Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ဟေရှာယအနာဂတ္တိကျမ်း ၈

    ၂။ အံ့ချီးဖွယ်ရာမေရှိယနယ်မြေ(အခန်း၈-၁၀) ၈:၁-၄ ဘုရားသခင်ကဟေရှာယအား“ဟေရရှာလဟာရှဗတ်”စကား လုံးကိုပီပီသသရေးခိုင်းသည်။ သက်သေအဖြစ်ယဇ်ပုရောဟိတ်ခုရိယနှင့်ယေဗရခိ၏သားဇာခရိကိုလည်းခေါ်ခိုင်းထားသည်။ ရေးထားသောစာ၏အဓိပ္ပာယ် မှာ“အသော့အလုအယက်မြန်မြန်ဖျက်လော့”ဟုအနက်ရသည်။ အာရှုရိယများ က ရှုရိယပြည်နှင့်ဣသရေလပြည်တိုက်ခိုက်ဖျက်ဆီးမည့်အကြောင်းဖြစ်သည်။  ဟေရှာယ၏ဒုတိယသားကင်ပွန်းတပ်ရာတွင်ပေးမည့်အမည်နာမအနက်အဓိ ပ္ပါယ်ဘုရားသခင်ကဖွင့်ပြခြင်းဖြစ်သည်။ ၈:၅-၁၀ ဣသရေလနှင့်ပက်သက်သောစကားတခွန်းကိုလည်းဘုရားသ ခင်ကအမိန့်ရှိသည်။ အဘယ်ကြောင့်ဆိုသော်မြောက်ပိုင်းနိုင်ငံသားများသည် ဘုရားသခင်ပေးသော ရှိလောင် ချောင်းကိုငြင်းပယ်ကြသောကြောင့်ရေစီးအဟုန် ပြင်းသောမြစ်ရေကိုစီးဆင်းဖြတ်သန်းစေသည်။ (ရှိလောင်ကိုယော၉:၇တွင် လည်းတွေ့ရသည်။) ထိုရေသည်ယေရုရှလင်မှလျှို့ဝှက်စွာစီးဆင်းသောရေဖြစ် ၍၊ ဘုရားသခင်နှုတ်ကပတ်တော်သင်္ကေတအမှတ်အသားဖြစ်သည်။ သို့မဟုတ် ဘုရားသခင်အားယုံကြည်ကိုးစားခြင်းးလက္ခဏာဖြစ်သည်။ ဥဖရတ်မြစ်ရေသည်ဣသရေလနှင့်ရှုရိပြည်ကိုအနိုင်ယူအောင်မြင်မည့် အာရှုရိပြည်...

  • ဟေရှာယအနာဂတ္တိကျမ်း ၉

    ၉:၁-၅ မေရှိယသခင်ပေါ်ထွန်းလာမည့်အကြောင်းရှေးရှုဦးတည်ကြပါစို့။  ဣသရေလမြောက်ပိုင်းနယ်နိမိတ်ရှိ နသာလိခရိုင်သည်မြောက်ဖက်နိုင်ငံသား များကကျူးကျော်သိမ်းပိုက်၍၊ဂုဏ်သိက္ခာကျဆင်းခဲ့သော်လည်း ဘုရားသခင်ကဘုန်းတန်ခိုးကျက်သရေရှိသောမြေအဖြစ်ဘုရားရှင်ကသိက္ခာမြှင့်တင်ပေးမည်။ (တပါးအမျိုးသားများ၏နယ်မြေဂါလိလဲဒေသသည်ခရစ်တော်ဘုရားငယ်စဉ် တောင်ကျေးဘဝ လူလည်ရာနှင့် လူထုပရိသတ်သို့တရားတော်ဟောကြားရာအ ရပ်ဒေသတွင်လည်းပါဝင်သည်။) ခရစ်တော် ဘုရားပထမအကြိမ်လူ့လောကသို့ ကြွဆင်းလာခြင်းကြောင့်ဂါလိလဲပြည်သည်လင်းလက်တောက်ပြောင်ခဲ့သည်။  ကိုယ်တော်ဘုရားဒုတိယအကြိမ်ကြွမြန်းလာသောအခါကမ္ဘာမြေပေါ်၌ဆင်းရဲဒု က္ခနှင့်ကျေးကျွန်စနစ်များကုန်ဆုံးပပျောက်မည်။ ဆင်းရဲဒုက္ခအစားပျော်ရွှင် ခြင်းနှင့်သုခချမ်းသာပြည့်စုံလာကြမည်။ ၉:၆ ကိုယ်တော်ဘုရားပထမအကြိမ်ကြွလာမည့်အကြောင်းကို အငယ်၆ ပထမအပိုင်းတွင်ဖော်ပြထားသည်။ “ငါတို့အဘို့သူငယ်ကိုဘွားမြင်၏။ ငါတို့ အားသားကိုသနားတော်မူသည်။ ” ပထမစာစုသည်ကိုယ်တော်ဘုရား၏လူ့ဇာတိခံခြင်းဖြစ်၍၊ ဒုတိယစာစုသည် ဇာတိတော်ဖြစ်သည်။ နောက်ပိုင်းစာစုများသည်...

  • ဟေရှာယအနာဂတ္တိကျမ်း ၁၀

    ၁၀:၁-၄ အတင်းအဓမ္မကြံစည်သောမင်း၊ဆင်းရဲသားများကိုနှိပ်စက်သူ၊မတရားသဖြင့်စီရင်တတ်သောသူများသည်အမင်္ဂလာ(အကုသိုလ်ကောင်)များ ဖြစ်သည်။ ဘုရားသခင်၏တရားစီရင်ခြင်းနေ့ရက်ကာလ၌ထိုသူများသည်ရှိရှိ သမျှလက်လွှတ်ဆုံးကြမည်။ မူလရှိသည့်ချမ်းသာခြင်းများကိုလည်းပျက်စီးမည်။ စာရင်းထဲမှပါသွားမည်။ ၁၀:၅-၁၁ ယုဒများအားအရေးယူစီရင်ရန်ဘုရားသခင်သည်အာရှုရိများကိုလက်နက်တန်ဆာအဖြစ်အသုံးပြုသည်။ သို့သော်အာရှုရိများသည်ထိုထက် ကြီးမားသောကိုယ်ပိုင်စီမံကိန်းရှိသည်။ ကမ္ဘာကြီးတစ်ခုလုံးကိုသိမ်းပိုက်ပိုင်ဆိုင် ချင်သည်။ ရှင်ဘုရင်မှူးမတ်များ(စစ်သူရဲကောင်းများ)အပေါ်ဂုဏ်ပြုကြွားဝါ ခြင်းသည်တိုက်ခိုက်သိမ်းပိုက်ထားသောတိုင်းနိုင်ငံများထက်ကြီ:ကျယ်သည်။  ဣသရေလနှင့်ယုဒပြည်များမှသိမ်းပိုက်မည့်ရုပ်တုဆင်းတုအရုပ်ဘုရားများ သည်ဖမ်းဆီးသိမ်းဆည်းထားသောအခြားနိုင်ငံများမှဘုရားရုပ်များနှင့်ယှဉ် လျှင်ပြောပလောက်စရာမရှိ။ ၁၀:၁၂-၁၉ ရှင်ဘုရင်နှင့်စစ်သူကြီးများသည်အာရှုရိပြည်၏ဂုဏ်ယူဝင့် ကြွားရာဂုဏ်သိက္ခာဖြစ်သော်လည်းဘုရားသခင်အမြင်တွင်ရက်စက်သူများ ဖြစ်သည်။ ထို့ကြောင့်အာရှုရိမင်းများကိုဘုရားရှင်ကအရေးယူဒဏ်ပေးမည်။  ကျမ်းပိုဒ်နှောင်းပိုင်းတွင်အာရှုရိပြည်၏အင်အားကြီးမားပုံနှင့်ဉာဏ်ပညာ ပြည့်ဝပုံကိုဖော်ပြထားသည်။ ဘုရားသခင်လက်တော်ထဲမှကြိမ်လုံးနှင့်တောင် ဝှေးသည်ဂုဏ်ယူမာနကြီးခြင်းမဟုတ်။ အာရှုရိပြည်သားများဆုံးမဖို့ဖြစ်သည်။  သစ်တောအုပ်ကြီးသမျှအသီးအနှံကြွယ်ဝသောအာရှုရိပြည်ကိုအသီးအနှံတလုံး မှမကျန်အောင်ပြုလုပ်ဦးမည်။...