Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ဇာခရိအနာဂတ္တိကျမ်း ၁၃

    (စ) အပြစ်ဒုစရိုက်အညစ်အကြေးများမှ ဆေးကြောစင်ကြယ်ခြင်းခံရမည် (၁၃:၁)           ဤကျမ်းပိုဒ်သည် လာမည့်အခန်းနှင့် ဆက်စပ်နေသည်။ ယုဒလူများနှင့် ဣသရေလလူတို့သည် မေရှိယ သခင်အား ငြင်းပယ်ခဲ့ခြင်းကို နောင်တရကြသဖြင့် အပြစ်ဖြေရာ အမျိုးသားပွဲတော် ကျင်းပြကြလိမ့်မည်။ အပြစ် အညစ်အကြေးကို ဆေးကြောဖို့ရန် ကရာနီကုန်းတွင် စမ်းရေတွင်းပွင်းလိမ့်မည်။ သို့သော် ဣသရေလလူမျိုးသည် မေရှိယသခင် ဒုတိယအကြိမ် မကြွလာမချင်း ကောင်းစားကြမည်မဟုတ်။ (ဆ) ရုပ်တုများနှင့်...

  • ဇာခရိအနာဂတ္တိကျမ်း ၁၄

    (ည) တပါးအမျိုးသားများစုဖွဲ့၍ ယေရုရှလင်ကို ဆန့်ကျင်ကြမည်။ (၁၄:၁–၂)           ဤကျမ်းပိုဒ်တွင် ဘုရားသခင်၏နေ့ရက်ဆိုသည်မှာ တိုင်းနိုင်ငံများက ယေရုရှလင်မြို့အား နောက်ဆုံး ဝိုင်းဝန်းတိုက်ခိုက်စီးနင်းမည့်နေ့ဖြစ်သည်။ အလုံးအရင်းဖြင့် မြို့တော်အတွင်းသို့ ဝင်ရောက်၍ ဖျက်ဆီးလုယက် ကြမည်။ မြို့သားတဝက်ကို သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား၍ မြို့သားတဝက်သာ ကြွင်းကျန်ရစ်မည်။ (ဋ) ဘုရားရှင်ကိုယ်တိုင် ကြားဝင်လုပ်ဆောင်ခြင်း (၁၄:၃–၅)           ထိုအခါဘုရားသခင်ကိုယ်တော်တိုင် ဇိအုန်တောင်ပေါ်တွင် ပေါ်ထွန်းစေတော်မူမည်။...

  • မာလခိအနာဂတ္တိကျမ်း နိဒါန်း

    “မာလခိကျမ်းသည် ရှည်လျားထွေပြားသော တနေ့တာ၏အဆုံးသတ် နေဝင်ရီဆည်းဆာချိန်နှင့် တူသကဲ့ သို့ မင်္ဂလာညောင်းသည့် နေ့သစ်တစ်နေ့ကို မီးရှူးသန့်စင်မွေးဖွားတော့မည့် မိုးသောက်အရုဏ်ဦးနှင့်လည်း ဆင်သည်” Nagelsbach ၁။ စံတော်မီ ဝိသေသလက္ခဏာ           မာလခိသည် Malá’k- îyyoah၏ အတိုကောက်စကားလုံးဖြစ်၍ သတင်းစကားသယ်ဆောင်သူ၊ သံတော် ဆင့်ဟု အနက်ရသည်။ ဓမ္မဟောင်းကျမ်း၏နောက်ဆုံးပိတ်ပရောဖက်ပြုချက်ဖြစ်၍ ဓမ္မသစ်နှင့် ဓမ္မဟောင်းကျမ်း နှစ်စောင်၏ ပေါင်းကူးတံတားလည်း ဖြစ်သည်။...