Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ဟေရှာယအနာဂတ္တိကျမ်း ၁၄

    ၁၄:၁-၂ ဘုရားသခင်သည်ဣသရေလလူမျိုးအားကရုဏာတော်မပြတ်၊ သံယောဇဉ်အမျှင်တန်းနေသောကြောင့်မိမိတို့နေရပ်ဌာနေသို့ပြန်လည်ခြေချ ခွင့်ပြုမည်။ တပါးအမျိုးသားများသည်လည်းဘုရားသခင်ထံ၌ငြိမ်သက်ချမ်း မြေ့စွာစုစည်းကြမည်။ ဣသရေလများကိုပြန်လည်သိမ်းယူ၍ယခင်အတိုင်းဘုရားသခင်၏အစေခံများဖြစ်ကြမည်။ ယာကုပ်နှင့်ဣသရေလမိသားစုဆိုသည်မှာဗာဗုလုန်သို့အဖမ်းခံသွား သောဂျူးလူမျိုးများဖြစ်သည်။ ဘုရားသခင်ကရွေးချယ်ခြင်းဆိုသည်မှာဖမ်း ဆီးခြင်းခံရသောတိုင်းပြည်မှပြန်လည်ရွေးထုတ်ပြီး၊မွေးရပ်မြေသို့ပြန်လည်ပို့ ဆောင်မည့်အကြောင်းဖြစ်သည်။ တကျွန်းတနိုင်ငံသားများသည်ထိုယာကုပ် အမျိုး၌လာရောက်ဆည်းကပ်မှီခိုကြမည်။ မိမိနေရပ်ဌာနေသို့ပြန်ရောက်မည့် သူများဆိုသည်မှာ ရေရုမင်းအခြားသူများအကူအညီဖြင့်ပြန်လည်ရောက်ရှိမည့် ဂျူးလူမျိုးဖြစ်သည်။ ၁၄:၃-၁၁ ညှဉ်းပန်းနှိပ်စပ်ခြင်း၊ဆင်းရဲကြပ်တည်းခြင်းဘေးဒဏ်မှလွတ် မြောက်လာသောဣသရေလတို့သည်ဗာဗုလုန်ဘုရင်အားဆန့်ကျင်သည့်သီချင်း များကိုအော်ဟစ်သီဆိုကြမည်။ ဗာဗုလုန်ဘုရင်၏တန်ခိုးအာဏာနှင့်စွမ်းပကာ များကိုဘုရားသခင်ကရိုက်ချိုးပစ်မည်။ အာဏာရှင်စနစ်ချုပ်ငြိမ်းမည်။ ကမ္ဘာ မြေနှင့်သစ်တောဝါးတောများသက်သာရာရကြမည်။ ဗာဗုလုန်စစ်သားများ လည်းငြိမ်ကျသွားမည်။ ဗာဗုလုန်၏အသံဗလံများကိုမရဏနိုင်ငံကနားငြီး၍...

  • ဟေရှာယအနာဂတ္တိကျမ်း ၁၅

    ၄။ မောဘလူမျိုး (အခန်း၁၅၊၁၆) ၁၅:၁-၇ မောဘပြည်၏ရုပ်ပျက်ဆင်းပျက်ကြမ္မာငင်ပုံရှင်းပြထားသည်။  မြို့ရိုးခံတပ်အခိုင်အမာတည်ဆောက်ထားသောအာရမြို့နှင့်ကိရမြို့များသည် တမဟုတ်ချင်းပြိုလဲပျက်စီးမည်။ မြို့ကြီးပြကြီးများမှစ၍ကျေးရွာ၏ဇနပုဒ် အားလုံးငိုကြွေးအော်ဟစ်ကြမည်။ အရပ်သူအရပ်သားများဆောက်တည်ရာမရ၊ ခြေဦးတည့်ရာပြေးလွှားကြပုံကိုတွေးမြင်၍ဟေရှာယသည်ယူကြုံးမရအောင် ဝမ်းနည်းမျက်ရည်ကျသည်။ လယ်ယာမြေတစ်ခုလုံးလုပ်ကိုင်စားသောက်သူမရှိ၊ ဖြုန်းတီးမြေဖြစ်သည်။ လူများသည်ခိုကိုးရာကောက်ရိုးတမျှင်လိုက်ရှာကြ သည်။ ၁၅:၈-၉ မောဘသားများ၏ငိုယိုအော်ဟစ်သံသည်တိုင်းပြည်နယ်နမိတ် ကိုပင်ကျော်လွန်သွားသည်။ အပိုဒ်ငယ်၂တွင်ပါရှိသည့် ဒိဘုန်မြို့ကိုအပိုဒ်ငယ်၉တွင်ဒိမုန်မြို့ဟုခေါ်သည်။ စကားလုံးလှည့်စားပြောင်းသုံးခြင်းဖြစ်နိုင်သည်။ ဒိမုန်သည်ဟေဗြဲဘာသာစကားအားဖြင့်dam(သွေး) ဖြစ်သည်။ ထို့ကြောင့်ဒိမုန် မြို့တွင်သွေးချောင်းစီးသောကြောင့်စကားတင်စားကုစားခြင်းဖြစ်နိုင်သည်။  လတ်တလောတွင်အသက်မသေလွတ်မြောက်သူများကိုလည်းခြင်္သေ့စာဖြစ်ကြ မည်။

  • ဟေရှာယအနာဂတ္တိကျမ်း ၁၆

    ၁၆:၁-၂ မောဘသားတို့၏ဘဝပျက်သည့်အကြောင်းကိုအခန်းကြီး(၁၆) တွင်ဆက်လက်ရှင်းပြထားသည်။ မောဘလူမျိုးများသည်သိလမြို့(ပေတရဧဒုံ မြို့တော်)ကိုမြေရှင်ထံသို့သိုးသငယ်ပေးလှူသကဲ့သို့ပေးအပ်စွန့်လွှတ်ရလိမ့် မည်။ ဇိအုန်တောင်၏သမီး(ယေရုရှလင်)သည်ယခင်ကတည်းကသိုးငယ်များကိုရှမာရိလူများလက်ထဲသို့ဝကွက်အပ်နှံပြီ:ဖြစ်သည်(၄ရာ၃:၄)။ ရပ်ကြီးသူများ သည်ဘေးဒုက္ခကပ်ဆိုဒ်များတစ်ခုပြီ:တစ်ခုရင်ဆိုင်တွေ့ကြုံကြမည်။ ၁၆:၃-၅ ဘုရားသခင်ကမောဘလူများအားယုဒများထံမှီခိုကြရန်အ ကြံပေးသည်။ အမှောင်ရိပ်ခိုကြလျှင်သာ၍လုံခြုံကြမည်။ မောဘပြည်ကို  ညှင်းဆဲသတ်ဖြတ်သူများ၊ပယ်ရှင်းသူများ၏ဘေးရန်ငြိမ်ကျသွားသောအခါ၊ဘုရားသခင်သည်ရာဇပလ္လင်တည်မည်။ ဒါဝိဒ်မင်း၏ပလ္လင်ပေါ်တွင်စိုးစံ ၍၊ကရုဏာတော်၊သစ္စာတရား၊တရားမျှတခြင်း၊ဖြောင့်မတ်စင်ကြယ်ခြင်း ပြည့်စုံစေမည်။ ၁၆:၆-၁၂ ထိုသို့မောဘပြည်ပြိုလဲပျက်စီးခြင်းမှာမာနထောင်လွှားခြင်း၊ ဝါကြွားဟော့ရမ်းခြင်းကြောင့်ဖြစ်သည်။ တနယ်တခွင်လုံးပျက်စီးငိုကြွေးကြ မည်။ ဟေရှဘုန်လွင်ပြင်သည်မြေဩဇာခမ်းခြောက်မည်။ စိုက်ပျိုးထားသော ဓိဗမာစပျစ်နွယ်များ၏အညွန့်များကိုတပါးအမျိုးသားများကချိုးဖြတ်ကြသ ဖြင့်ပျက်စီးကုန်ပြီ။ ထိုပျက်စီးသွားသောအရာများကိုကြည့်သောအခါဟေရှာယသည်ဝမ်းနည်းပက်လက်ဖြစ်နေရပြန်သည်။ မောဘပြည်သားများ သည်သူတို့ရုပ်တုဘုရားများငိုယို၍၊အကူအညီတောင်းရှိခိုးကြသော်လည်း...