Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ယေရမိအနာဂတ္တိကျမ်း ၄

    (၃) မြောက်အရပ်မှတရားစီရင်ခြင်းအမင်္ဂလာ(၄:၅–၃၁)           ၄:၅–၁၃ ဘုရားသခင်ထံတော်သို့ ပြန်လာကြလျှင် ထိုသူတို့နှင့်အတူ မေရှိယသခင်ကိုယ်တိုင် စိုးစံ၍လူမျိုးများအား ကောင်းကြီးမင်္ဂလာ သွန်းလောင်းမည်။  သို့ကြောင့် ယုဒလူမျိုးနှင့် ယေရုရှလင်အား ရုပ်တုဆင်းတု ကိုးကွယ်ခြင်းပစ်ခွာကြရန် ဘုရားရှင်က ထပ်မံသတိပေးသည်။ တစ်နည်းအားဖြင့် ကျူးကျော်ရေးသမားများ (ဗာဗုလုန်)ကို ခြင်္သေ့၊ လေပူရိုင်း၊ မိုးတိမ်။ လေပွေနှင့် လင်းတငှက်များအဖြစ် ဘုရားသခင်က စေလွှတ်မည်။ ဘုရားသခင် ပေးထားသော...

  • ယေရမိအနာဂတ္တိကျမ်း ၅

    (၄) ယုဒတို့၏ အပြစ်ဒုစရိုက်တရား စီရင်မည့်အကြောင်း (အခန်း၅) ၅:၁–၉ ယေရုရှလင်မြို့တွင် ဖြောင့်မတ်စင်ကြယ်သူ တစ်ယောက်မျှ ရှိလျှင် ယေရုရှလင်မြို့ကို တရားမစီရင်၊ အပြစ်ခွင့်လွှတ်မည်ဟု ဆိုသည်။ ယေရမိက လည်း ဆုံးမခြင်းကို မနာခံငြင်းပယ်သူများ၊ အသိတရား ခေါင်းပါးသူများ အကြား၌ တစ်ယောက်မှ ရှာမတွေ့။ ထို့ကြောင့် သတိတော်ပေးထားသည့်အတိုင်း ငတ်မွတ်နေသောခြင်္သေ့၊ ဝံပလွေရိုင်း၊ ကျားသစ်တို့၏ စီရင်ဆုံးမခြင်း ခံကြရတော့မည်။...

  • ယေရမိအနာဂတ္တိကျမ်း ၆

    (၅) ယေရုရှလင်မြို့ပျက်သုဉ်းမည့်အကြောင်းနိမိတ်ပေးခြင်း (အခန်း ၆) ၆:၁–၈ ဗင်္ယာမိန်အမျိုးအစား ယေရုရှလင်မှ ထွက်ပြေးတိမ်းရှောင် ကြဖို့ သတိပေးတံပိုးမှုတ်သံနှင့် မီးလန့်သံချောင်းခေါက်သံကြမည်။  အဘယ်ကြောင့်ဆိုသော် ဗာဗုလုန်ထိန်းများနှင့် သိုးအုပ်များ စစ်သူကြီးများနှင့် စစ်သားများ) စစ်ပြင်ဆင်နေကြပြီ။  ခါဒလဲသားများသည် စစ်ရေးစစ်ရာနည်းဗျူးဟာ ကြွယ်ဝသူများ ဖြစ်သည်။  သို့ကြောင့် ယုဒလူများသည် ညဉ်းပန်းနှပ်စက်ခြင်း၊ ဖိနှိပ်ချူပ်ချယ်ခြင်း၊ တိုက်ခိုက်လုယက်ခြင်း ခံစားကြပြီး၊ တိုင်းတပါးပြည်သို့ ကျွန်ပြုခံကြရမည်။   သို့သော်လည်း...