Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ယေရမိအနာဂတ္တိကျမ်း ၃၄

    ၇။ သမိုင်းကြောင်းကဏ္ဍ(အခန်း၃၄–၄၅) (က) ယေရုရှလင်နှင့် ယုဒပြည်ပျက်သုဉ်းခြင်း (အခန်း ၃၄–၃၉) (၁) ဇေဒက်ကိအဖမ်းခံရခြင်း (အခန်း ၃၄) ၃၄:၁-၇ ဗာဗုလုန်သားများက ယေရုရှလင်မြို့အား ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်စဉ် ဘုရားရှင်က ယေရမိကို ဇေဒကိမင်းထံ ဗျာဒိတ်တော် ပြောခိုင်းသည်။ ဇေဒကိမင်းသည် တိုက်ပွဲတွင် ဓါးလှံလက်ချက်ဖြင့် သေမည်မဟုတ်။ ဗာဗုလုန်သို့ ဖမ်းဆီးခံရပြီး၊ ထိုတပါးပြည်တွင် ကံတော်ကုန်မည်။ ၃၄:၈–၂၂...

  • ယေရမိအနာဂတ္တိကျမ်း ၃၅

    (၂) ရေခပ်သားများ နာခံခြင်း ဆုလက်ဆောင်(အခန်း၃၅) ၃၅:၁–၁၁ ယေရမိသည် ဘုရားသခင်၏ စကားတော်ကို နာလျက်ရေခပ်သားများကို အလည်အပတ် ဖိတ်ခေါ်သည်။ ဘုရားသခင်၏ အိမ်တော်သို့ ဖိတ်ခေါ်၍ စပျစ်ဝိုင်ဖြင့် ဧည့်ခံသည်။ သို့သော် ရေခပ်သားများက မသောက်။ အဘယ်ကြောင့်ဆိုသော် ဘိုးဘွားခေတ်မှစ၍ အရက်သေစာ မသောက်သုံးကြ။ အိမ်ဆောက်လုပ်နေထိုင်ဖို့၊ ထွန်ယက်စိုက်ပျိုးဖို့၊ စပျစ်ခြံလုပ်ဖို့လည်း ငြင်းပယ်ကြသည်။ (ခါလဒဲသားများက ယေရုရှလင်တွင် အတင်းအဓမ္မနေရာချ၍...

  • ယေရမိအနာဂတ္တိကျမ်း ၃၆

    (၃) ယေဟောကိမ်မင်းက ယေရမိ၏ စာချွန်တော်မီးရှို့ခြင်း(အခန်း၃၆) ၃၆:၁–၁၀ ယေဟောက်ကိမ်မင်း နန်းစံစတုတ္ထနှစ်မြောက်တွင် ဘုရားသခင်က ယေရမိအား ဖွင့်ပြထားသည့် ပရောဖက်ပြုချက်များကို ရေးခိုင်းထားသည်။ ယေရမိသည် ဘုရားသခင် ဖွင့်ပြချက်များကို နှုတ်တိုက်ရွတ်ဆို၍ ဗာရုတ်အား လိုက်ရေးမှတ်ခိုင်းသည်။ နောက်တစ်နှစ်ကြာသောအခါ ဗိမာန်တော်ထဲ၌ ပရိသတ်ရှေ့တွင် ထိုစာကို ရွတ်ဆို၍ ဗာရုတ်အား လိုက်ရေးမှတ်ခိုင်းသည်။ နောက်တစ်နှစ်ကြာသောအခါ ဗိမာန်တော်ထဲ၌ ပရိသတ်ရှေ့တွင် ထိုစာကို ရွတ်ဆိုဖတ်ပြသည်။...