Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • သုတ္တံကျမ်း ၁၄

    ၁၄:၁ ပညာရှိသော အိမ်ရှင်မလက်ဖြင့် တအိမ်သားလုံး ပျော်ရွှင်ကျေနပ်ကြသည်။ မိုက်သောမိန်းမမူကား အိမ်ထောင်မိသားစုကို ဖျက်ဆီးပစ်သည်။ သူ့လင်သူ့သားသမီးများ မျက်နှာပျက်ကြရသည်။ မိုက်သောမိန်းမကြောင့် အိမ်ထောင်မိသားစု ပြိုကွဲမျက်ရည်ကျရသကဲ့သို့ ဘာသာရေးတွင်လည်း မိန်းမများ နေရာပေးလွန်းလျှင် ပျက်စီးတတ်သည်။ ၁၄:၂ ယောက်ျားသား၏ ကြိုးစားအားထုတ်မှုသည် ဘုရားသခင်အမှုတော်သို့သာ ဦးတည်ရှေ့ရှုရသည်။ ဖြောင့်မတ်သူသည် ဘုရားသခင်၏အလိုတော်နှင့်အညီ လုပ်ဆောင်လေ့ရှိသည်။ မထီမဲ့မြင်ပြုတတ်သောသူမူကား ဘုရားတရားမသိ။ ပြုမူလုပ်ဆောင်သမျှသည် ရိုက်ကွင်း (၁၂)...

  • သုတ္တံကျမ်း ၁၅

    ၁၅:၁ အခန်းကြီး(၁၅)သည် အဓိကအားဖြင့် စကားအလိမ္မာအကြောင်း ဖြစ်သည်။ ယဉ်ကျေးသောစကား၊ ဖြည်းညှင်းညင်သာသောစကား၊ သိမ်မွေ့သောစကားသည် ပေါက်ကွဲမည့် အမျက်ဒေါသအား ဖြေလျှော့စေနိုင်သည်။ ကြီးသောပြဿနာကိုလည်း သေးငယ်စေနိုင်သည်။ ကြမ်းတမ်းသောစကားတခွန်းသည် ပြောသူ၏အဆင့်အတန်း ဇာတိရုပ်ကို ပြသသည်။ ကြမ်းတမ်းသောစကားကြောင့် ကိုယ်ထိလက်ရောက် ရန်ပွဲဖြစ်ရသည်။ Spurgeon ကဤသို့ ရှင်းပြသည်။ တခါတွင် ခြံစည်းရိုးအခိုင်အမာကာထားသော အိမ်တွင်နေခဲ့စဉ် အိမ်ဘေးနားမှ ခွေးတကောင်သည် ကူသန်းသွားလာလေ့ရှိသည်။ အပင်များကို...

  • သုတ္တံကျမ်း ၁၆

    (ခ) ဖြောင့်မတ်သောဘဝကောင်းစားခြင်း (၁၆:၁–၂၂:၁၆)           ၁၆:၁ ပထမပိုင်း  အပိုဒ်ငယ် (၁၁)ခုတွင် ထာဝရဘုရား၊ (ယေယောဝါဘုရား)၏ နာမတော်ကို (၉)ကြိမ် သုံးနှုန်းထားသည်။ အလုပ်တစ်ခုကိုလုပ်ကိုင်ရန် စိတ်ကူးအကြံအစည် ရှိခြင်းသည် လူ့ဝတ္တရား ဖြစ်သည်။ သို့သော် လူ့အကြံအစည်နှင့် စကားများကို အုပ်စိုးသူသည် ဘုရားသခင် ဖြစ်သည်။ လူကကြံစည်တွေးဆ၍ ပြီးမြောက်အောင် ဘုရားသခင်က ပံ့ပိုးပေးသည်။ ဗာလမ်သည် ဣသရေလလူမျိုးကို...