Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ဟေရှာယအနာဂတ္တိကျမ်း ၆၂

    ၅။ ယေရုရှလင်ပျော်ရွှင်ချမ်းမြေ့လာမည့်အကြောင်း    (အခန်း၆၂) ၆၂:၁-၅ ပြုထားသည့်ကတိတော်သားအားယေရုရှလင်သားများကအ သေအချာသဘောမပေါက်မခြင်း၊ဘုရားသခင်သည်ငြိမ်သက်တိတ်ဆိတ်မည်မ ဟုတ်။ အနားယူမည်မဟုတ်.တပါးအမျိုးသားများကဇိအုန်တောင်ကိုအထင်အ ရှားတွေ့မြင်ကြမည်။ မြို့တော်ကိုလည်းဘုရားသခင်ကနာမည်သစ်ကင်ပွန်း တပ်မည်။ ဘုရားသခင်ကိုယ်တော်တိုင်ကနှစ်လိုဖွယ်ရာသရဖူဆောင်းပေးမည်။  ထာဝရဘုရား၏လက်တော်၌တင့်တယ်သောဦးရစ်၊ဘုရားသခင်ချီးမြှင့်သော မင်းမြောက်သရဖူဖြစ်သွားမည်။ လူဆိတ်ညိမ်သောမြေ၊စွန့်ပစ်သောပြည်ဟူ သောနာမည်ဟောင်းကိုပယ်ဖျက်၍လက်ထပ်သောမြေ(Beulah)ဟုနာမည် သစ်ရမည်။ ဤအမည်နာမသည်ဘုရားသခင်ကမြို့တော်နှင့်ပြည်တော်အား သိမ်းပိုက်သည့်အကြောင်းဖြစ်သည်။ ယေရုရှလင်မြို့သူမြို့သားများသည်ဇိအုန် တောင်နှင့်လက်ထပ်ထိမ်းမြားကြမည်။ ဇိအုန်တောင်သတို့သားအရာအတွက်ဘုရားသခင်သည်ဝမ်းမြောက်ဝမ်းသာလက်ခုတ်သြဘာပေးမည်။ ၆၂:၆-၉ ထိုကာလတွင်ယေဟောဝါဘုရားသခင်သည်ယေရုရှလင်မြို့ရိုး ပေါ်တွင်ကင်းစောင့်သဖွယ်ရပ်၍ယေရုရှလင်မြို့တည်ဆောက်ရေးမပြီးမချင်း လမ်းညွှန်ကြပ်မတ်မည်။ ယေရုရှလင်သည်ကမ္ဘာ့မြို့တော်ဘုရင်မဖြစ်လာမည် နယ်ချဲ့ရန်သူများကယေရုရှလင်မြို့ကိုတဖန်သိမ်းပိုက်ခြင်းမရှိစေရ။ ထိုသို့မပြု ကြသည့်အပြင်လိုလားနှစ်သက်စွာယေရုရှလင်ကိုလုပ်ကျွေးကြဦးမည်။...

  • ဟေရှာယအနာဂတ္တိကျမ်း ၆၃

    ၆။ ဆိုးယုတ်သူများဝဋ်လည်ကြမည့်အကြောင်း (၆၃:၁-၆) သခင်ဘုရားနိုင်ငံတော်တည်ထောင်သောအခါပထမဦးစွာရန်သူများကို ချေမှုန်းသုတ်သင်မည်။ တစ်ခုနှင့်တစ်ခုအချိန်နာရီ၊နေရာဒေသတူညီကြမဟုတ်။  ပထမအဆင့်မှာအမေဂေဒုန် (ဗျာ၁၆:၁၆)ချိုင့်ဝှမ်းဖြစ်၍နောက်တစ်ခုမှာယဟော ရှဖတ်ချိုင့်ဝှမ်း(ယောလ ၃:၁၂)နှင့်ဧဒုံဒေသဖြစ်သည်။ ဧဒုံဒေသအကြောင်းကို ဤအခန်းကြီး(၆၃)တွင်ရှင်းပြထားပါသည်။ မေရှိယသခင်သည်အထက်ဗောဇ ပြည်မှကြွလာပါသည်။ ဘုန်းတန်ခိုးနှင့်ပြည့်စုံသောအဝတ်အစားများသည်ဣသ ရေလရန်သူတို့၏သွေးဖြင့်ရဲရဲနီမည်။ အဘယ်ကြောင့်ထိုသို့နီမြန်းသနည်း။ အ ဘယ်ကြောင့်ဆိုသော်ဣသရေလတို့ရန်သူများကိုကိုယ်တော်ရှင်ကစပျစ်သီး နယ်နေရပြီ။ ဘုရားရှင်၏လူများကိုကယ်နှုတ်ဖို့မတရားသူများ၊ဆိုးယုတ်သူ များဝဋ်လည်ကြဖို့အချိန်စေ့ပြီ။ အဘယ်သူမှကယ်တင်ကူညီခြင်းငှာမစွမ်းနိုင် ကြသောကြောင့်ဘုရားရှင်ကိုယ်တိုင်ကစီရင်သည်။ ရန်သူများကိုအနိုင်ယူ အောင်ပွဲခံပေးသည်။ ၇။ ရွေးနှုတ်ထားသူများ၏ဆုတောင်း (၆၃:၇-၆၄:၁၂) ၆၃:၇-၁၀...

  • ဟေရှာယအနာဂတ္တိကျမ်း ၆၄

    ၆၄:၁-၅ ၆၃:၁၅ မှအစပြုသောဆုတောင်းချက်သည်ယခုအခါဝန်ချခြင်း သို့ပြောင်းလဲလာသည်။ ကိုယ်တော်ဘုရားသည်ရွေးကောက်ထားသူများ ကောင်းစားဖို့၊သူတို့ရန်သူများနှိမ်နှင်းပေးနိုင်ဖို့ကောင်းကင်တံခါးကိုဖွင့်လှစ်၍ ဆင်းသက်လာသည်။ ဘုရားသခင်ထံတော်သို့ခေါ်ဆောင်သည်။ မျှော်လင့်သည် ထက်အံ့ဩဖွယ်ရာအမှုပြုတော်မူသည်။ ဣသရေလလူမျိုးကိုဘုရားသခင်၏ စိတ်တော်ထိတွေ့မည့်သူ၊ဖြောင့်မတ်သန့်ရှင်းသူများဖြစ်စေချင်သည်။ သို့သော် အပြစ်ဒုစရိုက်ထဲတွင်ဗွက်လူးနေကြသဖြင့်အမျက်တော်ရှခဲ့သည်။ ထိုလူများအ တွက်ကယ်တင်ခြင်းမျှော်လင့်ချက် တစုံတရာရှိနိုင်ပါသလား။ ၆၄:၆-၇  မစင်ကြယ်သူများဖြစ်ကြောင်းဝန်ခံရမည်။ သန့်ရှင်းစင်ကြယ် ခြင်းဟုထင်မှတ်ခဲ့သောအကောင်းဆုံးအကျင့်သီလများသည်ဘုရားသခင်ရှေ့ တွင်ညစ်ညမ်းသောဆီသည်မ လက်သုတ်ပုဝါဖြစ်ကြောင်းသိရှိလာရမည်။၆၉ လေ တိုက်ရာလွင့်ပါသွားသောယော်ရွက်ကြွေများဖြစ်ကြသည်။ ဝိညာဉ်ရေးရာအ သေကောင်များဖြစ်သည်။ ဘုရားသခင်နှင့်စေ့စပ်ငြိမ်းချမ်းစေမည့်သူမရှိ။  အဘယ်ကြောင့်ဆိုသော်သူတို့အပြစ်ဒုစရိုက်များကိုရွံရှာသောကြောင့်ဘုရားသ ခင်ကစွန့်လွှတ်သည်။ ၆၄:၈-၉...