Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ဟဗက္ကုတ်အနာဂတ္တိကျမ်း ၃

    ၅။ ဟဗက္ကုတ်၏ဆုတောင်းခြင်းနှင့် ယုံကြည်ခြင်း (အခန်း၃)၈ (က) သူ့လူများအတွက် ဘုရားသခင်ထံလျှေညက်လဲခြင်း(၃:၁– ၂) ဘုရားသခင်က သူ့လူများ၏ ရန်သူများအပေါ် အတိတ်ကဆက်ဆံခဲ့ပုံတို့ကို သိမြင်ခဲ့ပြီဖြစ်သည်။ ယခုလည်း ကိုယ်တော့်လူမျိုးတော်အား ကယ်တင်ရန် ရန်သူများကိုဆုံးမအပြစ်ပေးခြင်းဖြင့် အမှုတော်ပြန်လည်နှိုးထလာစေဖို့ ဘုရားသခင်ထံတော်သို့ ဟဗက္ကုတ်ဆုတောင်းလျောက်လဲသည်။ (ခ) ဣသရေလများ အဲဂုတ္တုမှ ခါနန်ပြည်သို့ ပို့ဆောင်ပေးတော်မူခြင်းအား စားမြုံ့ပြန်ခြင်း(၃:၃–၁၅)           ၃:၃–၇ ဟဗက္ကုတ်၏ ကျမ်းပိုဒ်ငယ်များသည်...

  • ဇေဖနိအနာဂတ္တိကျမ်း နိဒါန်း

              “ပရောဖက်များဟောပြောသော ဗျာဒိတ်တော်၏လျို့ဝှက်ချက်များကို တိုတိုနှင့်လိုရင်းသိသော သူများ အား ဤဇေဖနိအနာဂတ္တိကျမ်းကို ဖတ်ပါစေ”။ Martin Bucer (1528) ၁။ စံတော်မီဝိသေသလက္ခဏာ           လူများစုသည် ကြီးကျယ်ခမ်းနားချင်သကဲ့သို့ မြင့်မြတ်လိုကြသည်။ ထိုအထဲတွင် မင်းကောင်းမင်းမြတ် ဟေဇကိ၁ ဘုရင်၏ မြစ်တော်ဖြစ်သူ ယောရှိမင်းလည်း ပါဝင်သည်။ ယောရှိမင်းနှင့်သွေးသားတော်စပ်သော ဇေဖနိ သည်လည်း ထိုကဲ့သို့သောလူစားမျိုးဖြစ်သည်။ ယုဒမင်းကောင်းမင်းမြတ်နှစ်ပါးအကြားတွင် မင်းဆိုးမင်းမြတ်...

  • ဇေဖနိအနာဂတ္တိကျမ်း ၁

    ၁။ အပြစ်စီရင်ရန် ဘုရားသခင်၏သဘောထား ဆုံးဖြတ်ချက် (အခန်း ၁) (က) ကမ္ဘာမြေတဝှမ်းလုံးတွင် (၁:၁–၃) ပရောဖက်များကို အဘအမည်နှင့် ရံဖန်ရံခါ အဖိုးအမည်အထိ ဖော်ပြလေ့ရှိသည်မှာ ယုဒလူတို့သည် မျိုးရိုးစဉ်လာကိုအလေးထားကြသောကြောင့် ဖြစ်သည်။ ယနေ့ခေတ်ကာလတွင် မိကောင်းဖခင်သားသမီးဟု ပြောကြသလိုဖြစ်သည်။ ဤကျမ်းပိုဒ်တွင် ဇေဖနိကို ကုရှိ၏သား ဖြစ်ကြောင်းမျှသာမက ရှေးဘိုးဘေးစဉ်ဆက် (၄)ဆက်ထိ ဖော်ပြရာ ယုဒမင်းမြတ် ဟေဇကိအားဖြင့် အမျိုးမှန်ကြောင်း...