Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ဟေရှာယအနာဂတ္တိကျမ်း ၄၁

    ၃။ ဣသရေလတို့၏သန့်ရှင်းစင်ကြယ်သောဘုရား(အခန်း၄၁) ၄၁:၁ ဘုရားသခင်ကတိုင်းနိုင်ငံသားများအားလာရောက်မျက်နှာချင်း ဆိုင်ကြဖို့ဖိတ်ခေါ်သည်။ ထိုသို့နီးကပ်စွာရှိနေကြလျှင်အားသစ်ခွန်သစ်ပေး မည်။ အကောင်းဆုံးသောခွန်အားသစ်သတ္တိပေးပါ။ ၄၁:၂-၄ ဤကျမ်းပိုဒ်တွင်ဘုရားသခင်ကအရှေ့အရပ်မှကုရုမင်းဆင့်ခေါ် ပုံကိုရှင်းပြသည်။ အချို့ကျမ်းစာသုတေသီများကအပိုဒ်ငယ်၂-၃တွင်ဖေါ်ပြထား သောသူသည်အာဗြဟံဖြစ်သည်ဟုဆိုကြသည်။ သို့သော်စစ်ပွဲအောင်မြင်ခြင်း သည်အာဗြဟံအောင်မြင်ခြင်းနှင့်အဆက်စပ်ဝေးကွာပြန်သည်။ ဤလူ(ပါရှားဘု ရင်ကုရုမင်း)သည်သမိုင်းတွင်မပျောက်နိုင်သောစစ်ရေးအောင်မြင်မှုမှတ်တမ်းရှိသည်။ စစ်ကြောင်းချီလေသမျှလမ်းတလျှောက်ကိုအောင်မြင်နိုင်သောသူအ ဘယ်မှာပေါ်ထွန်းသနည်း။ ယေဟောဝါဘုရားသခင်၏ပထမဦးဆုံး၊နောက်ဆုံး နှင့်နောက်ဆုံးမျိုးနွယ်ဆက်ဖြစ်သည်။ ၄၁:၅-၇ ထိုသတင်းစကားကိုကြားသိသောတိုင်းနိုင်ငံသားများသည်စိုး ရိမ်ကြောက်လန့်သဖြင့်စုစည်းကြသည်။ တစ်ယောက်ကိုတစ်ယောက်နှစ်သိမ့်အား ပေးကြသည်။ ရဲသွေးတင်ကြသည်။ ပျက်စီးခြင်းဘေးဒဏ်မှလုံခြုံကွယ်ကာရန် ရုပ်တုဆင်းတုကိုးကွယ်ခြင်းခေတ်စားလာသည်။ လူလက်ဖြင့်လုပ်ထားသော...

  • ဟေရှာယအနာဂတ္တိကျမ်း ၄၂

    ၄။ ဘုရားသခင်၏အစေခံတော်(အခန်း၄၂) ၄၂:၁-၄ ပရောဖက်ဟေရှာယ မေရှိယသခင်ကိုအမည်နာမ“အစေခံတော်” ဟုတင်စားသုံးနှုန်းထားသည်။ ဣသရေလလူမျိုး၊ဘုရားသခင်ရွေးကောက် သောလူနည်းစုအတွက်အစေခံခြင်း(၄၃:၁၀)ဖြစ်သည်။ ကုရုမင်းအတွက်လည်း ဖြစ်သည်။ ဤကျမ်းချက်၏အနှစ်သာရသည်မြင်သာထင်လာရှိပါသည်။ အပိုဒ် ငယ်၁-၄သည်သခင်ယေရှုကိုရည်ညွှန်းသည်။ ဘုရားသခင်ရွေးကောက်ခန့်အပ် ထားသူ၊သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ဘိသိက်ပေးထားသူဖြစ်သည်။ တပါးအမျိုးသားများကိုလည်းတရားသဖြင့်ဖြောင့်မတ်စင်ကြယ်စွာဆက်ဆံသူဖြစ်သည်။ မြေကြီးပေါ်တွင်နိုင်ငံတော်မတည်မခြင်းစိတ်ပျက်အားငယ်ခြင်းမရှိဘဲသူ့စ ကားကိုကြားချင်သိချင်ကြမည်။ ၄၂:၅-၉ ဘုန်းတန်ခိုးကြီးသောအနန္တဘုရားသခင်ကမေရှိယသခင်နှင့်ထိုမေ ရှိယသခင်သည်ဖြောင့်မတ်စင်ကြယ်သောသူဖြစ်သည်။ ဘုရားသခင်သည်ဘုန်းတန်ခိုးတော်ကိုသူများအားမျှဝေပေးခြင်းမရှိ။ ဘုရားရှင်ကဲ့သို့သောတုနှိုင်းစရာတန်ခိုးရှင်မရှိ။ လူလက်ဖြင့်ပြုလုပ်သောအရုပ်ဘုရားများ၌တန်ခိုးပေးအပ်ခြင်းမရှိ။ အတိတ်ကာလသမိုင်းတွင်တန်ခိုးပြသခဲ့သကဲ့သို့အနာဂတ်ကာလတွင် လည်းထင်ရှားစေဦးမည်။ ၄၂:၁၀-၁၃ ဘုရားသခင်ကဣသရေလလူမျိုးလောကလူမျိုးတော်အဖြစ် ရွေးချယ်ခေါ်ယူထားသည်။ ရန်သူများကိုအမှုစီရင်ပေးသောတန်ခိုးရှင်၊ခွန်အား...

  • ဟေရှာယအနာဂတ္တိကျမ်း ၄၃

    ၅။ ဣသရေလတို့ပြန်လည်စုစည်းဖွံ့ဖြိုးမည့်အကြောင်း(အခန်း၄၃-၄၄) ၄၃:၁-၇ ဘုရားသခင်သည်စိတ်ရှည်သီးခံသူဖြစ်တော်မူသည့်အတိုင်းသူ့ လူများအားစိုးရိမ်သောကမရောက်ဖို့အသိပေးသည်။ အဘယ်ကြောင့်ဆိုသော် ယေဟောဝါဘုရားသခင်ကသူတို့ကိုဖန်ဆင်းသည်။ ပုံစံပြသည်။ ရွေးနှုတ်သည်။  ရေဘေး၊မီးဘေးကာလ၌လည်းအထံတော်သို့ခေါ်ယူလုံခြုံစေသည်။ ဣသရေလ တို့၏စင်ကြယ်သောဘုရားသခင်ကအဲဂုတ္တုပြည်မှရွေးထုတ်ခဲ့သည်။ ဖမ်းဆီးခံရခြင်းမှပြန်လည်လွတ်မြောက်လာခြင်းဖြင့်ကတိတော်အချို့ပြည့်စုံခဲ့သည်။ ထိုအကြောင်းကိုVineကဤသို့ရှင်းပြထားသည်။ ဘုရားသခင်က ဣသရေလများအဲဂုတ္တုမင်းလက်အောက်မှလွတ်မြောက်ဖို့ ကုရုမင်းနှင့်သားCambyses တို့ကိုစေလွှတ်လက်ဆောင်ပေးခဲ့သည်။ ရှေဘ ပြည်သည်ပင်လယ်ဖြူနှင့်နိုင်းလ်မြစ်အကြားတွင်အကျယ်ဆုံးသောနယ်မြေ ဖြစ်၍အဲသယောပိထိအောင်ရှည်လျားကျယ်ဝန်းသည်။ ထိုမျှကျယ်ဝန်းသော နယ်မြေကိုလက်ဆောင်အဖြစ်ပေးသည်မဟုတ်။ ရွေးနှုတ်ခအဖြစ်ပေးခြင်းဖြစ် သည်။ (a  kopher  or  covering)အချို့ကအဖိုးစားနားပေးအပ်ခဲ့ကြပြီးဖြစ် သည်။...