Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ဟေရှာယအနာဂတ္တိကျမ်း ၄၇

    ၈။ ဗာဗုလုန်ပျက်စီးခြင်း(အခန်း၄၇) ၄၇:၁-၄ ဗာဗုလုန်ကိုနန်းကျမဒီ ဘုရင်ပျိုမနှင့်ပုံနှိုင်းထားသည်။ သရဖူစွန့် လွှတ်ပြီး မြစ်ရိုးတလျှောက်တွင် တောက်တိုမယ်ရအစေခံမ လုပ်နေ ရသည်။  မျက်နှာအုတ်လျက်ကြိတ်ဆုံတွင် ဆန်ဖွတ်နေရပြီ။ ယခုမူ လူတစ်ယောက်မှမကျန် မျိုးတုန်းအောင် ဘုရားသခင်က အရေးယူအပြစ်ပေးမည်။    အဘယ်ကြောင့်ဆို သော် တချိန်က ဣသရေလတို့၏ အရှင်သခင်၊ ကယ်တင်ရှင်သဖွယ်လေထွား ခဲ့သည်။ ၄၇း၅-၁၅ ဒုစရိုက်အပြစ် (၄) မျိုးဖြင့် ဗာဗုန်လုန်ကို...

  • ဟေရှာယအနာဂတ္တိကျမ်း ၄၈

    ၉။ ဣသရေလတို့လိမ္မာ၍ပြန်လာကြခြင်း(အခန်း၄၈) ၄၈:၁-၂ ဗာဗုလုန်လက်တော်သို့ဖမ်းဆီးခြင်းခံရသောယုဒများသို့လိပ်မူ ထားသည်။ လူများစုသည်မယုံကြည်ခေါင်းမာသူများဖြစ်သည်။ ယေဟောဝါဘု ရားသခင်အားယုံကြည်သူလူနည်းစုသာရှိသည်။ သူတို့ကိုသူတို့ဣသရေလ(ဘု ရားသခင်၏မင်းသား)ဟုခံယူကြသော်လည်းစင်စစ်တွင်မူမပီသကြ။ ယုဒ(ချီး မွမ်းခြင်း)မျိုးနွယ်ဖွားများဖြစ်သော်လည်းဘုရားသခင်ကိုချီးမွမ်းခြင်းမပြုကြ။  ဘုရားသခင်၏ဣသရေလလူမျိုးဟုခံယူကြသော်လည်း သူတို့အပြစ်ကိုဝန်မခံကြ။ သန့်ရှင်းသောမြို့တော်တမ်းတကြသော်လည်း သူတို့ကိုယ်တိုင်မှာမသန့် ရှင်းကြ။ ဣသရေလတို့၏ဘုရားဟုတိုင်တည်ကြသော်လည်းသူတို့ကိုယ်မှာဘု ရားတရားမဲ့ကြသည်။ ၄၈:၃-၅ ယုဒတို့၏သမိုင်းကြောင်းကိုဘုရားရှင်နိမိတ်ပေးပြီးဖြစ်သည်။  ထိုနိမိတ်ပေးသည့်အတိုင်းအမှန်တကယ်ကြုံတွေ့ကြသည်။ စိတ်နှလုံးမိုက်ရိုင်း ခြင်းနှင့်မာကျောခြင်းများကိုလည်းဘုရားရှင်သိသည်။ ထိုစိတ်သဘောထားကို ပြုပြင်ခြင်းမရှိ၊ရုပ်တုဆင်းတုကိုးကွယ်နေသရွေ့ကာလပတ်လုံးဘုရားသခင်က လှည့်ကြည့်မည်မဟုတ်။ ၄၈:၆-၈ ဘာသာရပ်အလှည့်အပြောင်းလုပ်ထားသည်။ ကုရုမင်းလက်...

  • ဟေရှာယအနာဂတ္တိကျမ်း ၄၉

    (ခ)ဣသရေလများကမေရှိယသခင်ငြင်းပယ်ကြခြင်း(အခန်း၄၉-၅၇) ၁။ အစေခံမေရှိယသခင်(အခန်း၄၉) အခန်း၄၉-၅၃ တွင်သူ့လူများကမေရှိယသခင်ငြင်းပယ်ကြသည့်အ ကြောင်းပြောထားသည်။ ဤသင်ခန်းစာသည်ယေဟောဝါဘုရားသခင်၏အစေ ခံတော်ဆင်းရဲဝေဒနာခံရသည့်အခန်းဖြစ်သည်။ ၄၉:၁-၆ အခန်းကြီး(၄၉)တွင် ဣသရေလကိုယေဟောဝါဘုရားသခင်၏ အစေခံအဖြစ်ဖော်ပြထားသည်။ အပိုဒ်ငယ်၁-၃သည်ဣသရေလလူမျိုးဟုထင် မှတ်စရာရှိသော်လည်းအမှန်စင်စစ်မှာသခင်ယေရှုဖြစ်သည်။ အပိုဒ်ငယ်(၃)တွင်  ဣသရေလဟုနာမည်တပ်သော်လည်းအမှန်တကယ်မူခရစ်တော်ဖြစ်သည်။ ဘုရားသားတော်ယေရှုကိုဆိုလိုသည်။ ဣသရေလလူမျိုးမဟုတ်ပါ။ အပိုဒ်ငယ်၅-၆ တွင်ပါရှိသည့်အစေခံသည် ဣသရေလလူမျိုးနှင့်တခြားစီဖြစ်သည်။ ဣသရေလ တို့ပြန်လည်စုစည်း၊ နာလံထူကြမည့်အကြောင်းကျမ်းပိုဒ်များတွေ့ရသည်။ ပထ မဦးစွာကုရုမင်းလက်ထက်ဖြစ်သည်။ မေရှိယနိုင်ငံတော်တည်ထောင်သောအခါ စုစည်းခြင်းပြီးပြည့်စုံသွားမည်။ အစေခံဆိုသည်မှာအထံတော်သို့စုစည်းသောကမ္ဘာသူကမ္ဘာသားအားလုံး နှင့်ဆိုင်သည်။...