Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ယောဘဝတ္ထု ၃၇

    ၃၇း၁-၁၃ ဘုရားသခင်၏ ဘုန်းတန်ခိုးထွန်း တောက်ပုံ ဉာဏ်ပညာကြီးမားပုံ၊ တန်ခိုးပြည့်ဝပုံများကို ချီးမွမ်းခန်းဖွင့်သည်။ ပတ်ဝန်းကျင်နေရာတိုင်း အချိန်တိုင်းမှာ ကြည့်တတ်လျှင်မြင်ရသည်။ မိုးလေဝသကို ဥပမာပေးထောက်ပြသည်။ လေမုန်တိုင်းများနှင့် အတူမိုးသည်းထန်စွာရွာစေသည်။ ရာသီလေ မိုးနှင်းများ ဖန်ဆင်းသည်။ တောင်လေက မိုးရေသယ်ဆောင်၍ မြောက်လေပြန်က အအေးယူဆောင်လာသည်.။ တိမ်တောင်တိမ်လိပ်များ အကြားကနေရောင်ခြည် ဖြိုးဖြိုးဖျဖျနှင့် သက်တန့်ရောင်စုံပေါ်ထွန်းစေသည်။ ၃၇း၁၄-၂၃ ဧလိဟုက ယောဘအား “အိုယောဘ ဤစကားကို...

  • ယောဘဝတ္ထု ၃၈

    ၄။ဘုရားသခင်၏ ဗျာဒိတ်တော် (၃၈:၁-၄၂:၆) (က)ယောဘအားပထမအကြိမ်စိန်ခေါ်ခြင်း။(၃၈:၁-၄၀:၂) (၁) နိဒါန်းစကား (၃၈း ၁-၃) ၃၈:၁-၃ ဘုရားသခင်ကိုယ်တိုင်က မိုးသက်မုန်တိုင်းကြားမှ ယောဘအား စကားဆိုသည်။ ဓမ္မဟောင်းကာလတွင် ဘုရားသခင်အား ကိုယ်တွေ့မျက်မြင် ရင်ဆိုင်ရိုးထုံစံမရှိ။ဘုရားသခင်၏စကားတော်များသည် လူများ၏ စိတ်ဝိဉာာဥ်ငြိမ်သက်ချမ်းသာရာ ဖြစ်ကြောင်း ယခင်ကျမ်းပိုဒ်များတွင် ဖတ်ရှုသိရှိခဲ့ကြ ပြီ၊ ယောဘ၏ အသိတရားသည် တိမ်သလ္လာဖုံးလွှမ်း၍ မှောင်မိုက်သဖြင့် ဘုရားသခင်က လူသားများ ဆက်ဆံပုံကို...

  • ယောဘဝတ္ထု ၃၉

    ၃၉:၁-၈ ကျေးဌက်တို့၏ အသက်ရှင်ပုံ၊ တောင်ဆိတ်တို့၏ သားမွေးပုံ၊ ဆက်သမင်တို့၏ ဘဝကျင်လည်ပုံ မည်သူမှ အသေအချာမသိကြသော်လည်း ဘုရားသခင်အကုန်သိသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ဖန်ဆင်းသောလက်ရာများဖြစ်သည်။ တောမြင်းရိုင်းများကို အပြေးသန်အောင်မည်သူလေ့ကျင့်ပေးသနည်။ ထိုတော တိရစ္ဆာန်များသည် မြို့ပြ လူတန်းစား၏အသံဗလံ ဆူညံမှုကို မနှစ်သက် တိတ်ဆိတ်ငြိမ်သက်ခြင်းကို ကြိုက်ကြသည်။ မြက်ခင်းလွင်ပြင်နှင့် စိမ်းလန်းသောတောင်ကုန်းတောင်တန်းများတွင် မွေ့လျော်ကြသည်။ မည်သူက စီမံခန့်ခွဲပေးသနည်။ ၃၉:၉-၁၈ တောနွားရိုင်းကို...