Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ဇာခရိအနာဂတ္တိကျမ်း ၇

    ၄။ ဗေသလယုဒများ အစာရှောင်ခြင်းမေးခွန်း (အခန်း ၇–၈) (က) အစာရှောင်ခြင်းအကြောင်းမေးခွန်း (၇:၁–၃)           အခန်း ၇နှင့်၈သည် အခန်းနှစ်ခုအဖြစ်ခွဲခြားသော်လည်း အခန်းနှစ်ခုစလုံးသည် အစာရှောင်ခြင်း အကြောင်းဖြစ်သည်။ ဗေသလမှကိုယ်စားလှယ်များ (NKJV Marg)၈သည် ယေရုရှလင်မြို့ပျက်သုဉ်းခြင်း နှစ်ပတ်လည်အခါသမယရောက်လေတိုင်း ခြိုးခြံကျင့်ကြံလေ့ရှိသော အစာရှောင်ခြင်းကို ဆက်လက်ဆောင်တည် ရန် လိုမလို လာရောက်မေးမြန်းကြသည်။ သူတို့သည် နှစ်ပေါင်း(၇၀)လုံးလုံး ထိုသို့အစာရှောင်လာခဲ့ကြပြီး ဖြစ်သည်။...

  • ဇာခရိအနာဂတ္တိကျမ်း ၈

    (ဃ) တတိယနှုတ်ကပတ်တော် (၈:၁–၁၇) အဓိပ္ပါယ် – ဘုရားသခင်သည် ယုဒလူမျိုးတို့အပေါ် ကောင်းကြီးမင်္ဂလာ သွန်းလောင်းတော့မည်။ ၈၁:၅ တတိယနှုတ်ကပတ်တော်မှာ ယုဒလူမျိုးအား ကောင်းကြီးမင်္ဂလာ သွန်းလောင်းတော့မည့် အကြောင်း ဗေသလကိုယ်စားလှယ်များသို့ ကတိတော်ပေးခြင်းဖြစ်သည်။ ယုဒရန်သူများအပေါ်သို့ အလွန်အမျက် ထွက်၍ (ငယ်၂)ယေရုရှလင်မြို့ကို ချစ်အားကြီးသောကြောင့် ပြန်လည်စုစည်းတည်ထောင်လျက် သမ္မာမြို့ဟု ခေါ်ထွင်စေမည်။ မြို့လမ်းမကြီးနှင့် လမ်းသွယ်တို့ပေါ်တွင် ကလေးသူငယ်၊ ယေက်ျား၊ မိန်းမများ...

  • ဇာခရိအနာဂတ္တိကျမ်း ၉

    ၅။ ပထမဗျာဒိတ်တော်၊ မေရှိယသခင် ပထမအကြိမ်ကြွလာခြင်း (အခန်း ၉–၁၀)           ဤကျမ်းတွင် ဗျာဒိတ်နှစ်ခုပေးထားသည်။ မေရှိယပထမအကြိမ်ကြွလာမည့်ဗျာဒိတ်ကို အခန်း ၉-၁၁တွင် ဖော်ပြ၍၊ ဒုတိယအကြိမ် ဘုန်းတန်ခိုးဖြင့် ပေါ်ထွန်းလာမည့်အကြောင်းကို အခန်း ၁၂-၁၄တွင် ဖော်ပြထားသည်။ (က) တပါးအမျိုးသားများ တရားစီရင်ခံရမည် (၉:၁–၈)           ၉:၁–၇ ဤအခန်း ၉တွင် ပထမဦးဆုံးအပြစ်စီရင်ခြင်းခံရမည့်သူများမှာ ဟာဒရက်၊ ဒမာသတ်နှင့်...