Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
-
၂။ ယုဒတို့၏ခိုင်ခံ့သော ကာလတေးကဗျာ(အခန်း၂၆) ၂၆:၁-၄ ပြန်လည်စုစည်းထားသောလူနည်းစုများသည်ဘုရားသခင်အား ယုံကြည်ကိုးစား၍တွယ်တာမှီခိုကြသည်။ ဘုရားသခင်၏မြို့တော်သည်လူ့မြို့ ပြည်ရွာနှင့်ဆန့်ကျင်ဘက်ဖြစ်သည်။ (၂၄:၁၀)။ ဖြောင့်မတ်သောပြည်သားများ (ရွေးနှုတ်ထားသောဣသရေလလူနည်းစု)သည်ယေဟောဝါဘုရားသခင်ထံမှ ပြည့်စုံသောငြိမ်သက်ခြင်းအသက်တာကိုအပြည့်အဝခံစားကြသည်။ အပိုဒ်ငယ် ၃ကိုအမေရိကန်တေးကဗျာ Philip P.Bliss က “ဤကျမ်းပိုဒ်သည်ကျမ်းစာ အုပ်တအုပ်လုံးတွင်အနှစ်သက်ဆုံးကျမ်းပိုဒ်ဖြစ်သည်။ ”ဟုဆိုသည်။ “ကိုယ် တော်ထံတည်လျှင် ငြိမ်သက်ခြင်းစုံလင်၊ကိုယ်ကိုယုံကြည်လျှင်စိတ်နှလုံးဝိညာဉ်ကြည်လင်ပေ”ဟုစပ်ဆိုခဲ့သည်။၃၄ Moodyကအပိုဒ်ငယ်၃နှင့်၄ကို “ငြိမ်သက်ခြင်းသစ်ပင်သည်ကျောက် ဆောင် ကာလတွင်အမြစ်စွဲသောကြောင့်ခိုင်ခံမြဲမြံပေသကိုး”၃၅ ဟုဆိုသည်။ “In YAH, the...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ဟေရှာယအနာဂတ္တိကျမ်း
-
၃။ ရွေးနှုတ်ထားသောဣသရေလများအတွက် တေးသီချင်း(အခန်း၂၇) ၂၇:၁ ရောက်လာမည့်ဘုရားသခင်နေ့ရက်တွင် ပြေးတတ်သောမြွေ လဝိသန်(အာရှုရိ)၊ လိမ်သောမြွေလဝိသန်(ဗာဗုလုန်)၊ ပင်လယ်၌ရှိသောနဂါး(အဲ ဂုတ္တု) တို့ကိုယေဟောဝါဘုရားသုတ်သင်ဖယ်ရှားပေးမည်။ အချို့ကျမ်းစာပညာ ရှင်များကထိုမကောင်းဆိုးဝါးသုံးကောင်စလုံးသည်ဗာဗုလုန်ကိုရည်ညွှန်းသည်ဟုဆိုကြသည်။ အချို့ကစာတန်မာရ်နတ်ဟုဆိုကြသည်။ လောကတခွင်ကိုမွှေ နှောက်နိုင်စွမ်းရှိသောမြွေဆိုးသို့မဟုတ်နဂါးဖြစ်သည်ဟုဆိုကြသည်။ (က ၃:၁၊ ဗျာ၁၂:၃၊ ၁၃:၂၊ ၁၆:၃)။ ၂၇:၂-၆ ထိုနေ့ရက်ကာလတွင် ဘုရားသခင်ရွေးနှုတ်ထားသောစပျစ်ဥယျဉ် (ဣသရေလ)သည်ဘုရားရှင်အားချီးမွမ်းသီဆိုကြမည်။ ဘုရားသခင်ကစပျစ်ဥ ယျာဉ်အားနေ့ညဉ့်မပြတ်စောင့်ကြပ်မည်။ အမျက်ဒေါသသင့်ခြင်းအလျဉ်းမရှိ စေရ။ အကယ်၍ထိုစပျစ်ဥယျာဉ်အားမျက်စောင်းထိုးရန်ညိုးဖွဲ့သူပေါ်ပေါက်...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ဟေရှာယအနာဂတ္တိကျမ်း
-
(စ)ဣသရေလနှင့်ယေရုရှလင်တို့ကျဆုံးခြင်းနှင့်ပြန်လည်ထမြောက်ကြခြင်း (အခန်း၂၈-၃၅) ၁။ ဧဖရိမ်၊ဣသရေလသို့အမင်္ဂလာ(အခန်း၂၈) ၂၈:၁-၄ ရှမာရိတို့သည် မာနသရဖူ၊ ဣသရေလ(ဧဖရိမ်)အရက်သမားတို့၏ ဘုန်းအသရေပန်းပွင့်သည် ညှိုးနွမ်းတတ်သည်။ တောင်ထိပ်မြို့တော်၏ ဘုန်းအသရေသည်အချိန်မတန်မီပွင့်၍အသီးမကောင်းသောအသီးကဲ့သို့ဖြစ်သွားမည်။ မြို့ကြီးသားများသည်မူးယဇ်သောက်စားလျက်ရုပ်ဝတ္တုပစ္စည်းနောက်သို့၎င်း၊ ကာမတဏှာနောက်၎င်းရမ္မက်ကြီးကြသောကြောင့်ကြွေရက်စောကြမည်။ အ သီးမတန်မီဆွတ်ချခံရသောသင်္ဘောသဖန်းပင်ကဲ့သို့ထို့မြို့တော်ကိုအာရှုရိသား များကတိုက်ခိုက်ဆွတ်ယူဖို့တကဲကဲပြင်ဆင်နေကြသည်။ ၂၈:၅-၆ ထာဝရဘုရားသခင်၏အသရေတင့်တယ်သောဦးရစ်သရဖူသည် ညှိုးနွမ်းခြင်းမရှိသောကြောင့်ခရစ်တော်ဘုရားတဖန်ပြန်လည်ကြွလာ၍နိုင်ငံ တော်တည်ထောင်သောအခါကျန်ကြွင်းသောဣသရေလသားများကကျေနပ်စွာ ဆောင်းကြရမည်။ ဘုရားရှင်ကဧဖရိမ်ခေါင်းဆောင်များကိုစစ်တောင်းလော့၊အ စွမ်းသတ္တိ၊တရားစီရင်သောတန်ခိုးပေးသောကြောင့်ရန်သူများကိုအောင်မြင် ကြမည်။ ရန်သူမြို့တံခါးထိအောင်ပန်းဆင်ကြမည်။ ၂၈:၇-၈ ယုဒလူများဘက်သို့တဖန်မြှားဦးလှည့်သည်။ ယုဒလူများသည် လည်းဣသရေလသားများကဲ့သို့ပင်မူးယဇ်သောက်စားလျက်စားပွဲကိုအန်ဖတ်...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ဟေရှာယအနာဂတ္တိကျမ်း