Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ဧဇရမှတ်စာ ၁၀

    (င)တိုင်းတပါးသားမယားအား နှင်ထုတ်သည့် ယုဒတရားဓမ္မ (အခန်း ၈) ၁၀:၁–၅ ဧဇရ၏ နှလုံးသည်းပွတ်ကြားမှ ရှိုက်သံနှော၍ ဆုတောင်းသံကြားရသော ပရိသတ်များသည်လည်း ရှိုက်ကြီးတငင် ငိုကြွေးကြသည်။ ပရိသတ်ထဲမှ ရှေကနိသည် မအောင့်အီးနိုင်သဖြင့် အပြစ်ကျူးလွန်မိကြကြောင်း ဝန်ခံသည်။ မညီသောထမ်းပိုးထမ်းမိကြောင်း သိရှိဝန်ခံကြလျှင် မျှော်လင့်ချက်ရှိကြောင်း ဧဇရက ပြန်လည်နှစ်သိမ့်အားပေးသည်။  ဧဇရက တိုင်းတပါးသားမယားများကို ကွာရှင်းမောင်းထုတ်ခိုင်းသည်။  ယဇ်ပုရောဟိတ်၊ လေဝိအမျိုးသားများနှင့် ဣသရေလ လူကြီးသူမများက...

  • နေဟမိမှတ်စာ နိဒါန်း

    နိဒါန်း “တဝက်ကျော်သည် ပုဂ္ဂိုလ်ရေးမှတ်တမ်း မှတ်ရာဖြစ်သော်လည်း သမ္မာကျမ်းစာ အချက်အလက်အား များစွာအထောက်အကူပြုသည်။ ဧဇရမှတ်စာအများစုသည် ပထမလူပုံစံဖြင့် (ဧဇ ၈:၁၅-၉:၁၅)ဖြင့် ရေးသားသော်လည်း နေဟမိမှတ်စာထက် ပုဂ္ဂိုလ်ရေးဆန်သည်။ နေဟမိမှတ်စာသည် လက်တွေ့ကျသည်။ လူ့စွမ်းဆောင်ချက်များ အဓိကမထား။” Derek Kidner ၁။စံတော်မီဝိသေသလက္ခဏာ အကယ်၍ သင့်ဘဝမှာ အဆောက်အအုံတည်ဆောက်ဖို့၊ အခက်အခဲ ပြဿနာတစ်ခု ရင်ဆိုင်ဖြေရှင်းဖို့ ကြုံတွေ့လျှင် ပထမဦးစွာ နေဟမိမှတ်စာကို...

  • နေဟမိမှတ်စာ ၁

    ၁။ နေဟမိ ပထမအကြိမ်ခရီး။ ယေရုရှလင် ပြန်လည်စုစည်းခြင်း (အခန်း ၁–၁၂) (က) ယေရုရှလင်အပေါ် အံ့သြတုန်လှုပ်ခြင်း (အခန်း ၁)  ၁:၁–၃ တခွန်းစ နှစ်ခွန်းစသာလျှင် မိတ်ဆက်သည်။ နေဟမိက သူသည် ဟာလခိ၏ သားဖြစ်ကြောင်းနှင့် အာတဇေရဇ်မင်းအနားတွင် အပါးတော်မြဲ အဖြစ်သာဆိုထားသည်။ မတင်မကျ ခေတ်ပျက်ကာလတွင် ကျီးကန်းတောင်းမှောက် ကျီးလန့်စာစားနေကြခိုက် ဧဇရ၏နိုင်ငံရေးနှင့် အမျိုးသားရေးဦးဆောင်မှုကြောင့် ဘာသာတရား...