Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ယေရမိအနာဂတ္တိကျမ်း ၁၃

    (ခ)ယေရမိနှင့်ပျက်စီးသောခါးပန်း(အခန်း၁၃) ၁၃:၁–၁၁ ယုဒလူမျိုးကို ဥဖရတ်မြစ်ရိုးတလျှောက် ယေရမိ ပုန်းခိုစဉ် စည်းစည်းထားသော နံငယ်ပိုင်းစ ခါးပန်းစည်းနှင့် ခိုင်းနှိုင်းထားသည်။ ယုဒလူမျိုးသည် တချိန်က ယေဟောဝါဘုရားနှင့် အနီးကပ်ဆုံးလူ၊ ခါးပန်းစည်းကဲ့သို့ ဖြစ်ခဲ့ကြသည်။ သို့သော် ထိုခါးပန်းသည် စုတ်ပြတ်သောကြောင့် လွှင့်ပစ်ရမည်။ ထိုခါးပန်းတည်းဟူသော ယုဒလူများသည် အကျင့်စာရိတ္တ ဖောက်ပျက်သောကြောင့် ပျက်စီးကြသည်။ မိမိနေရပ်ဌာနေမှ မိုင်ပေါင်း(၂၅၀)ကျော် ဝေးသောဥဖရတ်မြစ်နား (ဗာဗုလုန်)သို့ ဝေးလွှင့်ခဲ့ကြသည်။...

  • ယေရမိအနာဂတ္တိကျမ်း ၁၄

    (ဂ)မိုးခေါင်၍ယေရမိကြားဝင်လုပ်ဆောင်ခြင်း(အခန်း၁၄၊၁၅) ၁၄:၁–၆ အခန်းကြီး၁၄မှ ၃၉သည် ယေရုရှလင်မြို့တော် မပျက်သုဉ်းခင်ကာလ ဖြစ်သည်။ ယုဒပြည်တွင် မိုးခေါင် ရေရှား၍ အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်း ကပ်ဘေးဆိုက်ရောက်သည်။ ဤအကြိမ် မိုးခေါင်ရေရှားခြင်းသည် ကြီးမားသော ဒုက္ခဖြစ်သည်။ ပါလက်စတိုင်းဒေသတွင် အငတ်ဘေး ကျရောက်မည့်အကြောင်း ပရောဖက်ပြုချက်များအနက် တစ်ကြိမ် ဖြစ်သည်။ (တရား၂၈:၂၃-၂၄)။ အခြားငတ်မွတ်မည့် ပရောဖက် ပြုချက်များမှာ အာဟပ်မင်းလက်ထက်တွင် ပြည့်စုံခဲ့သည့် (၅ရာ...

  • ယေရမိအနာဂတ္တိကျမ်း ၁၅

    ၁၅:၁–၄ ပရောဖက် ယေရမိက ကြားဝင်ဆောင်ရွက်ပေးသော်လည်း ယုဒလူများသည် အလိုက်ကမ်းဆိုး မသိကြ။ ဆိုးသွမ်းမြဲ ဆိုးသွမ်းယုတ်ကမ်းကြသည်။ သို့ကြောင့် စီရင်ပြီးသည့်အတိုင်း ဓါးဘေး၊ ငတ်မွတ်ဘေး ကျရောက်သည့်အပြင် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံကြသည်။ မောရှေနှင့် ရှမွေလကဲ့သို့သော ရွှေပြည်အေးဆရာကြီးများပင်လျှင် ဘုရားရှင်၏ အပြစ်တရား စီရင်ခြင်းကို မပြောင်းလဲစေနိုင်ကြ။ ယေရုရှလင်တွင် မနာရှဲဘုရင်၏ ရုပ်တုဆင်းတု ကိုးကွယ်မှုနှင့် မောလက်ဘုရား ကိုးကွယ်မှု (၄ရာ၂၁:၁-၁၆)...