Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
-
၄။ နေဗုခပ်နေဇာ၏ အိပ်မက်သစ်ပင်ပြိုလဲခြင်းနှင့် အဓိပ္ပါယ် (အခန်း၄) ၄:၁-၉ ဤနေရာတွင် နေဗုခပ်နေဇာမင်းကြီးက အမြင့်ဆုံးသော ဘုရားသခင်၏ ကြီးမြတ်ပုံသူ့ဘဝတွင် ပြောင်းလဲခြင်းအသက်တာသို့ခေါ်ဆောင်သွားပုံတို့ကို (ငယ် ၁-၃) သက်သေခံသည်။ နန်းတွင်းပညာရှိ၊ အခါပေးများကသူ့အိပ်မက်ကို မပြန်ဆိုပေးနိုင်ကြသဖြင့် ဒံယေလအားဆင်းခေါ်ပြီး အိပ်မက်ကိုလည်း အနက်ဖော်ခိုင်းသည်။ ၄:၁၀- ၁၅ ဘုရင်မင်းကြီးက အလွန်လှပတင့်တယ်၍ အသီးအပွင့်ဝေဆာသော မျက်စိပသာဒရသော သစ်ပင်ကြီးတပင် မြင်မက်သည်။ ထိုစဉ်သစ်ပင်သည်...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ဒံယေလအနာဂတ္တိကျမ်း
-
၅။ ဗေလရှာဇာမင်း၏ကံကြမ္မာနံရံပေါ်တွင်ထင်ပေါ်ခြင်း(အခန်း ၅) ၅:၁-၄ ဗေလရှာဇာမင်းသည် နဗုနေဒပ်၏ သား၊ နေဗုခပ်နေဇာ၏မြေးတော် ဖြစ်သည်။ ယေရဒရှလင်ဗိမာန်တော်မှ အဘိုးနေဗုခပ်နေဇာမင်းသိမ်းထားသည့် ပန်းကန်ခွက်ယောက်များဖြင့် ညစာပွဲတော် ဖင်းကျင်းပသည်။ (အပိုဒ်ငယ် ၂တွင်ဖော်ပြသောခမည်းတော်သည် ဘိုးတော်ဖြစ်သည်)။ ရှင်ဘုရင်ကြီးနှင့် မောင်မမိဿံ နန်းတွင်းသူနန်းတွင်းသားများသည် သောက်စာမူယစ်လျက် ရွှေဘုရား၊ ငွေဘုရား၊ ကြေးဘုရား၊ သံဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ချီးမွမ်းကြသည်။ ၅:၅-၉ ဘုရင်ကြီးနှင့်အခွေအရံများ...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ဒံယေလအနာဂတ္တိကျမ်း
-
၆။ ဒါရိ၏အမိန့်နှင့်ခြင်္သေ့သားရဲတွင်း (အခန်း၆) ၆:၁-၃ ဤကျမ်းပိုဒ်အရ ဒံယေလသည် ပါရှန်တို့လက်အောက်တွင် အမှုထမ်းဆောင်သည့်အကြောင်း သိရှိရသည့်တခုတည်းသော ကျမ်းချက်ဖြစ်သည်။ မြို့ဝန်တစ်ရာနှစ်ဆယ်တို့ကို အုပ်ချုပ်ရသော ဝန်ကြီးတစ်ပါးဖြစ်သည်။ ပညာဉာဏ်ပြည့်စုံသူဖြစ်သောကြောင့် နိုင်ငံတော် တဝှမ်းလုံးကိုလည်း အပ်နှင်းခံရမည့် လျာထားခြင်းခံရသူဖြစ်သည်။ ၆:၄-၈ ဒံယေလသည် ဉာဏ်ပညာထက်မြက်၍ အကျင့်စာရိတ္တမြဲမြံသောကြောင့်လုပ်ဖော်ကိုင်ဘက်ဝန်များ မနာလိုကြ။ သို့ကြောင့် အပြစ်လိုက်ရှာကြသည်။ အပြစ်ရှာမတွေ့ကြသောကြောင့် ဒံယေလဘေးဒုက္ခရောက်စေရန် ရည်ရွယ်ချက်ဖြင့် မူးမတ်များသည် ဘုရင်ကြီးအား...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ဒံယေလအနာဂတ္တိကျမ်း