Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
-
(ည) သြဇိမင်း (အခန်း၂၆) ၂၆:၁–၅ သြဇိမင်း၏ အောင်မြင်ခြင်းသည် ဘုရားသခင်အား ဆက်ကပ်ကိုးကွယ်ခြင်းဖြစ်သည်ဟု ပြည်ဖုံးကားဖွင့်လှစ်လိုက်သည်နှင့် အထင်းသားတွေ့ရသည်။ ဘုရားသခင်ရှေ့၌ သင့်တင့်ဖြောင့်မတ်စွာနေသည်။ ဘုရားသခင်၏လူ (ပရောဖက်ဇာခရိမဟုတ်)နှင့် တိုင်ပင်ညှိနှိုင်းအကြံ ဉာဏ်ရယူလေ့ရှိသည်။ ၂၆:၆–၁၅ သြဇိမင်းသည် ကြံတိုင်းအောင် ဆောင်တိုင်းမြောက်သည်။ ဖိလိတ္တိနှင့် အမ္မုရန်များကို နှိမ်နင်းအောင်မြင်သည်နှင့်အမျှ ယုဒတပ်မတော်သည်လည်း ခိုင်မာတောင့်တင်းလာသည်။ အမြဲတမ်းတပ်မတော်ဖွဲ့စည်း၍ စစ်အင်အားတည်ဆောက်သည်။ မြို့ကြီးပြကြီးများတည်၍ စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း မြှောက်စားသည်။...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ရာဇဝင်ချုပ်ဒုတိယစောင်
-
(ဋ) ယောသံမင်း (အခန်း၂၇) ၂၇:၁–၄ ယောသံမင်းသည် ခမည်းတော်သြဇိမင်းကဲ့သို့ လက်ရုံးရည်နှလုံးရည်ပြည့်စုံသူဖြစ်သည်။ တိုင်းပြည်ကိုအေးချမ်းသာယာအောင် အုပ်စိုးသည်။ မြို့တော်တခွင်တည်ဆောက်ပြုပြင်၍ မြို့ကြီးပြကြီးများတည်သည်။ ဗိမာန်တော်ထဲသို့ဝင်ခြင်းမှလွဲ၍ ဖခင်ပြုခဲ့သော လုပ်ငန်းကြီးစဉ်အတိုင်း ဆောင်ရွက်သည်။ ဗိမာန်တော်အထက် တံခါးပေါက်ကိုလည်း ပြုပြင်မွမ်းမံသည်။ ပြည်သူများဆင်းရဲပျက်စီးခြင်းမရောက်အောင် ထိန်းသိမ်းစောင့်ရှောက်သည်။ ၂၇:၅–၉ သြဇိမင်းက အမ္မုန်လူများနှိမ်နှင်းပြီး(၂၆:၈) ဖြစ်သော်လည်း ခေါင်းထောင်ပုန်ကန်လာကြပြန်သည်။ အခွန်အခမဆက်သတော့ဘဲ ၊ ယောသံမင်းက အာခံလာကြသည်။ သို့ဖြင့်...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ရာဇဝင်ချုပ်ဒုတိယစောင်
-
(ဌ) အာခတ်မင်း (အခန်း ၂၈) ၂၈:၁–၄ အာခတ်မင်းရာဇဝင်ကို ၂ရာ ၁၆၊ ဟေရှာရတို့နှင့်ပေါင်းစပ် ဖတ်ရှုလျှင် ပိုမိုပြည့်စုံသည်။ ယုဒဘုရင်များအနက် အဆိုး၀ါးဆုံးဘုရင်တပါးဖြစ်သော်လည်း (၁၆)နှစ် တိုင်တိုင်နန်းတက်ရှည်ခဲ့သည်။၂၅ ရုပ်တုဘုရားတု ကိုးကွယ်ခြင်း၌ ရှိသမျှအချိန်ဖြုန်းတီးသည်။ ဘိုးတော်ဒါဝိဒ်မင်း၏ ခြေရာမရှာဘဲ ၊ ဣသရေလဘုရင်တိုင်း၏ ဆိုးယုတ်မှု ကြံဖန်အမွေဆက်ခံသည်။ ဟိန္နုံချိုင့်ဝှမ်းတွင် လူကိုယ်တိုင်သူ့သားကိုမီးရှို့ယဇ်ပူဇော်သည်။ ရှောလမုန်ဘုရင် ဆောက်တည်သော မောသုတ်ဘုရားတုအား လက်တွေ့ကိုးကွယ်ကျင့်သုံးလာကြသည်...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ရာဇဝင်ချုပ်ဒုတိယစောင်