Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ယေရမိအနာဂတ္တိကျမ်း ၁

    ၁။ နိဒါန်း၊ယေရမိအားပရောဖက်ရာထူးခန့်အပ်ခြင်း(အခန်း၁) ၁:၁–၁၀ ပထမဆုံးအခန်းတွင် ယေရမိသည် ဟိလကိ၏ သားဖြစ်ကြောင်း မိတ်ဆက်ထားသည်။ ဟိလကိသည် အာနသုတ်မြို့၌ ဗင်္ယာမိန်အနွယ်ဝင် ယဇ်ပုရောဟိတ် တစ်ပါး ဖြစ်သည်။ မမွေးဖွားခင်ကပင် ပရောဖက်အဖြစ် ဘိသိက်ပေးထားခံရသူ ဖြစ်သည်(ငယ်၅)။ ဓလေ့ထုံးစံအားဖြင့်(ငယ်၆)၊ တန်ခိုးတော်အားဖြင့် (ငယ်၈၊၉) ရှေးကုသိုလ် ပါရမီအားဖြင့် (ငယ်၁၀၊၁၁) ဘိသိက်ပေးထားသည်။ ထိုအကြောင်းကို William  Kelly ​က ဤသို့...

  • ယေရမိအနာဂတ္တိကျမ်း ၂

    ၂။ ပြည်ပသို့ ယေရမိအမှုတော်(အခန်း၂–၁၀) (က) ယုဒတို့၏သစ္စာပျက်ခြင်း(၂:၁–၃:၅) ၂:၁–၃ အခန်း၂မှ ၁၉ထိ ယုဒများကိုရှုတ်ချထားသည်။ ယုဒလူမျိုးသည် တခါက ဘုရားသခင်၏ အချစ်တော်လူမျိုးစုဖြစ်သည်။ ယေဟောဝါဘုရားရှင်က စိတ်ရှည်စွာ သည်းခံခဲ့သည်။ ဘုရားသခင်ရှေ့တွင် သန့်ရှင်းသောလူမျိုး ဖြစ်သည်။ ဘေးအန္တရာယ်များကိုလည်း ကွယ်ကာပေးသည်။ ယခုမူကား ဇောက်ထိုး ပြောင်းပြန် ဖြစ်ကုန်ပြီ။ ထိုအကြောင်းကို Kyle  Yates ကဤသို့ရှင်းပြ သည်။...

  • ယေရမိအနာဂတ္တိကျမ်း ၃

    ၃:၁–၅ တရား ၂၄:၁-၄တွင် ကွာရှင်းသော မိန်းမသည် အခြားယောက်ျား နှင့် အိမ်ထောင်ပြုပြီးလျှင် ပထမ အိမ်ထောင်နှင့် တဖန်ပြန်လည် ပေါင်းဖော်ခြင်း မပြုရဟု ပြဌာန်းထားသည်။ ယုဒလူမျိုးတို့သည် ရည်းစားအများအပြား ရှိသည်။ ထိုသို့များပြားသည့်တိုင်အောင် ဘုရားသခင်က အထံတော်သို့ ပြန်လာဖို့ ဖိတ်ခေါ်နေသည်။ အရှက်မရှိ ပြည့်တန်ဆာမကဲ့သို့ သူ့မြေကို ညစ်ညမ်းခြင်းမျိုးစုံဖြင့် ညစ်ပေစေခဲ့မှုများအတွက် နောင်တရပါပြီဟု နှုတ်ဖျားဖြင့် ဟန်ဆောင်စကား...