Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • မာလခိအနာဂတ္တိကျမ်း ၁

    ၁။ ဣသရေလလူမျိုးအား အပြစ်ဆိုခြင်း၊ ဣသရေလတို့၏တုန့်ပြန်ခြင်းနှင့် တရားစီရင်မည့်အကြောင်း (၁:၁–၃:၁၅) (က) ကျေးဇူးကန်းကြခြင်း (၁:၁–၅)           ၁:၁–၅ ဤအခန်းကြီးတွင် ဘုရားသခင်က ရွေးကောက်ထားသော လူမျိုးတော်အား အပြစ်တင်ပြီး၊ လူမျိုး တော်က ငြင်းဆိုခြင်းကို တွေ့ရသည်။ ပထမဦးစွာ ဘုရားရှင်က ဣသရေလတို့အား ချစ်မြတ်နိုးသည်ဟု ဆိုသည်။ အကျွန်ုပ်တို့ကို အဘယ်သို့ချစ်သနည်းဟု ပြန်ထောက်ကြသည်။ ထို့ကြောင့် ကိုယ်တော်ဘုရားမေတ္တာကြီးမားပုံကို...

  • မာလခိအနာဂတ္တိကျမ်း ၂

    (ဂ) ယဇ်ပုရောဟိတ်များအား ပြစ်တင်ရှုတ်ချခြင်း (၂:၁–၉)           ၂:၁–၉ နောင်တရ၍ မိမိတို့လမ်းစဉ်အား ပြုပြင်ပြောင်းလဲခြင်းမရှိလျှင် ကြောက်လန့်ဖွယ်ရာ တရားစီရင်ခြင်းခံရမည့်အကြောင်း ယဇ်ပုရောဟိတ်များအား ကြပ်ကြပ်သတိပေးသည်။ ဘုရားသခင်နှင့် လေဝိပြု ခဲ့သောပဋိညာဉ်ကို ရှေးယဇ်ပုရောဟိတ်များ ယုံကြည်သစ္စာရှိစွာစောင့်ထိန်းခဲ့သည်။ သို့သော် ယခုမူ ယဇ်ပုရော ဟိတ်များသည် အဆုံးတိုင်သီလပျက်ကြပြီ။ တရားတော်ကို မလိုက်၊ လူ့မျက်နှာကို ထောက်ကြသဖြင့် လူခပ်သိမ်း တို့၏မထီမဲ့မြင်ပြုမှု၊ ရှုတ်ချမှုကိုခံစေခြင်းဖြစ်သည်။...

  • မာလခိအနာဂတ္တိကျမ်း ၃

    (စ) စကားညှပ်–တရားစီရင်ရန် မေရှိယကြွလာမည့်အကြောင်း (၃:၁–၆)           ၃:၁ အထက်ကျမ်းပိုဒ်မှ ပမာမခန့်ပြု စိန်ခေါ်စကားကို ဤကျမ်းပိုဒ်၌ ဘုရားက ငါ၏စေတမန်ကို စေလွှတ်မည်ဟု ပြန်လည်ဖြေကြားကတိပေးထားသည်။ ထိုစကားအားဖြင့် ဗတ္တိဇံယောဟန်က ပေါ်ထွန်းလာသည့် အခါဗျာဒိတ်တော် တစိတ်တပိုင်းပြည့်စုံလိမ့်မည်။ ထိုပရောဖက်ဧလိယ(၄:၅)သည် သူတို့တောင့်တမျှော်လင့် နေသော သခင်(ဝါ)ပဋိညာဉ်တမန် ကြွလာမည့်လမ်းကို ပြင်ဆင်ဖို့ အမှန်တကယ်ရောက်ရှိလာသည့်အခါ ဗျာဒိတ် တော်လည်း အပြည့်အဝ ပြည့်စုံလာပေသည်။...