ဆာလံကျမ်း ၂၄
ဆာလံကျမ်း ၂၄
ဆာလံကျမ်း ၂၄
ဆာ ၂၅၊ ဘုရားရှင်တော်၏ လျှို့ဝှက်ချက် ဤဆာလံကျမ်းသည် အက္ခရာစဉ်လိုက် ရေးစပ်ထားသော တေးကဗျာဖြစ်သည်။ ဟေဗြဲအက္ခရာကို ရေးဖွဲ့ရာတွင် တလုံးကိုမေ့ကျန်ပြီး၊ အခြားအလုံးကိုမူနှစ်ခါထပ်သုံးထားသည်။* ရည်ရွယ်ချက်အဓိပ္ပါယ်ကောက်ဖို့ ခက်ခဲသည်။ ဆုတောင်းခြင်းနှင့် အာရုံပြုခြင်း တေးကဗျာတစ်ပုဒ်ဖြစ်သည်။ ၂၅:၁–၃ ပထမဦးစွာ ဘေးရန်ကွယ်ကာဘို့ဆုတောင်းသည်ဒါဝိဒ်၏ရန်သူများသည် ဘယ်သောအခါမှ ဝေးလွင့်ကြသည်မဟုတ်။ အကူအညီပေးဖို့ ဘုရားရှင်ထံ ဆုတောင်းသည်။ ဘုရားသခင်ကို သိကျွမ်းသောကြောင့် အဖြေရမည်ဟု ယုံကြည်ကြသည်။ ယေဟောဝါဘုရာရှင်ကို...
ဆာ ၂၆၊ သီးသန့်ရှိခြင်း ဆာလံသီချင်း အပေါ်ယံဖတ်ရှုလျှင် ကိုယ်ကျိုးအတ္တအကြောင်းထင်ရသည်။ သေချာဖတ်ရှုလျှင် လောကီမှုရေးရာနှင့်ကင်း ကွာပြီး၊ ဘုရားသခင်ဘက်၌ လုံးလှုုံးလျားလျားဆက်ကပ်ဖို့ သွန်သင်ထားသည်။ ဒါဝိဒ်သည် ဘုရားတရားမသိရှိ သော မတရားလူများနှင့် ယေဟောဝါဘုရားကို အမှန်တကယ်ယုံကြည်သောသူအကြားရှိ လူများနှင့်ရင်ဆိုင်နေရ သည်။ လူ့လောကတွင် အပြစ်ဒုစရိုက်ကင်းစင်သော နေရာမရှိသော်လည်း သူသည်အပြစ်ကင်းစင် မည့်အကြောင်း လျှောက်လဲထားသည်။ ၂၆:၁-၃ ဘဝတစ်ခုလုံးကို ဘုရားသခင်ထံသို့ပုံချထားသည်။ ဘုရားရှင်၏...