ရှင်ယောဟန်ခရစ်ဝင် နိဒါန်း
ကမ္ဘာ့အနက်ရှိုင်းဆုံးသော ကျမ်းစာအုပ်ဖြစ်သည်။
A.T. Robertson.
၁။ စံတော်မီ ဝိသေသလက္ခဏာ
ရှင်ယောဟန်ဟန်က ဤစာအုပ်သည် ဧဝံဂေလိတရား ဖြစ်ကြောင်း သင်တို့ယုံကြည်ခြင်း ငှာ ရေးသားသည် (၂၀:၃၁)ဟုဆိုထားသည်။ တချိန်ကအသင်းတော်သည် တမန်တော်များဦးဆောင် ရာနောက်သို့လိုက်ကြသည်။ လူသိန်းသန်းပေါင်းများစွာထဲက လက်တဆုပ်စာက နောက်ဆုံးရာစုနှစ်မှာ ဖြစ်ပေါ်မည့်အကြောင်းအရာကို သက်သေခံကြသည်။
ရှင်ယောဟန်ခရစ်ဝင်ကျမ်းသည် အနှစ်သက်ဆုံးသမ္မာကျမ်းစာအုပ်မဟုတ်သော်လည်း အနှစ်သက်ဆုံးကျမ်းစာအုပ်ထဲတွင် တခုဖြစ်သည်။ ခရစ်ယာန်များ၏ ရင့်ကျက်မှုနှင့် ဆက်ကပ်ရာဖြစ် သည်။ ယောဟန်သည် သခင်ဘုရား သက်တော်ထင်ရှားစဉ်က လုပ်ဆောင်ချက်များကို အဓိကထားမဖော် ပြသော်လည်း ခရစ်တော်၏ ဘဝအသက်တာ ရောင်ပြန်ဟပ်ခြင်းခံရသူဖြစ်သည်။ သခင်ခရစ်တော်နှင့် အတူ ဘဝအသက်တာ လျှောက်လှမ်းပြီး အထူးသဖြင့် ခရစ်တော်၏ ဆယ်ကျော်သက် ဘဝမှစ၍ သိကျွမ်း သူဖြစ်သည်။ သူ၏အမှုတော်ဆောင်ခြင်း နက်ရှိုင်းမှုကို (၃:၁၆)တွင်တွေ့နိုင်သည်ဟု Martin က ဂုဏ်ပြု ထောက်ခံခဲ့သည်။
အကယ်၍ ခရစ်တော်ပင် ကျမ်းများထဲတွင် ရှင်ယောဟန် ခရစ်ဝင်ကျမ်းတအုပ်တည်း သာ ရှိခဲ့လျှင် ဝိညာဉ် ရေးရာအရသာ နို့၊ နှုတ်ကပတ်တော်၊ ဆင်ခြင်အာရုံပြုရာအဖြစ် လုံလောက်ပါပေသည်။
၂။ ကျမ်းရေးသူ
ဤစတုတ္ထခရစ်ဝင်ကျမ်းရေးသားသူကို နှစ်ပေါင်း (၁၅၀)ကျော်ခန့်တွင် အကြီးအကျယ် ငြင်းခုံခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှု ခရစ်တော်၏ ဇာတိတော်အကြောင်းကို ရှင်းလင်း ခိုင်မာစွာ သက်သေထူထားသည်။ ကျမ်းချက်ပါအကြောင်းအရာများ သည် လူ့မျက်စိဖြင့်မမြင်နိုင်သော အကြောင်းအချက်များဖြစ်သော်လည်း နှစ်ပေါင်း (၅၀)မှ (၁၀၀)ကြာလာသည့်တိုင်အောင်အသက်ရှင် နေသည်။ သို့ကြောင့် အသင်းတော်အကြောင်း ယေရှုကိုယ်တိုင် ပြောသလား၊ တကယ်လုပ်ခဲ့သလားဟူ သော အချက်များ စဉ်းစားစရာ ဖြစ်လာသည်။
ခရစ်ဝင်ကျမ်းတွင် မည်သူ့လက်ရာဖြစ်ကြောင်း မရေးထားသော်လည်း တပည့်တော် (၁၂) ပါးထဲမှ တပည့်တော်ယောဟန်ဖြစ်ကြောင်း အချက်အလက် အထောက်အထားကောင်းများစွာ တွေ့ရ သည်။
ရှင်ယောဟန် အသက်အရွယ် အိုမင်းရင့်ရော်သည့်အခါ ရင်းနှီးကျွမ်းဝင်သော အပေါင်း အသင်း ရောင်းရင်းများက ဧမောက်မြို့သို့ သွားရောက်၍ တွေ့ဆုံအားပေးသောအခါ Synoptic Gospels ထပ်ရေးသည်ဟု Clement of Alexandria ကဆိုသည်။ ဘုရားသခင်၏ ဝိညာဉ်တော် လွမ်းမိုးကြီးစိုးခြင်း ဖြင့် ဝိညာဉ်ရေးရာ ခရစ်ဝင်ကျမ်းရေးသားခြင်းဖြစ်သည်။ ထိုသို့ပြောရာတွင် အခြားခရစ်ဝင်ကျမ်းများသည် ဝိညာဉ်ရေးရာကျမ်းမဟုတ်ဟု မဆိုလိုပါ။ ဤကျမ်းတွင် အဓိက ပါရှိသော ခရစ်တော်၏ နှုတ်ထွက်စကား များသည် ပုံဥပမာများဖြင့် ရှင်းပြ၍ အထူးလေးနက်သည် ဟုဆိုလိုသည်။
ပြင်ပအထောက်အထားများ
Theophilus of Antioch က အေဒီ ၁၇ဝခုနှစ်တွင် ယောဟန်က ရေးသားကြောင်း ပထမ ဦးဆုံးသိရှိသည်။ ထို့ထက်စော၍ Lgnatius, Justin Canon တို့ကလည်း ယောဟန်ကို ရည်ညွှန်းခဲ့ကြ သည်။ Basilldes နှင့် Valentinus တို့က လိုက်ကြသည်။
Irenaeus သည် ယေရှုမှ ယောဟန်၊ ယောဟန်မှ Polyearp၊ Polycarp မှ သူကိုယ်တိုင် ထိကွင်းဆက်မပြတ်အောင်တပည့်တော်များအကြောင်းကို အစုံအလင်ရေးခဲ့သည်။ ထိုအချက်က ခရစ် ယာန်များ၏လင်းအာရုဏ်မှ ၂ရာစုနှစ်ကုန်ပိုင်း ထိသမိုင်းသက်သေအထောက်အထားထူနိုသည်။ Irenaeus က ဤခရစ်ဝင်ကျမ်းကို ကျယ်ကျယ်ပြန့်ပြန့် ကိုးကားထားပြီး အသင်းတော်ခိုင်မာစွာ ရပ်တည် နိုင်သည့်အခြေအနေထိအောင် ရေးထားသည်။ Irenaeus က ကျယ်ပြန့်စွာ ကိုးကားသကဲ့သို့ Clement of Alexandria နှင့် Tertullian တို့ကလည်း ကိုးကားကြသည်။
၁၉ရာစုအစောပိုင်းထိ Alogi ဂိုဏ်းဂနအဖွဲ့ကသာ ယောဟန်လက်ရာမဟုတ်ကြောင်း ငြင်းပယ်သည်။
အခန်းကြီး ၂၁အဆုံးကို ကြည့်လျှင် ၁ရာစုနှောင်းပိုင်း ဧဖက်အသင်းတော်၏ လက်ရာဖြစ် ကြောင်းရဲဝံ့စွာ ဆိုနိုင်သည်။ အငယ် ၂၄တွင် ယေရှုချစ်သော တပည့်တော်ဟူသော စကားကို၎င်း (၁၃:၂၀)ကို၎င်း ထောက်ရှုလျှင် ရှင်ယောဟန်ဖြစ်ကြောင်း တွေ့ရသည်။
အခြေအနေအရပ်ရပ်ကို ချင့်ချိန်၍ တွေးဆလျှင်ကျမ်းစာကို ၂ရာစုနှောင်းပိုင်းတွင် ရေးသည် ဟုဆိုနိုင်သည်။ ၁၉၂ဝ ခုနှစ်တွင် ယောဟန်ခရစ်ဝင်ကျမ်း၏ အပိုင်းအစ အခန်းကြီး ၁၈ (ပေစာ ၅၂က ၂ရာစုနှစ်၏ ပထမပိုင်းကို အထူးသဖြင့် အေဒီ ၁၂၅ကိုရည်ညွန်း)ကို အဲဂုတ္တုပြည်မှာတွေ့ရှိခဲ့သည်။ ထိုအရပ်ဒေသ၌ ၁ရာစု နှေုာင်းပိုင်း၌ ရေးသားကြောင်း ခိုင်မာသည်။ ဧဖက်မြို့မှ အာဖရိက မြောက်ပိုင်းဒေ သသို့ စာရောက်ရှိသွားခြင်းဖြစ်နိုင်သည်။ ထိုနည်းတူ ရှင်ယောဟန် ခရစ်ဝင်ကျမ်းအခန်းကြီး ၅ကို ပေစာ ၂ခုဖြင့် Egertonတွင် တွေ့ရှိရာ ရှင်ယောဟန် အသက်ထင်ရှားစဉ် ရေးသားခြင်းဖြစ်ကြောင်း အထောက် အထားပိုမိုခိုင်လုံပါသည်။
အတွင်းသရုပ်
၁၉ရာစုနှစ်နှောင်းပိုင်းတွင် အင်္ဂလိပ်ကန် ဘုန်းတော်ကြီး Westeott က ယောဟန် လက်ရာဖြစ်ကြောင်း ကွင်းဆက်တခုပြီးတခု ကျဉ်း၍ သက်သေပြထားသည်။ (၁)စာရေးသူသည် ယုဒလူ မျိုးဖြစ်သည်။ စာရေးသားဟန် ဝေါဟာရအသုံးအနှုန်း၊ ယုဒစရိုက်လက္ခဏာ ထုံးတမ်းစဉ်လာ ကျင်လည် လွှမ်းမိုးခြင်း ဓမ္မဟောင်းကျမ်းကို နောက်ခံထားသဖြင့် ဓမ္မဟောင်း ရောက်ပြန်ဟပ်ခြင်း (၂)ပါလက်စတိုင်း အရပ်ဒေသရှိယုဒ (၁:၂၈၊ ၂:၁-၁၁၊ ၄:၄၆၊ ၁၁:၁၈-၅၄၊ ၂၁:၁-၂) ယေရုရှလင်နှင့် ဗိမာန်တော်ကို ရင်းနှီး ကျွမ်းဝင်သည် (၅:၂၊ ၉:၇၊ ၁၈:၁၊ ၁၉:၁၃-၁၇၊ ၂၀၊ ၄၁ (၂:၁၄-၁၆၊ ၈:၂၀-၁၀:၂၂)ကိုလည်းကြည့်) (၃) မျက်မြင်သက်သေရှိသဖြင့် စီကာပတ်ကုံးလိပ်ပတ်လည်အောင် ပြောနိုင်သည်။ နေရာ၊ အချိန်၊ လူနာမည် ၊ လှုပ်ရှားမှုများစွာကို အသေးစိတ်ပြောပြနိုင်သည်။ (၄:၄၆၊ ၅:၁၄၊ ၆:၁၉၊ ၁၂:၂၁၊ ၁၃:၁၊ ၁၄:၅-၈၊ ၁၈:၆၊ ၁၉:၃၁)။ (၄)ခရစ်တော်ကိုယ်တိုင်နှင့် တပည့်တော်များ၏ အတွင်းရေးဆက်ဆံမှုများကို အတွင်းကျကျ ပြောဆိုနိုင်သော ကြောင့် တပည့်တော် (၁၂)ယောက်ထဲမှဖြစ်သည်။ (၆:၁၉၊ ၆၀:၆၁၊ ၁၂:၁၆၊ ၁၃:၂၂-၂၈၊ ၁၆:၁၉) (၅)အခြားတပည့်တော်များ၏ အမည်နာမကို ထုတ်ဖော်ပြောဆိုသော်လည်း သူ့နာမည်ကို မပြော သို့သော် ထိုမပြောသော နာမည်သည် တပည့်တော် (၁၂)ယောက်ထဲမှ သူ့နာမည်သာ ကျန်သည် (၁၃:၂၃၊ ၁၉:၂၆၊ ၂၀:၂၊ ၂၁:၁၇) အခြားအရေးကြီးသော သက်သေအထောက်အထားကို ၁:၁၄၊ ၁၉:၃၅နှင့် ၂၁:၂၄တို့တွင် တွေ့နိုင်သည်။
၃။ အချိန်ကာလ
Irenaeus က ဤကျမ်းသည် ယောဟန်က ဧဖက်မြို့တွင် ရေးသားသည်ဟု အတိအလင်း ဆိုထားရာထိုစကားအရဆိုလျှင် ဧဖက်မြို့သို့ ရှင်ယောဟန်ရောက်ရှိသည့်ကာလ အေဒီ ၆၉နှင့် ၇ဝအကြား တွင် ဖြစ်နိုင်သည်။ ယေရုရှလင်ပျက်သုဉ်းခြင်းအကြောင်းမပါရှိသဖြင့် ယေရုရှလင်မပျက်စီးမီ ကာလ ဖြစ်ရသည်။ အကယ်၍ ယေရုရှလင်ပျက်စီးပြီးမှ ဆိုလျှင် ကြောက်လန့်ဖွယ်ရာ ကောင်းသော ထိုအနိဌာရုံ ကိုချန်ထားပစ်သည်မဟုတ်။
အချို့ကျမ်းက သုတေသီများကမူ ပင်လယ်သေမှ ရရှိသော စာလိပ်နှင့် ဆက်စပ်သုံးသပ် ပြီးအေဒီ ၄၅နှင့် ၆၆အကြားဖြစ်သည်ဟု ယူဆသည်။ ဤအချက်သည် ဖြစ်နိုင်ဖွယ်ရာနည်းသည်။ အစဉ် အလာထိန်းသိမ်းတတ်သူများက အေဒီ ၄၅နှင့် ၆၆ကာလကိုယူ၍ တယူသန်မဟုတ်သူများက အေဒီ၆၉နှင့် ၇ဝကိုလက်ခံကြသည်။ ကနဦးအသင်းတော်များ၏ လှုပ်ရှားမှုသည် အေဒီ ၆၉မှ ၇ဝကြားကာလကို အားပေးသည်။
အကျိုးအကြောင်းဆင်ခြင်လျှင် ၁ရာစုနှစ် ဒုတိယပိုင်းကာလဖြစ်ဖို့များသည်။ ကျမ်းစာ ပညာရှင်းအများစု Irenaeus, Clement of Alexandria၊ Jerome များက Synoptic ကို ထောက်ပြပြီး ရှင်ယောဟန်၏ အပိုင်းပိုင်းရေးသောစာဖြစ်သည်ဟု ထောက်ခံကြသည်။ ယေရုရှလင် ပျက်သုဉ်းခြင်း အကြောင်းမပါရှိခြင်းမှာ ဤကျမ်းစာအုပ်သည် နှစ်ပေါင်း (၁၅မှ ၂၀)နှစ် အကြားတွင် ရေးသားခြင်းဖြစ်သော ကြောင့် ပင်ပန်နွမ်းနယ်၍ မရေးခြင်းလည်းဖြစ်နိုင်သည်။ တာရာဂျန် ဧကရာဇ်မင်းလက်ထက်ထိုရှင်ယော ဟန်အသက်ရှင်ခဲ့ကြောင်း Irenaues ကဆိုထားသည်။ (တရာကျန်သည် အေဒီ ၈၉တွင် တိုင်းပြည်တည် ထောင်သည်)။ ထိုကာလနှင့် မလှမ်းမဝေးကြောင်းသိရသည်။ သက်သေအထောက်အထားမှာ ယုဒများနှင့် ခရစ်ယာန်များဆန့်ကျင်ကြပြီးသည့်ကာလ ဖြစ်သည်။ အတိအကျ မဖော်ပြနိုင်သော်လည်း အေဒီ ၈၅နှင့် ၉၅အကြားဟုဆိုလျှင် မမှားပါ။
၄။ နောက်ခံသမိုင်းနှင့် ရည်ရွယ်ချက်
ရှင်ယောဟန်က အံ့ဖွယ်နိမိတ်လက္ခဏာ (၇)ခုဖြင့် ခရစ်ဝင်ကျမ်းကို တည်ဆောက်ထား သည်။ ထိုနိမိတ်လက္ခဏာများဖြင့် ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း သက်သေထူသည်။ (၁)ဂါလိလဲ ပြည်ကာနမြို့မင်္ဂလာဆောင်ပွဲမှာ ရေကိုဝိုင်အရက်ဖြစ်စေသည် (၂:၉)။(၂) အမတ်ကြီး၏သား အနာရောဂါ ကင်းငြိမ်းစေသည် (၄:၄၆-၅၄) (၃) ဗေသေသဒရေကန်နားမှ ဂီလာနများအားအနာရောဂါကင်းငြိမ်းစေ သည် (၅:၂-၉) (၄) လူငါးထောင်အားအစာကျွေးသည် (၆:၁-၁၄) (၅) တပည့်တော်များအား လေမုန်တိုင်း ဒဏ်မှကယ်တင်ဖို့ရန် ဂါလိလဲအိုင်ရေပြင်ပေါ်တွင် ယေရှုလမ်းလျှောက်သည် (၆:၁၆-၂၁)။ (၆) မွေးရာပါ မျက်ကန်းကို မျက်စိလင်းစေသည် (၉:၁-၈)။ (၇) သေနေသော လာဇရုအား ထမြောက်စေသည် (၁၁:၁-၄၄)။ ဤအချက်များသည် လူထုပရိသတ်အား ပြသခြင်းဖြစ်သည်။ ထို့အပြင် တပည့်တော်များကိုလည်း သီးသန့်ပြသသည်။ ယေရှုဘုရားထမြောက်ပြီးနောက် ပိုင်းတွင် တပည့်တော်များထံ သို့သွား၍ အံ့ဩဖွယ် ကောင်းလောက်အောင် ငါးအများအပြားဖမ်းမိစေသည် (၂၁:၁-၁၄)။
Charles R.Erdman က ဤစတုတ္ထခရစ်ဝင်ကျမ်းသည် လူများကို ခရစ်တော်နောက်သို့ ပိုမိုပို့ဆောင်သည်။ ယုံကြည်သူများအား သစ္စာရှိသော အမှုတော်ဆောင်များဖြစ်စေသည်။ ကျမ်းစာပညာ ရှင်များအတွက်မူ အခြားကျမ်းစာအုပ်များထက် အနက်ဖွင့် ဆိုရာ၌ ခက်ခဲလေးနက်စေသည် ဟုဆိုထား သည်။
ယေရှု၏ လူ့လောက၌ အမှုတော်ဆောင်ချက်ထေရုပ္ပတ္တိကို ဤခရစ်ဝင်ကျမ်းတွင် တွေ့ရ သည်။ အခြား (၃)ကျမ်းတွင် ခရစ်တော်၏ တနှစ်တာ အမှုတော်ဆောင်ချက်များကိုသာ တွေ့ရသည်။ ရှင်ယောဟန်ကျမ်းတွင်မူ သုံးနှစ်သုံးမိုးဟု အမှုတော်ဆောင်ကာလ အပြည့်အစုံနီးပါးရေးပြထားသည်။ အောက်ပါအချက်များကို ကြည့်ပါ။ ပထမပသခါပွဲ (၂:၁၂-၁၃)၊ ပွဲတော်တခု (၅:၁)၊ ပသခါပွဲသို့မဟုတ် ဇွန်းကပူးရ် ဒုတိယပသခါပွဲ (၆:၄) သကေနေပွဲတော် (၇:၂)၊ အင်္ကနိပွဲတော် (၁၀:၂၂)၊ နောက်ဆုံးပသခါ ပွဲတော် (၁၂:၁)။
အချိန်အခါရာသီအလိုက် ပွဲတော်များကို အတိအကျရေးသည်။ အခြားခရစ်ဝင်ကျမ်း (၃)ကျမ်းတွင် မူ အနီးစပ်ဆုံးသာရေးကြသည်။ ရှင်ယောဟန်ကမူ အချိန်နာရီမှစ၍ တတိယနေ့ (၂:၁) ၊ (၂)ရက် (၁၁:၆) ခြောက်ရပ် (၁၂:၁)အစရှိသဖြင့် အတိအကျဆိုသည်။
ဝေါဟာရစကားလုံးများနှင့် လေသံများသည်လည်းရှင်ယောဟန်ဩဝါဒစာစောင်များ နှင့် တူသည်။ အခြားကျမ်းများနှင့် တသီးတခြားစီဖြစ်သည်။ ဝါကျများတိုတောင်းရိုးစင်းသည်။ ဂရိဘာသာစ ကားဖြစ်သော်လည်းဟေဗြဲအတွေးဖြင့်ရေးသည်။ ဝါကျများတိုတောင်း၍ လေးနက်သည်။ ခရစ်ဝင်ကျမ်းများ တွင် အကျစ်လစ်ဆုံးဖြစ်သည်။ အဓိပ္ပါယ်လည်း အနက်ရှိုင်းဆုံးဖြစ်သည်။ အရေးကြီးသော ဝေါဟာရများကို ထပ်ခါတလဲလဲသုံးသည်။ ဥပမာ ခမည်းတော် (၁၁၈)ကြိမ်၊ ယုံကြည် (၁၀၀)၊ လောက(၇၈)ကြိမ် ချစ်ခြင်း မေတ္တာ (၄၅)ကြိမ်၊ သက်သေခံ (၄၇)ကြိမ်၊ အသက် (၃၇)ကြိမ်အလင်း (၂၄)ကြိမ်သုံးထားသည်။
တခုမှတ်သားစရာမှာ ရှင်ယောဟန်သည် ကိန်းဂဏန်း(၇)နှင့် ပတ်သက်သောနံပါတ် များကိုအယူရှိသည်။ ထိုကိန်းဂဏန်းကိုပြည့်စုံခြင်းအဓိပ္ပါယ်အဖြစ်ကောက်ယူထားသည် (က ၂:၁-၃)ကိုကြည့်ပါ။ ဤခရစ်ဝင်ကျမ်းတွင်လည်း ဘုရားသခင် ဝိညာဉ်တော်သည် ယေရှုခရစ်တော်အား ပြည့်စုံ ခြင်းကိန်းဂဏန်းဗျာဒိတ်တော်အဖြစ် ရေးထားသည်။
ရှင်ယောဟန်ခရစ်ဝင်ကျမ်းမှ ငါသည် ဟူသော စကားသည် တခုနှင့်တခု ဆက်စပ်နီးနွယ် နေသည်ကို တွေ့ရသည်။ အသက်မုန့် (၆:၃၅-၄၁၊ ၄၈:၅၁) လောကအလင်း (၈:၁၂၊ ၉:၅) တခါးပေါက် (၁၀:၇-၉) ကောင်းသောသိုးထိန်း (၁၀:၁၁-၁၄) ထမြောက်ခြင်းနှင့် အသက် (၁၁:၂၅)၊ သမ္မာတရားနှင့် အသက် (၁၄:၆) အနွယ် (၁၅:၁-၅)။ ငါနှင့် ရင်းနှီးဆက်စပ်မှုနည်းသော စကား (၇)မျိုးကိုလည်းတွေ့ရ သည်။ ဥပမာ (၄:၂၆၊ ၆:၂၀၊ ၈:၂၄-၂၈၊ ၅၁၊ ၁၃:၁၉၊ ၁၈:၅-၈)နောက်ဆုံးကျမ်းညွန်းသည် တဆက်တည်း ဖြစ်သည်။
အခန်း (၆)တွင်ပါရှိသောအသက်မုန့် သည်ဂရိဝေါဟာရတွင် မုန့်၊ မုန့်လုံးဟုအနက်ရ၍ ကိန်းကဏန်း(၇)နှင့် ဆိုင်သည်။ (၂၁)ကြိမ်သုံးထားသည်။ ထို့အပြင် ကောင်းကင်အသက်မုန့် ဟူသော ဝေါဟာရကို (၇)ကြိမ်တိတိသုံးထားသည်။
ရှင်ယောဟန်၏ စာမူကို ဖတ်ရှုပြီးကြသည့်အတိုင်းခရစ်တော် တည်းဟူသော ဘုရားသား တော်ကို ယုံကြည်ရမည့်အကြောင်းနှင့် ထိုသို့ ယုံကြည်သူတိုင်းသည် ထာဝရအသက်ရကြမည် (၂၀:၃၁) ဟူသော ကျမ်းပိုဒ်အတိုင်း ယုံစားစေချင်သည်။
ပါဝင်သည့်အချက်များ
၁။ စကားချီ ဘုရားသခင်၏ သားတော် ပထမအကြိမ်ကြွလာခြင်း (၁:၁-၁၈)
၂။ ဘုရားသားတော်၏ ပထမဆုံးအမှုတော်ဆောင်ခြင်း (၁:၁၉-၄:၅၄)
၃။ ဘုရားသားတော်၏ ဒုတိယနှစ် အမှုတော်ခရီး (အခန်း ၅)
၄။ ဘုရားသားတော်၏ တတိယနှစ် အမှုတော်ခရီး ဂါလိလဲ (အခန်း ၆)
၅။ ဘုရားသားတော်၏ တတိယနှစ် အမှုတော်ခရီးယေရုရှလင် (အခန်း ၇:၁-၁၀:၃၉)
၆။ ဘုရားသားတော်၏ တတိယနှစ် သာသနာအမှုတော်၊ ပေရိယ (၁၀:၄၀-၁၀:၅၇)
၇။ ဘုရားသားတော် မိမိအစီအစဉ်ဖြင့် အမှုတော်ပြခြင်း (အခန်း ၁၂-၁၇)
၈။ ဘုရားသားတော်၏ ဝေဒနာနှင့် အသေခံတော်မူခြင်း (အခန်း ၁၈-၁၉)
၉။ ဘုရားသားတော်အောင်ပွဲခံခြင်း (အခန်း ၂၀)
၁၀။ နှုတ်ဆက်စကား၊ ဘုရားသားတော်ရှင်ပြန်ထမြောက်ခြင်း (အခန်း ၂၁)