Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ဟေရှာယအနာဂတ္တိကျမ်း ၂၉

    ၂။ အရီလ၊ယေရုရှလင်သို့အမင်္ဂလာ(အခန်း၂၉) ၂၉:၁-၄ အရီလ၊ယေရုရှလင်မြို့တော်သည် ဒါဝိဒ်မင်းနန်းစိုက်ရာအခွင့်အ ရေးထူးရသောနေပြည်တော်ဖြစ်သည်။ ထိုမြို့သူမြို့သားများသည်တနှစ်ပြီးတ နှစ်မိမိတို့ယုံကြည်ကိုးကွယ်ရာဘုရားရှင်ကိုကိုးကွယ်ခွင့်ရခဲ့သည်။ သို့သော် လည်းဘုရားရှင်သည်ထိုမြို့တော်သူမြို့တော်သားများအားဘာမှမကျန်အောင် စိတ်ဖိစီးခြင်းမျိုးစုံပေးသည်။ အရီလ(Ariel)ဟူသောစကားတွင်အဓိပ္ပါယ်(၂) မျိုးရှိသည်။             “ဘုရားသခင်၏ခြင်္သေ့”သို့မဟုတ်“ယဇ်ပလ္လင်” (ယေဇ၄၃:၁၅-၁၆ တွင် အရီလကိုယဇ်ပလ္လင်၏ရင်ပြင်ဟုဆိုသည်) ဟုအနက်ရသည်။ တချိန်က “ဘုရားသခင်၏ခြင်္သေ့”ဟုအနက်ရသောမြို့တော်သည်ယခုအခါယဇ်ပလ္လင် များဖြင့်ပြည့်နှက်နေသည်။ ထိုသူများသည်ယဇ်ပူဇော်သူများဖြစ်သည်။ ၂၉:၅-၈ ရန်သူများကယေရုရှလင်မြို့အားတိုက်ခိုက်ချေမှုန်းဖို့ပြုကြစဉ် ဘုရားသခင်သည်ကြားဝင်၍ဖြေရှင်းပေးသည်။ ရန်သူများကိုမြေမှုန့်၊ ဖုံမှုန်ရှင်း လင်းသည့်ပမာသန့်စင်စေသည်။ အိပ်ယာမှလန့်နိုးသည့်အခါပျောက်လွင့်သည့်...

  • ဟေရှာယအနာဂတ္တိကျမ်း ၃၀

    ၁။ အဲဂုတ္တုပြည်နှင့်မဟာမိတ်ပြုခြင်းအမင်္ဂလာ (အခန်း၃၀-၃၁) ၃၀:၁-၇ ဘုရားရှင်ကိုပုန်ကန်တတ်သောနိုင်ငံရေးသမားယုဒများသည် အာရှုရိရန်ကိုတွန်းလှန်ရန်အဲဂုတ္တုပြည်နှင့်မဟာမိတ်ပြုကြသည်။ ထိုသို့မဟာ မိတ်ပြုရခြင်းခိုင်လုံသည့်အကြောင်းအချက် မတွေ့သကဲ့သို့နောင်အခါတွင် လည်းရှိမည်မဟုတ်။ အဲဂုတ္တုပြည်သည်ယုံကြည်စိတ်ချရသောသစ္စာရှင်မဟုတ် ကြောင်းယုဒတို့သင်ခန်းစာရသွားသည်။ မြင်းရထားများသည် ယုဒပြည်မှအန္တရာယ်ဇုံ နေဂက်(တောင်ပိုင်း)ကိုဖြတ်၍ အဲဂုတ္တုပြည်ခိုလှုံဖို့တသီတတန်းသွားကြ ပြီ။ သို့သော်ယုဒတို့၏ ဇောနနှင့်ဟာနက်ခရီးရှည်သည်အကျိုးအမြတ်မရှိ။ ဆုံး ရှုံးခြင်းသာဖြစ်သည်။ ဘုရားသခင်ကအဲဂုတ္တုပြည်ကို “Rahob-Hem-Shebeth”မလှုပ်ဘဲနေတတ်သော ရာခပ်ဟုသမုသ်သည်။ ၃၀:၈-၁၄ အဲဂုတ္တုပြည်နှင့်မဟာမိတ်ပြုခြင်းသည်ကြွယ်ဝခြင်းဟုထင် မှတ်ယူဆသော်လည်းစင်စစ်အားဖြင့် ပရောဖက်ပြုချက်ဘုရားသခင်၏ပညတ် တရားများကိုငြင်းပယ်ဆန့်ကျင်သည်။ အဲဂုတ္တုပြည်နယ်နမိတ်မြို့ရိုးသည်ခိုင်...

  • ဟေရှာယအနာဂတ္တိကျမ်း ၃၁

    ၃၁:၁-၃ စစ်နိုင်ဖို့အဲဂုတ္တုကိုမှီခိုခြင်း၊ မြင်း၊ ရထားနှင့်မြင်းစစ်သည်တော် များကိုကိုးစားခြင်းကိုဘုရားသခင်ကမကြိုက်၊ မကောင်းမှုဒုစရိုက်ပြုသူများ (ယုဒ)များကိုဘုရားသခင်ကပြစ်တင်မည်။ ယုဒများကိုထိုသို့ဖြစ်အောင်မြူ ဆွယ်သူများ(အဲဂုတ္တု)ကိုလည်းအပြစ်ပေးမည်။ မြူဆွယ်ဖြားယောင်းသူ (အဲဂုတ္တု)တို့ကိုရှုတ်ချ၍ ကူညီဟန်ရှိခဲ့ကြသည့်ယုဒတို့သည်လည်းပြိုလဲပျက် စီးကြမည်။ ၃၁:၄-၉ ဘုရားသခင်သည်သိုးထိန်းမြောက်များစွာ(အာရှုရိ)ကိုမောင်း ထုတ်ရာတွင်ခြင်္သေ့ကဲ့သို့ဖြစ်သည်။ ငှက်သည်သားသမီးငယ်များလုံခြုံအောင် တောင်ပံအုပ်သကဲ့သို့ယေရုရှလင်ကိုတောင်ပံဖြန့်၍အုပ်မည်။ မြို့တော်ကိုကာ ကွယ်လုံခြုံစေမည်။ ဣသရေလများဘုရားသခင်ထံပြန်ရောက်သောအခါရုပ်တု ဆင်းတုဘုရားများပါလာမည်မဟုတ်။ အကုန်လွှင့်ပစ်မီးပုံရှို့ခဲ့ကြမည်။ ပရော ဖက်ပြုချက်များတချို့ပြည့်စုံသကဲ့သို့နောင်အနာဂတ်တွင်ပြည့်စုံမည့်အချက် များလည်းရှိသည်။