဘုရားသခင်ထံတော်မှ သတင်းစကားသာဖြစ်သည်။

          ၁၄:၁၆ ပထမကောက်လှိုင်းကို အဓိပ္ပာယ်နှစ်မျိုး ကောက်ယူနိုင်သည်။ ပထမအချက်မှာ ဘေးဒဏ်ကြီးကာလမှ ယုံကြည်သူများ ရိတ်သိမ်း၍ အနှစ်တထောင် ခရီးသို့ဝင်ရောက်ခြင်းဖြစ်သည်။ ထိုရှုထောင့်အရဆိုလျှင် မ ၁၃ပါ ကောင်းသောမျိုးစေ့၊ နိုင်ငံတော်၏သားသမီးများဖြစ်ပေမည်။ သို့မဟုတ် ကောက်လှိုင်းများ စီရင်ခြင်းလည်းဖြစ်နိုင်သည်။ တပါးအမျိုးသားများအား စီရင်ခြင်းဖြစ်၍၊ နောင်ကောက်လှိုင်းသည် ဣသရေလဖြစ်သွားမည် (:၁၇-၂၀)

          ၁၄:၁၇ နောက်ဆုံး စီရင်ချက်မှာ မယုံကြည်သော ဣသရေလ လူမျိုးတို့သည် ဖြစ်သည် (ဆာ ၈၀:၈၊ ဟေရှာ ၁၅:၁-၇၊ ယေ ၂:၂၁၊ ၆:၉ တို့ကိုကြည့်ပါ)။ ကောင်းကင်ဗိမာန်တော်ထဲမှ ကောင်းကင်တမန်တစ်ပါးသည် တံစဉ်ကို ကိုင်လျက်ထွက်လာသည်။

၁၄:၁၈ ကောင်းကင်တမန်ကလည်း မြေကြီးပေါ်မှ စပျစ်သီးများကို ရိတ်ပြီး၊ ဘုရားသခင်၏ အမျက်ဒေါသနယ်ရာ တန်ဆာထဲသို့ ချလေ၏။ စပျစ်သီးများအား နယ်ခြင်းဆိုသည်မှာ ဝိုင်အရက်လုပ်ခြင်းငှာ နယ်ခြင်းဖြစ်၍ အပြစ်စီရင်ခြင်းကို ရည်ညွှန်းသည်။

၁၄:၂၀ ထိုစပျစ်သီးများ ဖိနင်းသည့်နေရာသည် ယေရုရှလင်မြို့ပြင်ဖြစ်၍ ယောရှဖတ်ချိုင့်ဝှမ်း ဖြစ်နိုင်သည်။ ထိုသွေးစီးချောင်းမှုသည် ပြင်းထန်ကြီးကျယ်သောကြောင့် မိုင်ပေါင်း ၁၈၀ တိုင်အောင် စီးလျက်မြင်းဇက်ကဲ့သို့ နက်ရှိုင်း၏။ ယေရုရှလင်မှ ဧဒုံထိတိုင်အောင် ရှည်လျားနိုင်သည်။

Previous Article
Next Article