Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
-
၅။ ဒမာသက်အမျိုး(အခန်း၁၇) ၁၇:၁-၃ တတိယဗျာဒိတ်တော်မှာရှုရိပြည်၏မြို့တော်ဒမာသက်နှင့်အခြားအချက်အချာမြို့ကြီးအားပြိုလဲကြမည့်အကြောင်းဖြစ်သည်။ အဘယ် ကြောင့်ဆိုသော်ရှုရိပြည်နှင့်နှစ်ပြည့်တပြည်မဟာမိတ်ပြုထားသောဧဖရိမ် (ဣသရေလပြည်)လည်းပြိုလဲခဲ့ပြီ။ ဧဖရိမ်ပြည်သည်ကျားကုပ်ကျားခဲဖြင့် မြို့ပြပြည်ရွာတည့်အောင်ထိန်းသိမ်းကာကွယ်သည်။ ရှုရိပြည်သည်ဧဖ ရိမ်ပြည်၏မှီခိုအားထားရာဘုန်းအသရေဖြစ်ခဲ့သည်။ သို့သော်ဗျာဒိတ်တော် ပေးချက်အတိုင်းဒမာသက်မြို့သည်(ဘီစီ၇၃၂)ခုနှစ်တွင်အာရှုရိများလက် ချက်ဖြင့်ပြိုလဲပျက်စီးသည်။ နောက်(၁၀)နှစ်ကြာလာသောအခါရှမာရိပြည် လည်းပြိုလဲပျက်သုဉ်းသည်။ ၁၇:၄-၆ အပြစ်စီရင်ရာနေ့ရက်ရောက်သောအခါဣသရေလသည် ဘုန်းအသရေကင်းမဲ့လျက်ငတ်မွတ်ခေါင်းပါးသောဘေးဒဏ်နှင့်ကြုံတွေ့ရ မည်။ ဧဖရိမ်ချိုင့်ဝှမ်းလွင်ပြင်တစ်ခုလုံးတွင်အသီးအနှံကောက်လှိုင်းသိမ်းစရာ ရှိမည်မဟုတ်။ ကိုင်းဖျားကိုင်းနားရှိတလုံးစ၊နှစ်လုံးစအသီးများကိုတွေ့ရ မည်။ ၁၇:၇-၁၁ ထိုကာလ၌လူများသည်မိမိကိုဖန်ဆင်းတော်မူသောအရှင်ကို ရည်မှတ်၍ဣသရေအမျိုး၏စင်ကြယ်သောဘုရားကိုဖူးမျှော်ရကြမည်။ ရုပ်တုဆင်းတုဘုရားတုဘုရားမှားကိုးကွယ်ခဲ့သမျှကိုစွန့်ပစ်မည်။ ဟိဝိHivitesနှင့် အာမောရိAmoritesမြို့ကြီ:များကိုဣသရေလတို့တိုက်ခိုက်အောင်မြင်ခဲ့စဉ်...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ဟေရှာယအနာဂတ္တိကျမ်း
-
၆။ အမည်နာမအတိအကျမဖေါ်ပြသောအာဖရိကသားများ(အခန်း၁၈) ဤအခန်းကို’အမင်္ဂလာ’ဟုမဆိုသာသော်လည်း၊စိတ်ပင်ပန်းဆင်းရဲစရာဖြစ်သည်။ ဣသရေလပြည်သို့သံတမန်ရေးခင်း၍မိတ်ဖွဲ့သောအာဖရိက တိုင်းနိုင်ငံများ(ငယ်၂-၇)အကြောင်းဖြစ်သည်။ ’အသံမြည်တတ်သောအတောင်ရှိ၍’ဟုကျမ်းစကားဆိုသည်။ ဣသရေလတို့ဘေးရန်မှကွယ်ကာရေးဆိုလိုဟန်ရှိသည်။ ဘုရားသခင်ကလူ့သူများအားအသံမပြတ်တိတ်ဆိတ်စွာရှုစိမ့်နေစဉ် တွင်တပါးအမျိုးသားများကလည်းဘုရားသခင်၏လူများအားတိုက်ခိုက်လု ယက်ကြမည်။ သို့သော်ထိုသူများကိုလည်းဘုရားသခင်ကဖျက်ဆီးမည်။ ထိုသူများ၏အရပ်ဒေသသည်တေးဆိုငှက်များ၊တောပျော်သားရဲများ၏နေရပ် ဒေသဖြစ်သွားမည်။ သားရဲများနှင့်အသားစားငှက်များကျက်စားရာနေရာ ဖြစ်သွားမည်။ ထိုအခါဣသရေလအမျိုးသည်ဘုရားသခင်ကိန်းဝပ်ရာဇိအုန်တောင် ပေါ်သို့ပြန်လည်စုစည်းလာကြမည်။ အပိုဒ်ငယ်(၇)ကို’ထိုနေ့ရက်ရောက် သောအခါတလောကလုံးဆိုးသွမ်းခေါင်းမာခဲ့သောအမျိုးသည်ယေဟောဝါ ဘုရားသခင်ထံသို့ပြန်လည်စုစည်း၍မင်္ဂ လာယူကြမည်’ဟုနားလည်နိုင် သည်။ (JND)ဤဣသရေလလူမျိုးပြန်လည်စုစည်းကြမည့်အရေးသည်ခရစ်တော်ဘုရားဒုတိယအကြိမ်ပြန်လည်ကြွလာမည့်အချိန်ဖြစ်သည်။
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ဟေရှာယအနာဂတ္တိကျမ်း
-
၇။ အဲဂုတ္တုအမျိုး(အခန်း၁၉-၂၀) ၁၉:၁-၃ ဘုရားသခင်ကအဲဂုတ္တုပြည်အားတရားစီရင်သောအခါရုပ်တုဆင်းတုများတုန်လှုပ်မည်။ အဲဂုတ္တုပြည်သူပြည်သားများ၏စိတ်နှလုံးသည် ထိုရုပ်တုများထဲတွင်အရည်ပျော်ဝင်သွားကြမည်။ စစ်မီးငြိမ်းသွားသောအခါ လူတို့၏အသိဉာဏ်ဦးနှောက်ထက်မြက်ခဲ့သမျှသည်အချည်းနှီးဖြစ်ကြောင်း အသိတရားရရှိကြမည်။ ပြုစားခြင်းနှင့်မှော်အတတ်ပညာများသည်လည်းပ ပျောက်ကုန်မည်။ ၁၉:၄-၁၀ ရက်စက်ကြမ်းကြုတ်သောမင်းများကတိုင်းပြည်အုပ်ချုပ် လာကြမည်။ မိုးခေါင်သဖြင့်အစိုဓာတ်ခမ်းခြောက်မည်။ ရေအလုံလောက် မရရှိကြသဖြင့်သီးနှံများပျက်စီးမည်။ ယက္ကန်း သည်နှင့်အထည်အလိပ်စက်ရုံ များအလုပ်လက်မဲ့ဖြစ်ကြမည်။ တံငါသည်များပိုက်ကွန်ချစရာရေရှာတွေ့ မည်မဟုတ်။ ပြည်သူများငတ်မွတ်ဆူပူကြမည်။ အုပ်စိုးသူမင်းကလည်းမ ဖြေရှင်းနိုင်သဖြင့်အကြမ်းနည်းဖြင့်ငေါက်ငမ်းအုပ်ချုပ်မည်။ ၁၉:၁၁-၁၅ ဖာရော့ဘုရင်၏အကောင်းဆုံးအကြံပေးအရာရှိ၊မင်းတိုင်အမတ်များ၊ဇောနမင်းနှင့်နောဖမင်းများကလည်းအကြံဉာဏ်မပေးနိုင်။ ဉာဏ်ပညာမမီကြ။ အကြံဉာဏ်မထွက်။ ထို့ကြောင့်အဲဂုတ္တုပြည်၏အခြေအ...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ဟေရှာယအနာဂတ္တိကျမ်း