ကမ္ဘာဦးကျမ်း ၃၁

၅။ ခါနာန်ပြည်သို့ပြန်လာခြင်း (အခန်း ၃၁)

          ၃၁:၁၈ ယာကုပ် ကလိမ်ကျ၍ အကောင်ပွားများသောအခါ လာဗန်နှင့် သားများက မနာလို စိတ်ငြိုငြင်ကြသည်။ ထိုအချိန်တွင် ဘုရားသခင်က ယာကုပ်အား မွေးရပ်ဌာနေ ခါနာန်ပြည်သို့ ပြန်သွားသင့်ကြောင်း အခါပေးသည်။ ဦးစွာ ဇနီးသည် လေအာနှင့် ရာခေလိ တို့ကို ခေါ်ယူ၍ သူတို့ဖခင် လာဗန်က ဆယ်ကြိမ်တိုင်တိုင် ကလိမ်ကျပုံကို ရှင်းပြသည်။ ဘုရားသခင်က လွန်ခဲ့သော အနှစ်(၂၀)က ကတိတော်ပြုခဲ့ပုံ (၂၈:၂၀-၂၂)၊ ယခုအခါ ဘုရားသခင်က ခါနာန်ပြည်သို့ ပြန်ဖို့ စေခိုင်းပုံတို့ကို ပြောပြသည်။ ယာကုပ်၏ မယားများကလည်း သူတို့ဖခင် မရိုးသားပုံကို သိရှိကြသည့်အတိုင်း သျှောင်နောက်ဆံထုံး ပါကြသည်။

ဤနေရာတွင် ဘုရားသခင်၏ လမ်းညွှန်ချက်သည် အလွန်စိတ်ဝင်စားဖွယ်ရာ ကောင်းကြောင်း Griffith Thomas က ဆိုသည်။ ပထမဦးဆုံးအချက်မှာ ယာကုပ်ကိုယ်တိုင် ပြန်ချင်သည် (၃၀:၂၅)၊ ဒုတိယ အချက်မှာ ထိုသို့ပြန်ရန် အခြေအနေက အလှည့်အပြောင်း ဖန်တီးပေးသည်။ တတိယအချက်အနေဖြင့် ဘုရားသခင်က အခိုင်အမာ ပြောဆိုသည်။ နောက်ဆုံးအချက်အနေဖြင့် ယာကုပ်မယားများက ထောက်ခံ အတည်ပြုပေးသည်၂၅။ အပိုဒ်ငယ် (၁၁)တွင် ပါရှိသော ဘုရားသခင်၏ ကောင်းကင်တမန်သည် အပိုဒ်ငယ် (၁၃)တွင် ပါရှိသော ဗေလေသအရပ်၏ ဘုရားသခင် ဖြစ်သည်။

၃၁:၁၉၂၁ ယာကုပ်တို့ မိသားစု တိုးတိုးတိတ်တိတ် ထွက်ပြေးခါနီးတွင် ရာခေလသည် ဖခင်၏ ရုပ်တုဘုရား တေရရုပ်တုကို ခိုးဝှက်၍ ကုလားအုပ် ကုန်းနှီးအောက်တွင် ဝှက်ထားသည်။ လာဗန်မိသားစုတွင် ထိုဘုရားရုပ်တုကြောင့် ကျန်းမာချမ်းသာကြသည်ဟု အယူရှိသည်။ ယခု သမီးက အိမ်ထောင်ပြုသောအခါ ထိုရုပ်တုဘုရားအား ရယူခွင့်ရှိသည်ဟု ခံယူသည်။၂၆ ယာကုပ် မရှိတော့သောအခါ ယာကုပ်သားများက ဖခင်၏ အမှုကိစ္စများကို စီရင်ရသည်။ ရာခေလ၏ဘုရားတုခိုး ခိုးယူသွားခြင်းသည် သူ့ခင်ပွန်းအား မျက်နှာလို မျက်နှရလုပ်ဖို့ ဖြစ်သော်လည်း ဖခင်အတွက်မူ ဗြောင်းဆန်သည်။

၃၁:၂၂၃၀ ယာကုပ်တို့ မိသားစု ထွက်ပြေးသွားကြောင်း သုံးရက်ကြာပြီးမှ သိရှိသောအခါ လာဗန်သည် တပည့်သားမြေးများနှင့် ()ရက်လုံ:လုံးလိုက်သည်။ သို့သော်လည်း ယာကုပ်တို့မိသားစုကို ဒုက္ခမပေးရန် ဘုရားသခင်က အိပ်မက်ပေးသည်။ (၇)ရက်မြောက်သော့နေတွင် ဂေလဒ်တောင်ပါ်၌ လိုက်မှီသောအခါ အိပ်မက်မြင်မက်သည့်အတိုင်း ဒုက္ခ မပေးပါ။ သမီးနှင့် မြေးများကို နှုတ်ဆက်ပါဲ လုပ်ခွင့်မရသည့်အကြောင့်နှင့် တေရဘုရားရုပ်တု ခိုးယူသွားကြသည့် အကြောင်းသာ နှမြေတသ ပြောဆိုသည်။

၃၁:၃၁၃၅ ရာခေလနှင့်လေအာအား မထည့်ပေးမှာစိုးသောကြောင့် ယခုကဲ့သို့ ယာက္ခမထံ ခွင့်မတောင်းဘဲ တိုးတိုးတိတ်တိတ် ထွက်ပြေးရကြောင်း ယာကုပ်ကပ ဦးစွာရှင်းပြသည်။ ဒုတိယ အချက်မှာ လာဗန်ကိုးကွယ်သော တေရရုပ်တုဘုရားကို အလျဉ်းမခိုးယူကြောင်း၊ ခိုးယူလျှင်အသေခံဝံ့ကြောင်း ကျိန်ဆိုသည်။ လာဗန်က လှန်လှောရှာဖွေသော်လည်း မတွေ့။ ရာခေလက ခုထိုင်ထားပြီး၊ မိန်းမတို့ ဓမ္မတာ လာနေသဖြင့် ဖခင်ရှေ့မှာ မထရဲကြောင်း လိမ်ညာအသနားခံသည်။

၃၁:၃၆၄၂ ယာကုပ် စိတ်ဆိုးတော့သည်။ အနှစ်(၂၀)လုံးလုံး အလုပ်အကျွေးပြုခဲ့သည်ကို မညှာမတာ မထောက်ထားဘဲ ဘုရားသူခိုး စွပ်စွဲရသလားဟု ဆိုသည်။ ဤကျမ်းပိုဒ်အရ ယာကုပ်သည် အလုပ်ဟူသမျှကို ကြိုးစားပမ်းစား လုပ်ကိုင်သူဖြစ်ကြောင်းနှင့် လုပ်လေသမျှ၌ ဘုရားကောင်းကြီးမင်္ဂလာ ခံစားသူဖြစ်ကြောင်း နားလည်ရသည်။ ယနေ့ယုံကြည်သူခရစ်ယာန်များသည်လည်း အလုပ်ရှင် သခင်အပေါ် သစ္စာရှိရှိ အားကြိုးမာန်တက် လုပ်ပေးရသည်။ ထိုသို့ စိတ်ရင်းစေတနာ ကောင်းပွန်စွာ လုပ်ဆောင်လျှင် ဘုရားသခင်ထံတော်ပါးမှ ကောင်းကြီးမင်္ဂလာ ခံစားရမှာ သေချာသည်။

၃၁:၄၃၅၀ လာဗန်သည် သူ့သမီးများ၊ မြေးများနှင့် တိရစ္ဆာန်အုပ်အား အနှောင့်အယှက် ဒုက္ခမပေးတော့ပါ။ ဘုရားသခင်က ကွယ်ကာစောင့်ရှောက်ပေးရန် ဆုတောင်းပေးလိုက်သည်။ သို့သော် ဖခင်တစ်ယောက် အနေဖြင့် ကောင်းကြီးပေးခြင်းမဟုတ်။ လာဗန်နှင့် ယာကုပ်သည် အပြန်အလှန် လိမ်လည်ကလိမ်ကျခြင်းဖြစ်၍ မြွေမြွေချင်း ခြေမြင်သူများ ဖြစ်သည်။ ဘုရားသခင်ကသာလျှင် ထိုသူနှစ်ဦး၏ အပြန်အလှန် အမှန်အမှား လုပ်ဆောင်ချက်များကို ဆုံးဖြတ်နိုင်မည်။ သို့သော် ယာကုပ်က အခြားလူမျိုးအမျိုးသမီးမယူဘဲ၊ မိခင်၏ အမျိုးအား လက်ထပ်ထိမ်းမြားခြင်းဖြင့် ရန်ငြိုးမဖြစ်အောင် ထိန်းကျောင်းပေးနိုင်သည်။ ထိုနေရာတွင် ယောက္ခမနှင့် သားမက်တို့ ခွဲခွာခြင်း အထိမ်းအမှတ် ကျောက်တိုင် ထူနိုင်ကြသည်။ ထိုကျောက်ပုံကို လာဗန်က ယေဂါသဟာဒုသ ဟု အမည်ပေး၍ ယာကုပ်က ဂိလဒ်ဟု နာမည်ပေးသည်။ ထိုစကားများ၏ အဓိပ္ပါယ်မှာ သက်သေခံကျောက်ပုံ ဖြစ်သည်။ ထိုကျောက်ပုံကို ကျော်လွန်၍ တစ်ဖက်နှင့် တစ်ဖက် ကျူးကျော်ခြင်းမပြုရန် ကမ္ဗည်းမှတ်တိုင်ဖြစ်သည်။

၃၁:၅၁၅၅ လာဗန်က အာဗြဟံ၏ ဘုရားသခင်၊ နာခေါ်၏ဘုရားသခင်၊ သင့်အဘ၏ ဘုရားသခင်နှင့် တေရဘုရားနာမည်တို့ကို တိုင်တည်၍ ကတိသစ္စာကျိန်ဆိုသည်။ NKJV ကျမ်းမူ (Moffatt နှင့် NIV ကျမ်းမူတွင်လည်း ပါဝင်သည်) တွင် လာဗန်သည် အာဗြဟံ၏ဘုရားကို ဘုရားသခင် အစ်အမှန်အဖြစ် ယုံကြည်ခံယူနားလည်ပုံရသည်။ သို့သော် ဟေဗြဲစာလုံးတွင် အကြီး၊ အသေး စာလုံးကွဲ မရှိသဖြင့် ဥရ ပြည်တွင် ကိုးကွယ်ခဲ့ကြသည့် ရုပ်တုဘုရား ဟုတ်မဟုတ် အသေအချာ မပြောနိုင်ပါ။ ယာကုပ်သည် မိမိအဘကြောက်ရွံ့သော ဘုရားကို တိုင်တည်၍ ဆိုသည်မှာ ဣဇာက်သည် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသူဖြစ်ကြောင်း အမွှမ်းတင်ခြင်း ဖြစ်သည်။ ဣဇာက်သည် ရုပ်တု ဆင်းတု ဘုရားတု ကိုးကွယ်သူမဟုတ်။ ယာကုပ်သည် ပထမဦးစွာ ထိုတောင်ပေါ်တွင် ယဇ်ပူဇော်ပွဲကြီး ကျင်းပပြီးနောက် ရှိသမျှလူအားလုံး ပျော်ရွှင်စွာ စားသောက်ကြကာ မိုးလင်းကြသည်။

နောက်တစ်နေ့နံနက် အာရုဏ်ကျင်း၍ မိုးလင်းသောအခါ လာဗန်သည် သူ့သမီးများ၊ မြေးများကို ဖက်ရမ်းနမ်းရှံ့ပြီး၊ နှုတ်ဆက်ကာ လမ်းခွဲကြလေသည်။

Previous Article
Next Article